images
UN
UN
ပုဒ်ထီးပုဒ်မတွေ ဝန်းရံခလေ့ရှိသည့် မြန်မာ့သင်္ကြန်ပွဲတော်
မောင်ဥာဏ်စိန် Friday, 05 April 2019

သင်္ကြန်ပွဲတော်ဟူသည်မှာနှစ်ဟောင်း မှ နှစ်သစ်သို့ ကူးပြောင်းသည့် ပွဲတော် ဖြစ်ပေသည်။ နှစ်သစ်ကူးပွဲတော်ဟူ၍ လည်း မြန်မာပီပီသသ ခေါ်ဆိုနိုင်ပေ သည်။ ရေကစားကြသည့် ပွဲတော်လည်း ဖြစ်ပေသည်။
ဤပွဲတော်မျိုးသည် လူမျိုးတိုင်း၊ ဘာသာဝင်တိုင်းတွင်ရှိတတ်ကြပေသည်။ ခရစ်ယာန်ဘာသာဝင်များအဖို့ ခရစ္စမတ် ပွဲတော်သည် ¤င်းတို့၏ နှစ်သစ်ကူးပွဲ တော်ပင်ဖြစ်သည်။ ထိုနည်းတူပင် ဟိန္ဒူ ဘာသာဝင်များ၊ တရုတ်လူမျိုးများ၊ ထိုင်းလူမျိုးများ၊ ဗီယက်နမ်လူမျိုးများ၊ ကမ္ဘောဒီးယား လူမျိုးများတွင်လည်း ကိုယ်စီကိုယ်စီ နှစ်သစ်ကူးပွဲတော်များ ရှိကြသည်။ ကြီးကျယ်ခမ်းနားစွာ စည် ကားစွာကျင်းပလေ့ ရှိကြပေသည်။
မြန်မာ့သင်္ကြန်ပွဲတော်သည် ဘာသာ ရေးပွဲတော်လည်း ဖြစ်သည်။ အလှူဒါန ပြုကြလေ့ရှိပြီး ရပ်ရွာအတွင်း အိမ်တိုင်း စေ့ အလှူဒါနပြုကြသည်။ စတုဒိသာ ကျွေးမွေးကြသည်။ နိဗ္ဗာန်ဈေးပွဲတော်ကို ကျင်းပကြသည်။ သက်ကြီးရွယ်အိုများကို ပူဇော်ကန်တော့ကြသည်။ ပစ္စည်းပစ္စယ တို့ဖြင့် လှူဒါန်းကြ၊ ဂါရဝပြုကြသည်။ ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက် သည်းလှီးပေးခြင်းတို့ကိုပြုကြသည်။ ချစ် စရာကောင်းလှသော မြန်မာ့ရိုးရာဓလေ့ ထုံးစံများပင် ဖြစ်သည်။
သက်ကြီးရွယ်အိုများကလည်းဥပုသ် ရက်ရှည်စောင့်ကြသည်။ သင်္ကြန်အတွင်း ဥပုသ်ရက်ရှည်သာမက တရားစခန်းများ ဝင်တတ်ကြသည်။ ကျေးရွာများတွင် မိဘ၊ ဘိုးဘွားများက ဘုန်းကြီးကျောင်း များ၌ ဥပုသ်ရက်ရှည်စောင့်လျှင် သား သမီးများ၊ မြေးများက ဆွမ်းအုပ်၊ ဆွမ်း ချိုင့်ပို့လေ့ရှိကြသည်။ မြို့ပြဒေသတွင် ကား ဤဓလေ့နည်းပါးသည်။ သို့ရာတွင် သင်္ကြန်ရက်အတွင်း တရားစခန်းဝင်သူ များ၊ ရဟန်းသံဃာများကို နေ့စဉ်ရက် ဆက်မပြတ် ဘုန်းကြီးကျောင်းများ၊ တရားစခန်းများ၊ ရိပ်သာများတွင် အလှူ ဒါနပြုသူများဖြင့် စည်ကားလျက်ရှိတတ် ပေသည်။
ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းတွင် သက်ကြီးပူဇော်ပွဲများ၊ ဒုလ္လဘရဟန်းခံပွဲ များဖြင့် ခြိမ့်ခြိမ့်သဲ စည်ကားနေလေ့ရှိ သည်။ နွားများကိုဝယ်ယူကြပြီး ဘေးမဲ့ နွားလွှတ်ပွဲမျိုးကိုလည်းကျေးလက်ဒေသ တွင် ကျင်းပလေ့ရှိကြသည်။အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်း၊ မုန့်လုံးရေပေါ်ဝိုင်းတို့ဖြင့် ပျော်ရွှင်ကြရင်း ကုသိုလ်လုပ်ကြပေ သည်။ ပျော်တတ်ရွှင်တတ်ပြီး အလှူဒါန ပေးရာ၌ ရက်ရောတတ်ကြသည့် ကိုရွှေ မြန်မာတို့နှင့် နှစ်သစ်ကူးသင်္ကြန်ပွဲတော် ကား ခွဲ၍မရအောင် လိုက်ဖက်လှတော့ သည်။
''လမ်းတစ်လျှောက်သင်းပါဘိဆန်း သလောက်မလင်းနိုင်ဘု ပန်းပိတောက် မင်း''ဟုဆိုရသည့် ပိတောက်ပန်းတို့က လည်း သင်္ကြန်၏အလှ၊ နှစ်သစ်ကူးပွဲ တော်၏အလှကိုြ<ွကတက်လာအောင် ဆင်ယင်ပေးလေ့ရှိကြသည်။ နှစ်သစ်ကူး သည့် ဤသင်္ကြန်ပွဲတော်ကာလတွင်မှ ရွေးပြီး ပွင့်ကြလေ့ရှိကြသည်။ ပန်း ပိတောက်နှင့် မောင်နှမ၊ ညီအစ်မတော် ကြသူများကားငုဝါပန်းများပင်ဖြစ်သည်။ သူတို့ကလည်း ပန်းပိတောက်နှင့်အပြိုင် ထိန်ထိန်ဝါဝါဖြင့် တစ်တိုင်းပြည်လုံးကို ဝင်းဝါသွားစေတော့သည်။ ကြည်နူးဖွယ်၊ ပျော်ရွှင်ဖွယ်၊ ချစ်စဖွယ်ကောင်းလှသည့် မြန်မာသင်္ကြန်ပွဲတော်ပါတကား။

သို့ရာတွင် မြန်မာ့သင်္ကြန်ပွဲတော်ကို အကျည်းတန်စေသောအရာများကား ရှိနေ ပေသည်။ ယင်းတို့မှာ ပျော်ပွဲ၊ရွှင်ပွဲ၊ရေ ကစားပွဲနှင့် ယှဉ်တွဲပါလာသည့် သောက် စားမူးယစ်မှုများ၊ ရန်ပွဲများ၊ ရိုက်ပွဲများမှ သည် လူသတ်မှုများအထိ ဖြစ်ပေါ်တတ် သည့် ဒုစရိုက်မှု၊ ရာဇဝတ်မှုများပင် ဖြစ် သည်။
အပျော်လွန်လာလျှင် အသောက် အစားပါလာလျှင် ရာဇဝတ်မှုများသည် တွဲ၍ပါလာတတ်သည်သာ ဖြစ်သည်။ အနိမ့်ဆုံးအားဖြင့် ဆဲဆိုလျှင် ဆဲဆိုသူ အား အရေးယူသည့်ပုဒ်မ၂၉၄ဖြင့် အရေး ယူရမည်ဖြစ်သည်။ သုံးလအထိ ထောင် ဒဏ်ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။ ထိုမှ တစ်ဆင့် လက်သီးဖြင့်ထိုး၊ တုတ်နှင့် ရိုက်၊ ဓားနှင့်ထိုး ဖြစ်လာလျှင် တုတ် တစ်ပြက်၊ဓားတစ်ပြက် ဖြစ်လာလျှင် နာ ကျင်မှုများ သွေးထွက်သံယိုမှုများ ဖြစ် လာမည်မှာ သေချာသည်။ ရဲကအရေး ယူကြရတော့မည်။ တရားရုံးများသို့ စွဲကြ ရပေမည်။ ထိုအခါ တစ်နှစ်အထိ ထောင် ဒဏ်မှ ထောင်ဒဏ်နှစ်ပေါင်း ၂ဝအထိ ကြီးကျယ်သွားနိုင်ပေသည်။
လူသတ်မှုဖြစ်သွားလျှင်ကား ဆိုဖွယ် ရာမရှိပြီ။ ၁ဝနှစ်အထိ အလုပ်နှင့် ထောင် ဒဏ်မှ သေဒဏ်အထိ ဖြစ်သွားနိုင်ပေ သည်။
ထိုထက်ပို၍ဆိုးသည်ကား မုဒိမ်းမှု ပင်ဖြစ်သည်။ သင်္ကြန်ကာလတွင် ပျော် ကြရွှင်ကြ၊ သောက်ကြစားကြရာမှ သမီး ရည်းစားချိန်းတွေ့ကြခြင်းမှသည် မုဒိမ်း မှုအထိဖြစ်ပွားနိုင်ပေသည်။ သင်္ကြန်ပွဲ တော်နှင့် အလွန်ဆက်စပ်လာတတ်သော အလွန်ဖြစ်လွယ်သောအမှုပင် ဖြစ်သည်။ မုဒိမ်းမှုကို လျှော့တွက်၍ မရပေ။ မကြာ မီကပင် 'ရာဇသတ်ကြီးကိုပြင်ဆင်သည့် ဥပဒေ'ကို ပြဋ္ဌာန်းလိုက်ပြီဖြစ်သည်။ ယင်းပြင်ဆင်ချက်ဥပဒေပုဒ်မ၃၇၆(၁) အရ ထောင်ဒဏ်အနှစ်(၂ဝ)အထိ ချမှတ် ခြင်းခံရမည်ဖြစ်သည်။ ပုဒ်မ၃၇၆(၃) အရ အသက်(၁၂)နှစ်အောက် မိန်းမ တစ်ဦးအပေါ် မုဒိမ်းမှုကျုးလွန်မိလျှင် ကား ထောင်ဒဏ်တစ်သက်အထိ ချမှတ် ခြင်းခံရမည်ဖြစ်သည်။ ထောင်ဒဏ်တစ် သက်Imprisonment for lifeဆို သည်မှာ သေသည်အထိ ထောင်ထဲတွင် နေရမည်ဖြစ်သည်။ ပြင်ဆင်ချက်ဥပဒေ ပုဒ်မ(၂)အရ ရာဇသတ်ကြီးပုဒ်မ-၁၅ကို ဖြည့်စွက်ပြဋ္ဌာန်းထားရာ ယင်းပြဋ္ဌာန်း ချက်တွင် အထက်ပါအတိုင်းဖွင့်ဆိုထား သည်။

ထို့ကြောင့် သင်္ကြန်ပွဲတော်တွင် ဖြစ် တတ်သော ရာဇဝတ်မှုများကို လျှော့မ တွက်ပါနှင့်။ အသွားမတော်တစ်လှမ်း၊ အပြောမတော်တစ်ခွန်း၊ အစားမတော် တစ်လုပ်ကနေပြီး ရာဇဝတ်မှုများကို ကျူးလွန်မိကာ ထောင်ဒဏ်တစ်သက်၊ သေဒဏ်တို့အထိဖြစ်သွားနိုင်ပေသည်။
