images
UN
UN
ကမ္ဘာ့ပထမဦးဆုံးအနေဖြင့် 5G ကွန်ရက်သုံးစွဲမှု တောင်ကိုရီးယားတွင်စတင်
KK(IR) Friday, 05 April 2019

တောင်ကိုရီးယားနိုင်ငံသည် တစ်နိုင်ငံလုံးတွင် ကမ္ဘာ့ပထမဦး ဆုံးအနေဖြင့် 5G မိုဘိုင်းလ်ကွန် ရက်ကို စတင်အသုံးပြုနေပြီဖြစ် ကြောင်းသိရသည်။ တောင်ကိုရီး ယားသည် အခြားနည်းပညာ နိုင်ငံ များဖြစ်သည့် အမေရိကန်နှင့် ဂျပန်ကိုကျော်တက်သွားခြင်းဖြစ် သည်။ တောင်ကိုရီးယား၏ ထိပ်တန်းတယ်လီကွန်းကုမ္ပဏီ သုံးခုဖြစ်သည့်ွှုSK Telecom ၊ KT နှင့်LG Uplus တို့က ၄င်းတို့၏ 5G မိုဘိုင်းလ်ကွန်ရက်ဝန်ဆောင် မှုကို ယခုလ ၃ ရက် ဒေသစံတော် ချိန် ည ၁၁ နာရီတွင် စတင်ပေး အပ်နိုင်ခဲ့ခြင်းဖြစ်သည်။
မူလတွင် 5G ကွန်ရက်စတင် သုံးစွဲနိုင်မည့်ရက်ကို ဧပြီ ၅ ရက် ဟုသတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယား၏အကြီးဆုံး တယ်လီကွန်းကုမ္ပဏီဖြစ်သည့်SK Telecom က 5G ကွန်ရက်ဝန် ဆောင်မှုကို ပြီးခဲ့သည့် မတ် ၂၉ ရက်ကတည်းက စတင်မိတ်ဆက် ခဲ့ခြင်းဖြစ်သည်။ 5G ကွန်ရက် အသုံးပြုနိုင်သည့်Samsung Galaxy S 10 ထွက်ရှိပြီး မကြာမီမှာ ပင် ၄င်းဝန်ဆောင်မှုကိုစတင်အသုံး ပြုလာနိုင်ခြင်းဖြစ်သည်။
SK က တောင်ကိုရီးယား၏ အချက်အချာအကျဆုံး မြို့၈၅ မြို့တွင် 5G တိုင်ပေါင်း ၃၄ဝဝဝ တည်ဆောက်ထားပြီး တက္ကသိုလ် နယ်မြေများ၊ ကားလမ်းများ၊ အားကစားကွင်းများတွင် အဓိက ရရှိအောင်ဆောင်ရွက်ထားပြီး ဈေးဝယ်စင်တာများ၊ လေဆိပ်များ တွင်လည်း အသုံးပြုနိုင်အောင် စီစဉ်ထားသည်ဟု သိရသည်။
Ref: VOA News