images
UN
UN
သန်လျင်နှင့် စမ်းချောင်းမြို့နယ်တို့၌ တစ်ချိန်တည်းတစ်ပြိုင်တည်းမီးလောင်မှုများဖြစ်ပွား
မောင်စိန်ဝင်း Friday, 29 March 2019
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ ဒါရ်ကာရပ်ကွက်နှင့် စမ်းချောင်းမြို့နယ် ကျွန်းတောကျောင်းလမ်းရှိ ဘုန်းကြီးကျောင်းဝင်းတို့ တွင် ယနေ့နံနက်ပိုင်းက တစ်ပြိုင်တည်း မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁၁ နာရီ မိနစ်၅ဝခန့်က သန်လျင်မြို့နယ် ဒါရ်ကာရပ်ကွက် အောက်ချိုင့်ကန်သာယာ ၂ လမ်းရှိ သွပ်မိုး၊ ပျဉ်ကာတစ်ထပ်အိမ်မှ စတင်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့်သွပ်မိုး၊ ပျဉ် ကာ၊ ပျဉ်ခင်းတစ်ထပ်အိမ်တစ်လုံး၊ ပျဉ်ခင်း၊ သွပ်မိုး၊ ထရံကာတစ်ထပ် အိမ်တစ်လုံး၊ အုတ်ညှပ်နှစ်ထပ်အိမ်နှစ်လုံးအပါအဝင် အတွင်းပစ္စည်းများ မီးလောင်ခံရကြောင်းသိရသည်။
အခင်းဖြစ်မီးလောင်ရာနေရာသို့ သန်လျင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးအပါအဝင် အခြားမြို့နယ်အသီးသီးမှ မီးငြှိမ်း သတ်ယာဉ်စုစုပေါင်း ၁၈ စီး၊ အထောက်အကူပြုယာဉ် စုစုပေါင်း ခုနစ်စီး၊ ကွပ်ကဲမှုယာဉ် စုစုပေါင်းခြောက်စီးတို့ဖြင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များမှထွက်ခွာ၍ မီးငြှိမ်းသတ် ခဲ့ကြရာ မွန်းတည့် ၁၂ နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုနှင့်စပ်လျဉ်း၍ မီးလောင်မှု အကြောင်းအရင်း၊ အရေးယူခံရသူနှင့် (ပ)နံပါတ်တို့အား စုံစမ်းဆဲဖြစ်ကြောင်းသိရပြီး အလားတူ တစ်ချိန်တည်းတစ်ပြိုင်တည်း ယနေ့နံနက် ၁၁ နာရီ မိနစ် ၅ဝက စမ်းချောင်းမြို့နယ် ကျွန်းတောကျောင်းလမ်းရှိ ဘုန်းကြီးကျောင်း ဝင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရပြီး မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း ၍ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။