အနိမ့်ဆုံးအားဖြင့် မိန်းကလေးများ ကို ကျီစားနောက်ပြောင်ရာမှ မထိတထိ စကြရာမှ ရေကစားကြရာမှ ကာယိနြေ္ဒ ပျက်စီးစေမှု၊ လက်ရောက်မှုတို့ ဖြစ်စေ နိုင်သည်။ မိန်းကလေးတစ်ဦး၏ မည် သည့်ခန္ဓာကိုယ်အစိတ်အပိုင်း၊ မည်သည့် နေရာကို ထိထိ ကာယိနြေ္ဒပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှုကို ကျူးလွန်မိ လျှင် ပုဒ်မ-၃၅၄အရ အရေးယူခံရမည် ဖြစ်သည်။ နှစ်နှစ်အထိ ထောင်ဒဏ်တစ် မျိုးမျိုးကို ချမှတ်ခြင်းခံရမည်ဖြစ်သည်။
ထို့ကြောင့် လူငယ်လူရွယ်များကို သတိပေးလိုသည်။ သင်္ကြန်ပွဲတော်အပြီး ၌ နှစ်သစ်တွင် လူသစ်၊ စိတ်သစ်ဖြင့် မွန်မြတ်သောဘဝသစ်ကို တည်ဆောက် ရမည့်အစား ရဲစခန်းတွင် အဖမ်းခံနေရ မည့်ဘဝ၊ တရားရုံးတွင် အမှုများဖြင့်ရင် ဆိုင်နေရမည့်ဘဝမျိုးကို လုံးဝမရောက် စေသင့်ပေ။ တဒင်္ဂတွင် ကြုံတွေ့ရတတ် သည့် ဒေါသ၊မောဟ ပြဿနာများကို ထိန်းသိမ်းကြရန် လိုအပ်ပေသည်။ အတွေ့အထိအာရုံများကို ရှောင်ရှားကြ ရန် လိုအပ်ပေသည်။ ဤပြဿနာများ သည် အရက်သေစာ သောက်စားခြင်းမှ စတင်ခြင်းဖြစ်တတ်ရာ အရက်သေစာ ကို ရှောင်ရှားနိုင်လျှင် အကောင်းဆုံးဖြစ် ပေသည်။ 'ရှင်တော်ဟောသည့် အဆိပ် ရေ'များပင် ဖြစ်သည်။
ညီအစ်ကိုမောင်နှမများ၊ ဦးလေး၊ ဦးကြီးများ၊ ကြီးတော်များ၊ အဒေါ်များ၊ မိဘ၊ ဘိုးဘွားများကိုလည်း သတိပေး လိုသည်။ ဖြစ်ပြီးမှ မျက်ရည်ကျကြရ မည့်အစား သောကပရိဒေဝကို ခံစား ကြရမည့်အစား မဖြစ်မီကြိုတင်၍ မိမိတို့ ၏ သွေးသားများကို ဆုံးမကြပါ။ ထိန်း သိမ်းစောင့်ရှောက်ကြပါဟု သတိပေးလို သည်။ အမှုအခင်းဖြစ်လာလျှင် ရှေ့နေ ငှားရ၊ တရားရုံးသို့သွားရဖြင့် အမှုအခင်း ဟူသည်မှာ စရိတ်ကြီးလေးလှပါသည်။ ဤသည်တို့ကို တွေးပြီး ကြိုတင်သတိ ထား၊ ရှောင်ရှားသင့်ကြပါသည်။
''မကောင်းမှုတွေဟူသမျှကို မတွေ့ ခင်က ရှောင်ကြဉ်လေ။ တွေ့ကြုံလာ လျှင် မလွန်ကျူးနဲ့ အထူးသဖြင့် စောင့် စည်းနေ။ အရက်သေစာ မသောက်စားနဲ့ မှောက်မှားတတ်တဲ့အရာပေ''ဟူသော မင်္ဂလာတရားတော်ကို လက်ကိုင်ထား ကြရင်း ပျော်ရွှင်ဖွယ်ကောင်းသောသင်္ကြန် ပွဲတော်၊ ပျော်ရွှင်ကြည်နူးဖွယ်ကောင်း သောနှစ်သစ်ကူးပွဲတော်ကိုအပြစ်ကင်းစင် စွာဖြင့် ဆင်နွှဲနိုင်ကြပါစေဟု ဆုတောင်း လိုက်ရပေသည်။