images
UN
UN
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဥပဒေပြင်ပမှပြင်ဆင်ရေးကြံစည်မှုသည် မင်းမဲ့စရိုက်ဖြစ်သည်
အမတ်ဒိန် Sunday, 31 March 2019
ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်၏ အခန်းကဏ္ဍသည် ခေတ်တစ်ခုမှတစ်ခု ပြောင်းတိုင်းအမြဲတစေအံ့သြဖွယ်၊ စိတ်ဝင် စားဖွယ်ဖြစ်စေခဲ့သည်။ ဥပဒေရေးရာသည် ပြည်သူများနှင့်ပြည်သူတို့၏ မျှော်လင့်ချက် အိပ်မက်များဖြစ်သည်။ ဖွဲစည်းပုံအခြေခံ ဥပဒေသည် ၄င်းတို့နိုင်ငံနှင့် လူမှုအသိုက် အဝန်းတွင် အကိုက်ညီဆုံးဖြစ်မည့်အခြေ ခံအဆောက်အအုံအကြောင်းဖြစ်သည်။ မည် သည့်အခြေခံဥပဒေမျိုးမဆို တကယ်တမ်း အာဏာသက်ဝင်လာသည်နှင့်တစ်ပြိုင်နက် ကွာဟချက် (Gap) များရှိလာတော့သည်။ ယင်းကွာဟချက်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ စတင်ရေးဆွဲချိန်နှင့် လက်တွေ့ အာဏာသက်ဝင်ပြီး ကျင့်သုံးချိန်ကြားပိုမို သိသာ၍ ထင်ရှားတတ်သည်ဟု ဥပဒေ လေ့လာသူများကဆိုသည်။ သည်သဘောရှိ သဖြင့် ပြဋ္ဌာန်းပြီးသော ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်ကိုစက္ကူစုတ်အဖြစ်သတ်မှတ် သင့်သည်မဟုတ်ပေ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဥပဒေနည်းလမ်းတကျသာပြင် ဆင်ရပါလိမ့်မည်။
နိုင်ငံတစ်ခု၏အချုပ်အခြာအာဏာကို ဥပဒေပြုရေး၊ တရားစီရင်ရေး၊ စီမံခန့်ခွဲရေး ဟုအာဏာသုံးရပ် ပေါင်းစုအဓိပ္ပာယ်ဖော်ကြ သော်လည်း ဒီမိုကရေစီနိုင်ငံတစ်ခု၏ အရေး အကြီးဆုံးအင်္ဂါရပ်မှာ လွှတ်တော်၏ဥပ ဒေပြုရေးအာဏာဖြစ်သည်။ လွှတ်တော်က ပြည်သူကို ကာကွယ်စောင့်ရှောက်သော ဥပဒေများကို ပြဋ္ဌာန်းရသည်။ အခြားသော မဏ္ဍိုင်နှစ်ရပ်မှာ ဥပဒေပြုလွှတ်တော်မှ ပြဋ္ဌာန်းသည့် ဥပဒေများနှင့်အညီ နိုင်ငံ တော်ကို စီမံရခြင်းဖြစ်သည်။ ဒီမိုကရေ စီစနစ်တွင်ဥပဒေကို ကျော်လွန်လုပ်ကိုင်၍ မရ။ 'ဥပဒေအထက်တွင်မည်သူမျှမရှိ' ဆိုသည်မှာလွတ်လပ်ခြင်းနှင့် တရားမျှတ ခြင်းကိုကိုယ်စားပြုသည့် ဝေါဟာရဖြစ် သည်။
ဥပဒေပြုရန်တာဝန်ယူရန် တာဝန်ရှိသူ များက ဥပဒေဖောက်ဖျက်လျှင် သာမန်ပြည်သူ များအတွင်းမည်သည့် ဥပဒေသည် အာဏာ တည်နိုင်ပါတော့မည်နည်း။ တရားဥပဒေ စိုးမိုးရေးကို မိမိမည်မျြှေ<ွကးကြော်စေကာမူ ဥပဒေပြဋ္ဌာန်းရန်တာဝန်ရှိသူများသည်ပင် တရားဥပဒေကို ဖောက်ဖျက်ရန် ကယ်ပေါက် ရှာနေမှုလောက် အရုပ်ဆိုးသည့်အဖြစ်သည် ဘယ်မှာရှိနိုင်ပါတော့မည်နည်း။လွတ်လပ် သော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်ဆို သော အခြေခံဥပဒေခုံရုံးအဖွဲ့က အခြေခံ ဥပဒေကို မျက်ကွယ်ပြုခြင်းလောက် အရုပ် ဆိုးသည့်မျှခြေသည် ဘယ်မှာရှိနိုင်တော့ မည်နည်း။
