images
UN
UN
အပြစ်မဲ့ရွာသားတစ်ဦးအား AA အကြမ်းဖက်သောင်းကျန်းသူများက လည်လှီးသတ်ဖြတ်
Friday, 29 March 2019
ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် ကျားနင်းကန်ကျေးရွာ၌ AA အကြမ်းဖက်သောင်းကျန်းသူ များက ရွာသားတစ်ဦးကို ယခုလ ၂၇ ရက် ညပိုင်းတွင် လည်လှီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ မြောက်ဦးမြို့ နယ် တောင်ဦးကျေးရွာနေ ဦး မောင်နီဦး (၃၃နှစ်) ဖြစ်ပြီး ယခုလ ၂၆ ရက်တွင် ၄င်းနေထိုင်သည့် ကျေးရွာအနီးတိုက်ပွဲများကြောင့် ကျောက်တော်မြို့နယ် ကျားနင်း ကန်ကျေးရွာနေ ယောက္ခမဖြစ်သူ ဦးမောင်သန်းကျော် (၆ဝ နှစ်) ၏ ခြံဝင်းအတွင်း သီးခြားအိမ်တစ် လုံးဖြင့် မိသားစုနှင့်အတူ ပြောင်း ရွှေ့နေထိုင်လျက်ရှိစဉ် ယခုလ ၂၇ ရက် ည ၁၁ နာရီတွင် ဓား ရှည်ကိုယ်စီကိုင်ဆောင်ထားသည့် ရခိုင်စကားပြော မျက်နှာဖုံးစွပ် AA အကြမ်းဖက်သောင်းကျန်းသူ ခုနစ်ဦးရောက်ရှိလာပြီး ဦးမောင် နီဦးကို အိမ်အပြင်သို့ခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။
ယမန်နေ့တွင် ၄င်း၏ဇနီး ဖြစ်သူ ဒေါ်သောင်းအေးတင်က လိုက်လံရှာဖွေခဲ့ရာ နံနက် ၈ နာရီ ခန့်တွင်ကျေးရွာအနီး လယ်ကွင်း၌ ဦးမောင်နီဦးမှာ လည်ပင်းလှီးဖြတ် ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေ ကြောင်းတွေ့ရှိခဲ့ရသည်။ အဆိုပါ သေဆုံးသူနေထိုင်ခဲ့သည့် မြောက် ဦးမြို့နယ်၊တောင်ဦးကျေးရွာသည် ယခုလ ၂၆ ရက်တွင် မြောက်ဦး-ကျောက်တော်လမ်းလုံခြုံရေးဆောင် ရွက်လျက်ရှိသည့် တပ်မတော် စစ်ကြောင်းအား AA အကြမ်းဖက် သောင်းကျန်းသူ ၁၅ဝ ခန့်ကနှစ် ကြိမ်ဝိုင်းပတ်တိုက်ခိုက်ခဲ့သည့် လင်ြးေ>ွမတောင်ဖြစ်စဉ်နေရာနှင့် မီတာ ၂ဝဝဝ ခန့်သာကွာဝေးလျက် ရှိသည့်ကျေးရွာဖြစ်ကြောင်း သိရှိ ရသည်။
ဗဗ အကြမ်းဖက်သောင်း ကျန်းသူများ၏ ယခုအကြမ်းဖက် လုပ်ရပ်သည် ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လဖြစ်စဉ်နောက်ပိုင်း AR- SA အစွန်းရောက်ဘင်္ဂါလီအကြမ်း ဖက်သမားများကဘူးသီးတောင်-မောင်တောနယ်မြေတွင် အပြစ်မဲ့ ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက်နှင့် ဟိန္ဒူ ဘာသာဝင်များကိုလည် လှီးသတ် ဖြတ်ခဲ့သည့်အကြမ်းဖက်လုပ်ရပ်များ နှင့်အလားသဏ္ဌာန်တူညီကြောင်း သိရသည်။