images
UN
UN
မဲစလစ်ပြားနှင့်အတူ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားပါဝင်သူကိုသာ မဲစာရွက်ထုတ်ပေးစေလိုကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်
မေနဒီမြနွယ် Friday, 29 March 2019
ရန်ကုန်တိုင်းဒေသကြီးမြို့နယ် စည်ပင်သာယာရွေးကောက်ပွဲတွင် ပြည်သူများမှမဲစာရွက်များထုတ် ယူရာ၌ မဲစလစ်ပြားနှင့်အတူ နိုင်ငံ သားမှတ်ပုံတင်ကတ်ပြားသို့မဟုတ် ကျောင်းသားကတ်၊ ယာဉ်မောင်း လိုင်စင်စသည်ဖြင့် မှတ်ပုံတင် နံပါတ်ပါဝင်သည့်အထောက် အထားပြနိုင်သူကိုသာ မဲစာရွက် ထုတ်ပေးစေလိုကြောင်း ဒဂုံဆိပ် ကမ်းမြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စား ပြုရွေးချယ်ခံကိုယ်စားလှယ်လောင်း နှစ်ဦးက ယနေ့မွန်းလွဲ ၁နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ် ကမ်းမြို့နယ် (၉ဝ)ရပ်ကွက် ပုဏ္ဏမီ လမ်းမကြီးနှင့် ကွမ်အပ်သားမင်း သားလမ်းရှိ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံးတွင် သတင်းစာရှင်းလင်းပွဲတစ် ရပ်ကို ပြုလုပ်ခဲ့သည်။
သတင်းစာရှင်းလင်းရသည့် အကြောင်းနှင့်ပတ်သက်ပြီး စည် ပင်သာယာရေးကော်မတီအဖွဲ့(၁) တွင် ဝင်ရောက်အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းဖြစ်သူ ဒေါ် ခင်လေးမြင့်က ''မဲစလစ်ပြားတွေ ကို ကော်မရှင်ကရပ်ကွက်တိုင်းကို ပေးဖို့အတွက် ဥပဒေထုတ်ပြန်ထား ပါတယ်။ ဒါပေမဲ့ရပ်ကွက်တွေမှာ ရောက်တဲ့ရပ်ကွက်တွေက ရောက် တယ် မရောက်တဲ့ဆီကိုမရောက် ဘူး။ NLD ပါတီကိုမဲထည့်ချင်တဲ့ မဲဆန္ဒရှင်တွေလက်ထဲကိုကျတော့ ရောက်အောင်ပို့တယ်။ ကျွန်မတို့ ကိုမဲထည့်ချင်တဲ့မဲဆန္ဒရှင်တွေလက် ထဲကိုကျတော့မရောက်တာတွေ အများကြီးတွေ့ရတယ်။ မဲစလစ် ပြားတွေကိုလည်း NLD ပါတီဝင် တွေကလိုက်ဝေနေတာဖြစ်တယ်။ မဲဆန္ဒပြားဝေတာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂ဝ၁၅မဲရွေးချယ်ပွဲမှာ မဲ စလစ်ပြားတွေဖောင်းပွပြီး မဲပေးတဲ့ အခါမှာ မဲစာရင်းကွာဟမှုပြဿနာ တွေဖြစ်ပေါ်ခဲ့တယ်။ ဒါကြောင့်မို့ အခုအကြိမ်ကတော့ မဲရုံကိုသွားရင် မဲစလစ်ပြားနဲ့အတူ မှတ်ပုံတင် ကတ်ပြားဒါမှမဟုတ်ကျောင်းသား ကတ်၊ ယာဉ်မောင်းလိုင်စင်၊ မှတ် ပုံတင်နံပါတ် အထောက်အထား၊ ဒါမှမဟုတ် ရပ်ကွက်ထောက်ခံစာ စသဖြင့်ပေါ့လေ၊ သေချာတဲ့ အထောက်အထားနဲ့ မဲထုတ်မယ့် တိုကင်နံပါတ်ကိုထုတ်ရမယ်၊ ပြီးမှ မဲစာရွက်ကိုထုတ်ရမှာဖြစ်ပါတယ်။ စလစ်ပြားလေးတစ်ခုတည်းနဲ့တော့ မဲစာရွက်ကို ထုတ်မပေးစေချင်တဲ့ အတွက် အခုလိုမျိုးသတင်းစာရှင်း လင်းပွဲလုပ်ရတာဖြစ်ပါတယ်''ဟု ၄င်းကပြောသည်။