ပြည်သူအချို့၏ ထောက်ခံမှုဖြင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အာဏာရလာသည့် နောက်ပိုင်းနိုင်ငံရေး၊ စီးပွားရေး၊ ပြည်သူ့ရေး ရာစီမံခန့်ခွဲရေးများတွင် ပြည်သူတို့မျှော်လင့် သကဲ့သို့ဖြစ်မလာခြင်းအတွက် 'နှစ်ပေါင်း ၆ဝ ရှုပ်လာသည့်အရှုပ်ထုပ်ကို တစ်နှစ်နှင့် မဖြေရှင်းနိုင်'ဟု စကားအကာအကွယ်ယူခဲ့ ကြသည်။ ယခုအခါ အစိုးရသက်တမ်းသုံး နှစ်ပြည့်တော့မည်။ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ ဒီမိုကရေစီရေးအခြေအနေမှာပို၍ ပင် နိမ့်ပါးလာခဲ့သည်။ သည်အထဲ အကြမ်း ဖက်မှုများ၊ ပြည်ပဖိအားများက စိန်ခေါ်မှု အသစ်များအဖြစ် အစိုးရကို ခေါင်းမီး တောက်စေသည်။ အစိုးရကမိမိတို့အစိုးရ အင်အားနှင့် ထိုပြဿနာများကို ဖြေရှင်းခြင်း မပြုနိုင်ခဲ့။ ထိုပြဿနာများကို ဖြေရှင်းရန် အနောက်ဘက်မှဦးနှောက်များကို ဖိတ်ခေါ် ခဲ့သည်။ ဖြစ်လာသည်မှာ အစိုးရနှင့်တပ်မ တော်ကို သပ်လျှိုသည့်အိုင်ဒီယာများရ လိုက်ခြင်းဖြစ်သည်။ ''ဒေါ်အောင်ဆန်းစု ကြည်အစိုးရမှာ စစ်တပ်နှင့်အာဏာခွဲဝေ သုံးစွဲနေရ၍ ရိုဟင်ဂျာအရေးမှာ ကိုင်တွယ်ရ ခက်နေကြောင်း၊ ထို့ကြောင့် မြန်မာ့တပ်မ တော်ခေါင်းဆောင်များကို အရေးယူရန်လို အပ်နေကြောင်း ကမ္ဘာသိအောင်ပြရတော့ မည်''ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က အဖြေတစ်ခုထုတ်ပြ သည်။
ထိုစကားအတွက် မြန်မာအစိုးရက ကန့်ကွက်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ အံ့သြဖွယ်ကောင်းသည်မှာ ''၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို အဆောတလျင်ပြင် နိုင်ရန်လိုအပ်ကြောင်း''နှင့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်ရေးဆန္ဒပြပွဲများ လူထုအတွင်းဖန်တီးလာခြင်းဖြင့် အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး၏အဆိုကိုထောက် ခံပြလိုက်သည်။ ထိုနည်းလမ်းသည် တိုင်း ပြည်၏ အထွေထွေယိုယွင်းမှုများအတွက် အစိုးရ၌အကာအကွယ်ကောင်းဖြစ်သည်။ ''၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်ပင် ဖြစ်စဉ်အားလုံး၏တရားခံ'' နေရာရောက် အောင်ချပြကြသည်။ တကယ်တော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ အပ် ကြောင်းထပ်နေသည့် ဓာတ်ပြားကွဲကြီးတစ် ချပ်ပင်ဖြစ်သည်။မြန်မာနိုင်ငံလွတ်လပ်ရေးရသည်မှာ ၁၉၄၈ ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့ဖြစ် သည်။ မြန်မာနိုင်ငံ၏ပထမဦးဆုံး ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို တိုင်းပြုပြည်ပြု လွှတ်တော်က ၁၉၄၇ ခုနှစ်စက်တင်ဘာလ ၂၄ ရက်နေ့တွင် လက်ခံအတည်ပြုခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွတ်လပ်ရေးမရ မီ အဘယ်ကြောင့်အဆောတလျင်ရေးဆွဲခဲ့ ကြပါသနည်း။ လွတ်လပ်ရေးမရရှိမီပင် ဖွဲ့ စည်းပုံအခြေခံဥပဒေရှိရသည်မှာ မည်သည့် အတွက်ပါနည်း။
ထိုအချိန်တွင် မြန်မာနိုင်ငံမှာ အင်္ဂလိပ် တို့လက်အောက်တွင်ပင် ရှိသေးသည်။ ဗြိတိသျှအစိုးရထံမှ အာဏာလွှဲပြောင်းယူ ရေးမှာအဓိကဖြစ်နေသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမရှိလျှင် အာဏာလွှဲပြောင်းပေးမည့် အစီအစဉ်မှာနှောင့်နှေးနိုင်သည်။ သို့အတွက် တိုင်းရင်းသားအချင်းချင်း ယုံကြည်ရိုင်းပင်း ကြကာ လက်တွေ့အတွေ့အကြုံအရ လိုအပ် သလို အသေးစိတ်မွမ်းမံကြမည်ဟု ပြည် ထောင်စုမြန်မာနိုင်ငံကို ပန္နက်ရိုက်၊ ပုံကြမ်း ဖော်ခဲ့ကြသည်ဟုဆိုသည်။ ဥပဒေတည် ဆောက်ပုံနမူနာအဖြစ် နီးရာ၊ ယဉ်ပါးခဲ့ရာ ဗြိတိသျှပါလီမန်ပုံစံကိုယူသည်။ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအုပ်ချုပ်ရေးဥပဒေကို မှီးသည်ဟုဆိုသည်။ သို့တိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်စပ်လျဉ်း၍ ဗိုလ်ချုပ်က ''အခြေခံဥပဒေကြမ်းရေးဆွဲရာတွင် မြန်မာ နိုင်ငံတွင်ဖြစ်နေသောပကတိအခြေအနေများ ကိုထည့်သွင်း စဉ်းစားရန်လိုသည်။ အခြား နိုင်ငံများအခြေအနေကို မျက်စိမှိတ်ပြီး လိုက်လုပ်လို့မဖြစ်ဘူး''ဟု မူချပေးခဲ့သည်။
ဤသို့အဆောတလျင် ရေးဆွဲခဲ့သော ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေသည်ပင် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ်ရပ် တည်လာနိုင်သည်။ ထိုစဉ်က အာဏာစွဲ ကိုင်သူတို့သည်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ တန်ဖိုးနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေမှ ၄င်းတို့ ယူခွင့်ရသောအခွင့်အရေးကို အလေးအနက် ပြုခဲ့ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ကျေးဇူးဆပ် ခဲ့ကြသည်။ဖွဲ့စည်းပုံအခြေခံဥပဒေကို ဥပဒေ ပြဋ္ဌာန်းချက်နှင့်ကင်းလွတ်လျက် ပြုပြင်ခြင်း မရှိခဲ့ပါ။
၁၉၈၈ ခုနှစ်အရေးအခင်းကာလတွင် ဒေါက်တာမောင်မောင်သမ္မတ တာဝန်ထမ်း ဆောင်စဉ်ပြောခဲ့သော ဥပဒေနှင့်ပတ်သက် သည့်စကားတစ်ခွန်းမှာ အာဏာစွဲကိုင်နေ သည့်မျိုးဆက်အားလုံးပင် နှလုံးသွင်းသင့် ပါသည်။ ဒေါက်တာမောင်မောင်၏ ' စည်း ကမ်းကို လွယ်လွယ်ချိုးဖောက်တဲ့သာဓက အကျင့်မျိုးကိုတော့ အနာဂတ်လူငယ်များ အား ကျွန်တော်တို့အမွေမပေးနိုင်ခဲ့ပါ' ဟူ သည့်စကားဖြစ်သည်။
