images
UN
UN
လောကဓံနဲ့သမ္ပဇဉ်
ချစ်နိုင်(စိတ်ပညာ) Thursday, 04 April 2019
''သင်ရှင်သန်နေရတဲ့ ဘဝဟာ သင် တွေးထင် မျှော်လင့်ထားတာတွေထက် ပိုပြီး ကြီးကျယ်ခမ်းနားစွာ ရှိနေတတ် ပါတယ်''
ရော်ဘင်ရှားမာ
Robin Sharma
(Discover your Destinyစာအုပ်မှ)
ဘဝတစ်လျှောက်မှာ လောကဓံ တရားရှစ်ပါးကိုတော့ ဘယ်သူမဆို တွေ့ ကြုံဖြတ်သန်းရပေမှာပဲ။ သိတယ်မဟုတ် လား။ လောကသားတွေ အမြဲတစေ ထိ တွေ့ခံစားနေကျ တရားတွေပါလေ။ လောကဓံကတိုက်ခတ်ဖိစီးတာ ပြင်းထန် ရင် ဆင်ခြင်တုံကင်းမဲ့သူဟာ ရူးသွပ်တုန် လှုပ်တဲ့အထိ ယိမ်းယိုင်သွားစေနိုင်တဲ့ သဘောရှိတယ်။
(၁) လာဘ - လာဘ်ပေါများလို့ တက်ကြွတုန်လှုပ်ခြင်း၊
(၂) အလာဘ - လာဘ်နည်းလို့ ညှိုး ငယ် တုန်လှုပ်ခြင်း၊
(၃) ယသ - အခြံအရံများလို့ တက် ကြွတုန်လှုပ်ခြင်း၊
(၄) အယသ - အခြံအရံကင်းလို့ ညှိုး ငယ် တုန်လှုပ်ခြင်း၊
(၅) ပသံသာ - ချီးမွမ်းခံရလို့ ဝမ်း မြောက်တုန်လှုပ်ခြင်း၊
(၆) နိန္ဒ - အကဲ့ရဲ့ခံရလို့ ဝမ်း နည်းညှိုးငယ်တုန်လှုပ် ခြင်း၊
(၇) သုခ - ချမ်းသာလို့ ဝမ်းသာ တုန်လှုပ်ခြင်း၊
(၈) ဒုက္ခ - ဆင်းရဲကိုစွဲလို့ ညှိုး ငယ်ပူပန် စိုးရိမ်တုန် လှုပ်ခြင်း၊
လူဆိုတာ ကိုယ့်ဘဝ ကိုယ့်အခြေ အနေမှန်ကို အမှန်အကန်သိမြင်နားလည် နေအောင် အစဉ်သဖြင့် သတိနဲ့သုံးသပ် ဆင်ခြင် အပ်ပါတယ်။ မိမိမှာ ရှိနေတာ တွေ-

(၁) အားသာချက် (Strength)။
********************************
ကာယစွမ်းအား၊ ဥာဏ်စွမ်း၊ စာရိတ္တ အစွမ်း၊ ပညာရည်အစွမ်း၊ဗဟုသုတနှံ့စပ် မှု၊ အတတ်ပညာ ကျွမ်းကျင်မှု၊ ဘာသာ စကားတတ်မြောက်မှု၊ မိတ်ဆွေကောင်း များပြည့်စုံမှု၊ အားကိုးနိုင်တဲ့ဆရာသမား ကောင်းများ ရှိနေမှု၊ မိမိကို ယုံကြည် အားကိုးတဲ့တပည့်လက်သားများအင်အား ရှိမှု၊ ငွေကြေး၊ ဥစ္စာ၊မြေယာစတဲ့ အရင်း အနှီး စုဆောင်းထားမှု စတဲ့အားသာချက် များ စာရင်းပြုစုကြည့် သင့်တယ်။

(၂) အားနည်းချက် (Weakne-ss)။
