images
UN
UN
ရှမ်းပြည်နယ်လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို အမြန်ဆုံးအတည်ပြုနိုင်ရေး အရေးကြီးအဆိုအောင်မြင်
Friday, 05 April 2019

ယမန်နေ့က ကျင်းပသော (၁၄)ကြိမ်မြောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပုံမှန် အစည်းအဝေးတတိယနေ့၌ ပြည် ထောင်စုလွှတ်တော်တွင် တင်သွင်း ထားသည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဒုတိယအကြိမ်မူကြမ်း အားဝမ်းမြောက်စွာကြိုဆိုထောက်ခံ ကြောင်း အရေးကြီးအဆိုတစ်ရပ် ပြည်ခိုင်ဖြိုးပါတီက တင်သွင်း သည့်အပေါ် လွှတ်တော်၌ လက်ခံ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။
ကြိုဆိုထောက်ခံကြောင်းအရေး ကြီးအဆိုနှင့်ပတ်သက်၍ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ မိုင်းဆတ်မြို့နယ် မဲဆန္ဒ နယ်အမှတ်(၁)မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးသန်းဝင်း က အောက်ပါအတိုင်း တင်သွင်းခဲ့ ခြင်းဖြစ်သည်။ ''မြန်မာ့လွတ်လပ်ရေးရပြီး ၁ဝ နှစ် အကြာမှ စတင်ခဲ့သော ပြည်တွင်းတိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များပေါ်ပေါက် လာခဲ့သည်မှာ နှစ်ပေါင်း ၆ဝ ကျော် ကြာမြင့်ခဲ့ပါပြီ။ သယံဇာတပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံသည် ပြည်တွင်းစစ်ကြောင့် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးသည် ကဏ္ဍစုံတွင် နှောင့်နှေးကြန့်ကြာနေပြီး ဒေသတွင်းနိုင်ငံများတွင်လည်း တခြား သော နိုင်ငံများနောက်တွင် နောက်ကျ ကျန်ရစ်ခဲ့ပါသည်။
၂ဝဝ၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံကို ပြည်ထောင်စုစနစ်ဖြင့်တည် ဆောက်ထားခြင်း ဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည် မြန်မာနိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ်တည်ဆောက် ရန် ရည်မှန်းချက်ထားရှိပါသည်။
ပြည်ထောင်စုလွှတ်တော်တွင် ကျောင်း ကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းထွန်းက တိုင်းရင်းသား ပြည်နယ်လွှတ်တော်များမှ ပြည်နယ်ဝန်ကြီး ချုပ်ကို ယခင်နိုင်ငံတော်သမ္မတမှ ခန့်အပ် ခွင့်အာဏာပေးထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၁ ကို ပြင်ဆင်ပါရန် အဆို တင်သွင်းခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် တင် သွင်းသည့် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်အရ တိုင်းရင်းသားပြည်နယ်လွှတ်တော်များကို ပြည်နယ်အစိုးရအဖွဲ့ခေါင်းဆောင်ဝန်ကြီးချုပ် ခန့်အပ်ပိုင်ခွင့်အာဏာ (decentralization) ပေးရန်အတွက် ဖြစ်ပါသည်။
အဆိုပါ ပြင်ဆင်ချက်သည် တိုင်းရင်း သားများ နှစ်ပေါင်းများစွာကတည်းက တောင်းဆိုနေသော ဖက်ဒရယ်အခွင့်အရေး ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်တွင် အဆိုရှင် ဦးသိန်းထွန်း တင်သွင်းခဲ့သော ပုဒ်မ ၂၆၁ ပြင်ဆင်ရေးအဆိုကို ဒုတိယအကြိမ် ရှမ်း ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရှမ်း ပြည်နယ်လွှတ်တော်သို့ အစိုးရအားတိုက် တွန်းကြောင်း အဆိုတစ်ရပ်အား မိုင်းဆတ် မြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဝင်းမှအောင်မြင်စွာ တင်သွင်းနိုင်ခဲ့ပြီး၊ အဆိုအား ထောက်ခံ ပေးတဲ့ ဒေါ်နန်းစန်းစန်းအေး၊ ထောက်ခံ ဆွေးနွေးပေးတဲ့Dr ဝဏ္ဏစိုးနှင့် ဦးစိုင်းလှ ဝင်းတို့အား အထူးကျေးဇူးတင်ပါသည်။ လေးစားဂုဏ်ယူပါသည်။
အဆိုအား လွှတ်တော်ဆန္ဒခံယူခဲ့ရာ ထောက်ခံသူ ၁ဝ၂ ဦး၊ ကြားနေ ခုနစ်ဦး ကန့်ကွက် ၂ဝ ဦးတို့ဖြင့် အများဆန္ဒ သဘောဖြင့် မဲခွဲဆုံးဖြတ် အတည်ပြုနိုင်ခဲ့ ပါသည်။
ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး တိုင်း ရင်းသားများ၏ ဖက်ဒရယ်အခွင့်အရေး အတွက် ဖြစ်သည်ဟု NLD ပါတီဘက်မှ အရေးကြီးအဆို တင်သွင်းခဲ့သည့်အပေါ် ယနေ့ ပြည်ခိုင်ဖြိုးပါတီမှ တင်သွင်းသော ပုဒ်မ ၂၆၁ အမြန်ဆုံးအတည်ပြုနိုင်ရေး ကို ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း လေးစားစွာတိုက်တွန်းကြောင်း'' ပြော ကြားသွားသည်။