၁၉၈၈ခုနှစ်အတွင်းမှဖြစ်စဉ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေလမ်းကြောင်းမှ သွေ ဖည်၍ အာဏာရယူလိုကြောင်း တွေ့ခဲ့ရ သည်။ ၁၉၈၈ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်အာဏာကိုယူခဲ့ခြင်းကို ဥပဒေ ကြောင်းအရစဉ်းစားလျှင် ထိုစဉ်ကနိုင်ငံ ရေးတောကြောင်များ၊ ကျောင်းသားအတု အယောင်များ၊ မြေပေါ်မြေအောက် အဖျက် သမားများက သူတို့ရှေ့မှ ကာဆီးနေသမျှ အရာရာအားလုံးအား အလုံးစုံဆွဲချဖြိုဖျက်ပြီး ပြည်ပမီဒီယာများ၏ လှုံ့ဆော်ဝါဒဖြန့်မှု များကြား ရိုးသားသောပြည်သူလူထုကို လူ သားလှိုင်းလုံးကြီးများသဖွယ် အသုံးချရင်း နိုင်ငံတော်အာဏာကို အတင်းအဓမ္မသိမ်း ပိုက်မည့် ဥပဒေမဲ့လုပ်ရပ်ကို တားဆီးနိုင်ခဲ့ ခြင်းဖြစ်သည်။ ယခုသော် ဖွဲ့စည်းပုံအခြေခံ ဥပဒေလမ်းကြောင်းပေါ်မှ ငြိမ်းချမ်းသောပြု ပြင်ပြောင်းလဲမှုကိုလုပ်ဆောင်နိုင်ခဲ့ပြီ။ လုံ လောက်သော အချိန်ကာလတစ်ခုတွင် ပြည် သူအများစုဆန္ဒမဲပေးသည့်အစိုးရမျိုးကို တင် မြှောက်နိုင်ခဲ့ပြီ။ သို့မဟုတ်လျှင် နိုင်ငံတော် အာဏာကို နိုင်ငံရေးအောက်လမ်းနည်းများ ဖြင့် သိမ်းပိုက်နိုင်သည့်အစဉ်အလာကြီး မြန်မာနိုင်ငံ၌ တည်ရှိနေခဲ့မည်ဖြစ်သည်။
ယခုအခါနိုင်ငံတော်တွင် ဖြေရှင်းစရာ ပြဿနာများ ပို၍ပို၍ စုပြုံရောက်ရှိလာနေ သည်ဟုမြင်သည်။ ကျဆင်းနေသောစီးပွား ရေး၊ ပြည်ပစွက်ဖက်မှုများ၊ တိုင်းရင်းသား တို့၏ပဋိပက္ခသဘောထားများ၊ ပြည်သူတို့ ၏မျှော်လင့်ချက်၊ ရခိုင်ဒေသအကြမ်းဖက် မှုဖြစ်စဉ်၊ ဒီမိုကရေစီရေးဆိုင်ရာအားနည်း ချက်များ စသည်တိြု့ဖစ်သည်။ ထိုသို့ ပြဿနာများစုပြုံလာလေ အပြောင်းအလဲဖြစ် စဉ်များ ပို၍သိမ်မွေ့ခက်ခဲရှုပ်ထွေးလာလေ ဖြစ်သည်။ ပြဿနာများကိုဖြေရှင်းရာတွင် ဗဟိုအူတိုင်နေရာကရှိနေသည်မှာ ဥပဒေသာ ဖြစ်သည်။ ဥပဒေဖြင့်စွဲကိုင်မဖြေရှင်းလျှင် ဒီမိုကရေစီအနှစ်သာရဖြစ်သည့် တရားမျှတ မှုကို ထိန်းကျောင်းနိုင်မည်မဟုတ်ပေ။


တစ်ချိန်က NLD ၏ ဥပဒေအကြံပေး ဖြစ်ခဲ့သူက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကို တစိုက်မတ်မတ် လုပ် ခဲ့သည်။၎င်းလုပ်ဆောင်ခဲ့သည်မှာ တိုင်းရင်း သားညီအစ်ကိုမောင်နှမများ အကျိုးစီးပွား အတွက်မဟုတ်ဘဲ တပ်မတော်ကို အမျိုး သားနိုင်ငံရေးအခန်းကဏ္ဍမှ ဖယ်ထုတ်ရေး သက်သက်ဖြစ်ခဲ့ကြောင်း သတိထားမိနိုင် ကြသည်။ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုရာ ဆွဲ အဓိပ္ပာယ်ဖွင့်ဆိုပြပြီး ဒီမိုကရေစီစံမပြည့် ဟု ဆိုလေသည်။ သာဓကအားဖြင့် သူက