************************************
ကိုယ့်မှာရှိတဲ့ ချို့ယွင်းချက်တွေ ရေတွက်ပြီး ချရေးကြည့်စေလိုတယ်။ စာဖတ်အား နည်းတာ၊ ဗဟုသုတ သူ များထက် နည်းတာ၊ လူထဲသူထဲ စင်ပေါ် တက် စကားပြောရမှာ ကြောက်တာ။ ကိုယ့်အပေါ် ကူညီချင်တဲ့လူ နည်းတာ၊ ကိုယ့်စိတ်ထဲ မကြိုက်ရင် လူပုံထဲဖြစ်ဖြစ် သူတစ်ပါးကို ဟောဟောဒိုင်းဒိုင်း ပြော ချမိတတ်တာ။ စိတ်တိုလွယ်တာ။ စိတ် ကောက်တတ်တာ။ အငြိုးအတေးကြီး တာ၊ ဦးတည်ချက် ခိုင်ခိုင်မာမာမရှိသေး တာ စသည်ဖြင့်။

(၃)အခွင့်အလမ်း(Opportunities)။
***********************************
မိမိအတွက် ရရှိနိုင်တဲ့ အခွင့်အလမ်း တွေဘာတွေရှိသလဲ။ ဥပမာတက္ကသိုလ် ဝင်တန်းစာမေးပွဲမှာ ဂုဏ်ထူးတွေနဲ့ အမှတ်များများရပြီး အောင်ထားတယ် ဆိုရင် ဘယ်ဘာသာယူမလဲ။ ဘယ် တက္ကသိုလ် တက်မလဲ။ ကိုယ့်အသက် အရွယ်၊ ကိုယ့်မိဘအိမ်ရဲ့ အခြေအနေ၊ ကိုယ့်ဝါသနာနဲ့ ဓလေ့စရိုက်။ ပညာရေး ဟာ ဘဝတစ်ခုလုံးအတွက် အသက်မွေး ဝမ်းကျောင်းနဲ့ ဆက်စပ်သွားပြီ။ ဘယ်လို အလုပ်ခွင်မျိုးတွေနဲ့ မိမိအခြေအနေ (အား သာချက်၊ အားနည်းချက်တွေနဲ့) ဆီလျော် မလဲ။ အနီးစပ်ဆုံး ချင့်ချိန်ရပါမယ်။
ဒီနေရာမှာပုံသေလမ်းကြောင်းတစ်ခု တည်းပဲ သေတစ်ပန်သက်ဆုံး သွားရ မယ်လို့တော့ မဆိုလိုဘူးနော်။ မစ္စစ္စပီ မြစ်ကြီးပေါ်က သင်္ဘောသားလုပ်သား လေးလုပ်ခဲ့တဲ့ လူငယ်တစ်ယောက်ဟာ နောင်သောအခါမှာ အမေရိကန်ပြည် ထောင်စုသာမက ကမ္ဘာတစ်လွှားအထိ ထင်ရှားတဲ့ မတ်တွိန်း(၁၈၃၅-၁၉၁ဝ) ဆိုတဲ့ စာရေးဆရာ ဖြစ်လာတယ်နော်။ ဆိပ်ကမ်းကုန်ထမ်းတဲ့အလုပ်ကြမ်းသမား အပါအဝင် လောင်းကစားရုံလုံခြုံရေး ဝန်ထမ်းစတဲ့ အလုပ်မျိုးစုံလုပ်ခဲ့ဖူးသူက လည်း ကမ္ဘာကျော် စာရေးဆရာ ဂျက် လန်ဒန်ဆိုတာဖြစ်လာသေးတယ်။ ငယ် စဉ်က ဖိနပ်ချုပ်သမား (အတန်းပညာ အခြေခံမျှသာသင်ခဲ့ဖူးတဲ့)လူငယ်တစ်ဦး ဟာ နောင်အခါ ကမ္ဘာကျော်အမေ (mother) ဝတ္ထုရှည်ကြီးကို ရေးခဲ့တဲ့ မက္ကဇင်ဂေါ်ကီဆိုတဲ့ ဂန္ထဝင်တွင်တဲ့ စာရေးဆရာဖြစ်လာခဲ့ပါရဲ့။
ဘဝတစ်လျှောက်လုံးမှာအခွင့်အလမ်း တွေဟာ တန်းစီစောင့်ကြိုနေကြတာပါ။ မိမိကသာ ကိုယ့်ဘက်က ထက်မြက်ထူး ချွန်အောင် ပြင်ဆင်ဖြည့်ဆည်းပြီး ခရီး ဆက်ရမှာ။ ကြိုးပမ်းရမှာ။
လူငယ်တစ်ယောက်ဟာဗိုလ်လောင်း သင်တန်း ရွေးချယ်ခွင့် ဝင်ဖြေတယ်။ တက္ကသိုလ်ပညာတစ်ပိုင်းတစ်စနဲ့ပါပဲ။ ရွေးချယ်ခံရပြီး ဗိုလ်သင်တန်းအပတ်စဉ် (၈)တက်ခွင့်ရတယ်။ ဗိုလ်လှမြင့်ဖြစ်လာ တယ်။ တပ်မတော်ပညာသင်အဖြစ် သြစတြေးလျ နိုင်ငံတပ်မတော်လေ့ကျင့် ရေးကျောင်းတစ်ခုကိုလည်း သွားတက်ခဲ့ သေးတယ်။ သူက တပ်မတော်အရာရှိ အဖြစ်မှထွက်လာပြီး ရုပ်ရှင်နယ်ထဲ မင်းသားဝင်လုပ်တယ်။ ဝင်းဦး(၁၉၃၅- ၁၉၈၈)ဆိုတာ ဖြစ်လာတာပေါ့။ ဗိုလ်လှ မြင့်က စာရေးဆရာညိုမင်းလွင်လည်း ဖြစ်သေးတယ်။ သူက စာရေးတယ်။ ဗကသ(၈)မှာ သူနဲ့ တစ်ပတ်စဉ်တည်း ဆင်းတဲ့ ဗိုလ်ချစ်ဆွေလည်း စာရေး တယ်။ နောင်စစ်သည်အမည်နဲ့။ နောင် အခါ ဒုတိယဗိုလ်ချုပ်ကြီး ချစ်ဆွေ၊ သစ်တောရေးရာဝန်ကြီးလည်း တာဝန် ထမ်းဆောင်ခဲ့ဖူးတယ်။ ဗိုလ်လှမြင့် ခေါ် ကိုဝင်းဦးကတော့ ရုပ်ရှင်မင်းသားသာ မက အဆိုတော်၊ ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ၊ စာရေးဆရာ၊ မဂ္ဂဇင်းထုတ် ဝေသူ၊ ဓာတ်ပြားကုမ္ပဏီ ပိုင်ရှင်၊ ရုပ်ရှင် ထုတ်လုပ်သူ စတဲ့အောင်မြင်တဲ့နယ်ပယ် များစွာ လှုပ်ရှားဖြတ်သန်းခဲ့ပါတယ်။ အသက် ၅ဝ ကျော်မှာ ကွယ်လွန်ခဲ့ရှာ ပေမယ့် သူ့ရဲ့အနုပညာစွမ်းဆောင်မှုတွေ ဟာ အလွန်တရာ အံ့သြလောက်အောင် ကြီးမားများပြားခဲ့ပါတယ်။ စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာ စွမ်းရည်ထူးခြားခဲ့ ပါတယ်။
ဟုတ်တယ်။ အခွင့်အလမ်းဆိုတာက မနေမနား ကြိုးပမ်းစိတ်ကူး၊ ကြံစည်၊ တီထွင်ဆန်းသစ်နေသူအတွက် လုပ်စရာ တွေ အများကြီးပဲ။