ကာလုံတွင်ဖွဲ့စည်းထားသော အချိုးအစား အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို သမ္မတထံမှ လုယူ နိုင်သည်ဟုအကြောင်းပြခဲ့ရာတွင် ကာလုံ ကို မည်သည့်အခြေအနေတွင် ခေါ်ဆိုရမည်၊ ကာလုံကိုမည်သူကသာ ခေါ်ပိုင်ခွင့်ရှိသည် ဆိုသည့် ပုဒ်မများကိုဖုံးကွယ်ပြောဆိုခဲ့ခြင်း မျိုးဖြစ်သည်။ ထို့ကြောင့် တချို့သောမျိုးချစ် များက လွတ်လပ်ရေးရသည်မှာနှစ်ပေါင်း ၇ဝကျော်ပြီ။ မြန်မာတိုင်းရင်းသားမဟုတ် သည့် အခြားနိုင်ငံသားတစ်ဦးက မြန်မာ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုရာဆွဲပြင်ခိုင်း နေခြင်းအပေါ် လူပြိန်းနိုင်ငံရေးသမားများ လိုက်ပါလုပ်ဆောင်လုပ်နေသည်မှာ သမိုင်း နာကြောင်း ဆိုခဲ့ကြလေသည်။
၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တည်ဆောက်ခဲ့သော မြန်မာ့ဒီမိုကရေစီနိုင်ငံ တည်ဆောက်မှုတွင် ဒီမိုကရေစီရွေးကောက် ပွဲများကျင်းပနိုင်ခဲ့ပြီး လွှတ်တော်သက်တမ်း နှစ်ကြိမ်ပင်ရောက်ရှိခဲ့ပြီ။ ပထမသက်တမ်း တွင်တစ်ပါတီ၊ ဒုတိယသက်တမ်းတွင်တစ် ပါတီ အစိုးရဖွဲ့ခွင့်ရခဲ့ပြီ။ ဤသည်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမှရယူခြင်းဖြစ်ကြောင်း အသိအမှတ်ပြုရန်လိုသည်။ အလားတူ ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပေးဆပ်ရမည့် လေး စားမှုနှင့် လိုက်နာမှုအပိုင်းတွင်မူ လွန်စွာ အားနည်းသည်ဟုမြင်သည်။ အကျိုးစီးပွား ကာကွယ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ် စိမ်းကို ကိုင်ကြသော်လည်း၊ လိုက်နာရန် အတွက်မူ စံမပြည့်ဟုဆိုနေကြခြင်းအတွက် အံ့သြဖွယ်ရာကောင်းလှသည်။ သည့်ထက် အံ့သြဖွယ်ကောင်းသည်မှာ''ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လွှတ်တော်ပြင်ပကလူထုအား ဖြင့်ပြင်မည်''ဟု နိုင်ငံရေးမီးမွှေးနေကြသူ များကိုဖြစ်သည်။ ထိုသူများသည်ရသည်ကို ယူ၍ ပေးရမည်ကို မပေးသည်သာမက ကျေးဇူးကန်းသောသူများဖြစ်သည်။ ငါတို့ ထိုင်နေသော ပလ္လင်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပေးထားသောပလ္လင်ပါလား ဟု သိကြရန်မူ ရူးဟန်ဆောင်နေကြသည်။ ဒီမို ကရေစီခရီးကိုသွားရန် လမ်းဖွင့်ပေးခဲ့သော ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျေးဇူးတင်ပါကြောင်း ပြောသည့်တစ်စုံ တစ်ယောက်သော နိုင်ငံရေးသမားကိုမျှ မတွေ့ဖူးသေးပါ။''၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ(၇) နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်''ဟူသည့် ပြဋ္ဌာန်းချက်ဖြင့် အာဏာရှင်စနစ်အားလုံးကို ရပ်တန့်ပစ်ခဲ့ ကြောင်းမည်သူသည်ငြင်းနိုင်ပါမည်နည်း။ဆိုရပါလျှင် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းကို လက်ညှိုးထိုးပြနေသော ဒီမိုကရေစီစံနှုန်းအဓိကဝါဒီတို့ ယခုကဲ့သို့ အသံကျယ်ကျယ်ထွက်နိုင်ရန်၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေက ကျေးဇူးပြုထားကြောင်း ကိုသတိရစေချင်သည်။ ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်မပြုခဲ့စဉ်က ဒီမို ကရေစီစံနှုန်းမှာ သုညသာဖြစ်ခဲ့ပြီး၊ ယခု အခါ ၇၅ ရာခိုင်နှုန်းဖြစ်လာခြင်းအတွက် မည်သူတို့အကျိုးရှိခဲ့ပါသနည်း။ စင်စစ် မိမိ တို့နိုင်ငံရေးသည်သာ ရွှေအစစ်ဟု ထင်သာ မြင်သာလိုခြင်းအတွက် မိမိတို့မဟုတ်သည် အခြားပါတီ၊အခြားပုဂ္ဂိုလ်တို့လုပ်ဆောင်သမျှ ဖျက်ဆီးရမည်ဆိုသည့် အတ္တနိုင်ငံရေးဝါဒ ကြောင့်သာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးသည် ရှေ့တန်းရောက်နေခြင်းဖြစ်သည်။ အကယ်၍ ယနေ့နိုင်ငံရေးသမားများ လက် ခြေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ ခြင်းသာဖြစ်ခဲ့လျင်ယခုအခါ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ဒီမိုကရေစီအုတ်မြစ်ကို ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း ရွှန်းရွှန်းဝေအောင် အမွှမ်းတင်ကြမည်ဖြစ်သည်။ ယခုအခါ အပစ်အခတ်ရပ်စဲရေးကို အလျင်လက်မှတ် မထိုးရန်၊ မြစ်ဆုံစီမံကိန်းလုံးဝရပ်ဆိုင်းရန် အဆင်ခြင်မဲ့သမိုင်းဝင်စကားလုံးတို့ကပြန်၍ ဝဋ်လည်စေခဲ့ပြီဖြစ်သည်။ ကိုယ်ဖော်သည့် ဆေး ကိုယ်မစားနိုင်ဖြစ်နေကြပြီ။
ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို ပြုပြင် ရန်မှာ အနာဂတ်ရေရှည်တည်တံ့သော ဒီမို ကရေစီရှင်သန်ရေးအတွက် လိုအပ်ချက်ဖြစ် ကြောင်းမှန်ပါသည်။ အမေရိကန်ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည်ပင်လျှင် ၁၈၇၉ခုနှစ်မှ ယနေ့ထိ ပြင်ဆင်မှုပေါင်း ၂၇ခုရှိပြီဟု ဆိုသည်။ ပထမဆုံးပြင်ဆင်ချက် ၁ဝခုမှာ Bill or Rights ခေါ် ပြည်နယ်များ၏ လုပ် ပိုင်ခွင့် ခွဲဝေပေးခြင်းများဖြစ်သည်။ မြန်မာ့ ဒီမိုကရက်တို့ကဲ့သို့ ၅၉(စ)ဖြင့် ဖွဲ့စည်းပုံပြင် ဆင်ရေးအစပြုခဲ့သည်မဟုတ်။ အမေရိကန် အိပ်မက်မက်နေသူ ဒီမိုကရက်များအနေဖြင့် အမေရိကန်၏ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရန်မည်မျှခက်ခဲသည်ကိုလည်း လေ့လာ သင့်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဥပဒေ ပြင်ပမှပြင်ဆင်ရေး ကြံစည်မှုသည် မင်းမဲ့ စရိုက်ကိုဖြစ်စေသည့် နိုင်ငံရေးအောက် လမ်းနည်းသာဖြစ်သည်။