အလားတူ သာဓကပြနိုင်တာ တပ်မ တော်က ဆရာဝန် ဒေါက်တာမောင်သင် ဆိုတာရှိပါသေးတယ်။ ဗိုလ်ကြီးမောင် သင်က တပ်မှာဆရာဝန်ပါ။ သူ့ရဲ့ဆေး ပညာ အတွေ့အကြုံတွေကို စာရေးပါ တယ်။ မောင်သင်ဆိုတာ ဝတ္ထုတိုလေး တွေ အရေးကောင်းလို့ စာဖတ်သူတွေက သဘောကျနှစ်သက်ကြပါတယ်။ ဒါရိုက် တာ ဆရာသုခက သူရေးတဲ့ ဝတ္ထုလေး ကို ရုပ်ရှင်ရိုက်ချင်လို့ မင်းသားရှာရင်း ဆရာဝန်ရုပ်ဇာတ်ဆောင်အတွက်ဗိုလ်ကြီး မောင်သင်ကိုပဲသဘောကျတော့ တပ်က ထွက်ပြီး မင်းသားလုပ်ခိုင်းပါတယ်။ ဆရာဝန်ဗိုလ်ကြီးမောင်သင်ဟာ စာရေး ဆရာအဖြစ်အောင်မြင်ရုံမက ရုပ်ရှင်နယ် မှာလည်း အကယ်ဒမီရမင်းသား၊ ရုပ်ရှင် ဒါရိုက်တာ စသဖြင့် အနုပညာနယ်ပယ် မှာပါ ထူးချွန်အောင်မြင်ခဲ့သူတစ်ဦးပါပဲ။ မောင်သင် (၁၉၂၁-၁၉၉၃) အမျိုးသား စာပေဆုရ စာရေးဆရာ။
အခွင့်အလမ်းဆိုတာ မိမိရဲ့ဘေးနံ အနီးအဝေးမှာရှိနေတာနော်။ မြင်အောင် ကြည့်တတ်ဖို့လိုပါတယ်။ ပေါ်လာတဲ့ အခွင့်အရေးကိုလည်း ပိုင်ပိုင်နိုင်နိုင်ဆွတ် ယူနိုင်ရတယ်။ ကိုယ့်ဘက်က အသင့်ရှိ ပြီးသားဖြစ်နေဖို့ လိုတယ်။ အခွင့်အရေး တစ်ခုဟာဘဝမှာနှစ်ခါပြန်မလာတတ်ဘူး။
ဒါကြောင့် ကိုယ့်အားသာချက်တွေ ကို အမြဲဖြည့်ဆည်းလေ့ကျင့်အဆင်သင့် ဖြစ်အောင် စုဆောင်းနေရမယ်။ ကိုယ့်မှာ ရှိနေတဲ့အားနည်းချက်တွေကို လျော့သည် ထက် လျော့ပါးသည်ထက်ပါးအောင် ဖယ်ရှားရှင်းလင်းထားရမယ်။ အားနည်း ချက်၊ ချို့ယွင်းချက်ဆိုတာကတော့ လူ တိုင်းမှာရှိတတ်ကြတာပါ။ ကိုယ့်မှာရှိနေ တဲ့ အပျင်းထူတဲ့ အကျင့်၊ သက်သာခို ချင်တဲ့ အကျင့်၊ အလှအပကြိုက်လွန်းတဲ့ အကျင့်၊ အရွယ်နဲ့ မလိုက်အောင် (အမူ အရာပို)ပဲများတဲ့အကျင့်၊ ကြုံရင်ကြုံသလို စကားကို တောရောက်တောင်ရောက် ပြောချလိုက်မိတဲ့အကျင့် စသည်ဖြင့် မလိုအပ်တဲ့ အားပျော့ချက်တွေကို လျှော့ နိုင်လေလေ ကောင်းလေလေပေါ့။
(၄) အန္တရာယ် (Threats)။
****************************
မိမိကိုဘေးဒုက္ခကျရောက်စေနိုင်တဲ့အရာ တွေဟာလည်းအနီးရောအဝေးမှာပါ၊အတွင်း ရောအပြင်မှာပါ ရှိနေကြပါတယ်။ သိသိ သာသာပေါ်ပေါ်ထင်ထင် ခြိမ်းခြောက် နေတာလည်း ရှိတယ်။ မမြင်ကွယ်ရာမှာ လျှို့ဝှက်ပုန်းခိုစောင့်နေပြီး အလစ်အငိုက် ချုံခိုတိုက်ခိုက်တတ်တဲ့ အန္တရာယ်မျိုး လည်း ရှိတတ်ပါတယ်။ အခြေအနေ၊ လူပုဂ္ဂိုလ်၊ မိမိရဲ့အားနည်းချက် စတဲ့ အကြောင်းအမျိုးမျိုး ရှိတတ်တာပေါ့။
မှားယွင်းတဲ့အတွေးအခေါ်လွဲချော်တဲ့ ရွေးချယ်ဆုံးဖြတ်မှုနဲ့ ကိုယ်ကျင့်တရား ပျက်ပြားမှု၊ ဥပဒေကို ဖောက်ဖျက်ကျူး လွန်မှုစတဲ့အချက်တွေဟာ အချိန်ကာလ များနှစ်ရှည်လများ အကျိုးမဲ့ဆုံးရှုံးသွား အောင်အထိ မိမိဘဝကို ဖျက်ဆီးဖြိုလှဲ တတ်တယ်။ ဥပမာ-ထောင်ငါးနှစ်၊ ၁ဝ နှစ် ကျခံရခြင်းမျိုး စသည်ဖြင့်။ ဒါဟာ ဘယ်သူဘယ်ဝါက ဘယ်လို ဘယ်ညာ ကျောက်ခဲ သို့မဟုတ် ပစ်လိုက်တဲ့တုတ် ကိုလိုက်ပြီး ကိုက်နေတဲ့ ခွေးတစ်ကောင် လို အမုန်းဒေါသ အာဃာတနဲ့ မတုံ့ပြန်ရ ဘူး။ ဘယ်သူမပြု မိမိမှုဆိုတာကို နားလည် လက်ခံနိုင်ရမယ်။ Óဏ်နဲ့ ကြည့်မြင်ပါ။
ကိုယ့်ကံအကြောင်းတရားများကို နားလည်အောင်ရှုမြင်တတ်ရမယ်။ တစ် ကိုယ်ကောင်း မဆန်ရဘူး။ အုပ်စုစွဲ မလွန်ကဲရဘူး။ ကိုယ်ကျိုးကြည့်လွန်းရင် မိမိတို့အထိ နာမယ့်အရေးကို ကြိုတင် တွေးပြီးပူပန်စိုးရိမ်နေတတ်တယ်။ ထိတ် လန့်တုန်လှုပ်နေမိတတ်တယ်။
သူတစ်ပါးကို ထိခိုက်နစ်နာအောင် လုပ်ဆောင်တတ်သူတွေဟာ စိတ်တွေ အမှောင်ကျပြီး ထင်ရာစိုင်းနေတတ်ကြ ပါတယ်။
ဘဝကတော့သင့်ရဲ့ကြောင်းကျိုးဆက် စပ်နားလည်နိုင်စွမ်းတွေ၊ သင်ရဲ့ယုတ္တိ ဗေဒတွေးတောပုံတွေကို နားထောင်နေ မှာမဟုတ်ဘူး။ စောဒကတက်တာတွေ ကိုလည်း လက်ခံနေမှာမဟုတ်ဘူး။ လွဲ ရင်ကိုယ်ပဲခံ။
အဘိဓမ္မာသဘော၊ ပဋ္ဌာန်းတရား တော်သဘောနဲ့ပြောရရင် သူ့သဘောသူ ဆောင်ပြီး သူရဲ့ကိုယ်ပိုင်နည်းလမ်းကြီး နဲ့ သွားနေမှာပဲ။ ရရှိထားတဲ့ဘဝအပေါ် သင်ပြောချင်ဆိုချင်နေတဲ့ အကြောင်း အရာတွေကိုပြောဆိုဖို့ အားထုတ်နေမှာ ထက်စာရင် သင့်ဘဝကသင့်ကိုဘာပြော တယ်ဆိုတာကို သေသေချာချာအာရုံစိုက် ပြီး နားထောင်ဖို့က ပိုပြီး လိုအပ်တယ်။ ပိုပြီးအရေးကြီးတယ်။ ပိုပြီး အဓိက ကျတယ်။ ပိုပြီးအကျိုးရှိစေမှာဖြစ်တယ်။
မြတ်စွာဘုရားက အဘိဏှသုတ်မှာ ဟောကြားတော်မူဖူးတယ်။
ယံကမ္မံ ကရိဿာမိ
ကလျာဏံဝါ ပါပကံဝါ
တဿဒါယဒေါ ဘဝိသာမိတိ။
ကောင်းတဲ့ကံ အပြုအမူကိုဖြစ်စေ၊ မကောင်းတဲ့ကံ(အကုသိုလ်၊ ဒုစရိုက်)ကို ဖြစ်စေ ပြုလိုက်ရင် သူ့ရဲ့ ကမ္မနိယာမ သဘော သဘာဝအရ ကောင်းကျိုး၊ ဆိုး ကျိုးကို မုချတုံ့ပြန်ခံစားရရှိမှာပဲတဲ့။
ဖုဋ္ဌဿလောက ဓမ္မေဟိ
စိတ္တံယသာ နကမ္ပတိ။
လောကဓံတရားရှစ်ပါးနဲ့တွေ့ကြုံရတဲ့ အခါမှာအလွန်အမင်းဣနြေ္ဒပျက်လောက် အောင်တက်ကြွလွန်းခြင်း၊ အားငယ်လွန်း ခြင်း၊မာန်တက်ခြင်း၊ စိုးရိမ်ပူပန်ခြင်းတွေ မဖြစ်စေရအောင် စိတ်ကိုထိန်းပါ။ မိမိ စိတ်ကိုထိန်းသိမ်းပါ။သတိသမ္ပဇဉ်တရား ကို ထားပါ။
သမ္ပဇဉ်တရား လေးပါးရှိပါတယ်။
(၁) သတ္တက သမ္ပဇဉ် - အမှုကိစ္စတစ်စုံ တစ်ခု မပြုမီ အကျိုးရှိ၊ အကျိုးမဲ့ ဆင်ခြင်မှု။
(၂) သပ္ပါယ သမ္ပဇဉ် - ဘယ်အရာမျိုး မဆို၊ အကျိုးပင်ရှိသော်လည်း မိမိ နဲ့သင့်လျော် လျောက်ပတ်ခြင်းရှိ မရှိ ဆင်ခြင်မှု။
(၃) အသမ္မောဟ သမ္ပဇဉ် - မည်သည့် အရာမျိုးမဆို မှောက်မှားတွေဝေ တိမ်းပါးချွတ်ချော်ခြင်းမျိုးတွေမဖြစ် အောင် ဆင်ခြင်Óဏ်ကြီးကဲမှုမျိုး။
(၄) ဂေါစရ သမ္ပဇဉ် - သွားလာကျက် စားရာ၌ တိမ်းပါးချွတ်ချော်ခြင်း မရှိစေရန် ဆင်ခြင်မှု။
ဘဝခရီးမှာအောင်မြင်မှု၊ ရှုံးနိမ့်မှုဆို တာတွေဟာ တွေ့ကြုံကြရမယ်။ မိမိစိတ် ကို သတိသမ္ပဇဉ်နဲ့ ထိန်းကျောင်းနေရ မယ်။ အောင်မြင်လို့လည်း ထောင်လွှား တက်ြ<ွကမာန် မာနတက်မနေမိစေနဲ့။ ရှုံးနိမ့်နေတဲ့အခိုက်မှာလည်း အားငယ် ညှိုးနွမ်း စိတ်ဓာတ်ကျ အားကုန်ခန်းမနေ မိပါစေနဲ့။ သစ်ငုတ်မြင့်တုံ မြက်မြင့် တုံပဲ။ ဘယ်သူမဆို မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်ပဲ။ ကိုယ်ပြုတဲ့ ကောင်း တဲ့ စေတနာကံတွေ၊ ဆန္ဒ၊ ဝီရိယ၊ စိတ်ခွန်အား၊ ကျွမ်းကျင်တတ်မြောက်မှု၊ တတ်သိနားလည်မှုစွမ်းအားတွေရဲ့ကောင်း ကျိုးကတော့မုချမသွေရပေမှာပါ။ ပညာ တိုးပွားအောင်သာ အစဉ်ကြိုးစားနေ ရမှာ။