images
UN
UN
iPhone များတွင် အခြားDevice များကို အားသွင်းပေးနိုင်သည့်စနစ်ထည့်သွင်းဖွယ်ရှိ
Sunday, 07 April 2019

ယခုနှစ်အတွင်း ဈေးကွက်တင်မည့် iPhone မော်ဒယ်သစ်များတွင် အခြား Device များအား အားသွင်းပေးနိုင်မည့်စနစ်ပါရှိလာဖွယ်ရှိနေ ကြောင်း အမေရိကန်နေ့စဉ်သတင်းဌာနကဖော်ပြသည်။
Apple ကုမ္ပဏီသည် ကြိုးမဲ့အားသွင်းစနစ်ဖြင့် အားသွင်းပေးနိုင် သော Charger များအား မီးလောင်ပေါက်ကွဲမှုဖြစ်ပွားနိုင်ခြင်းကြောင့် အထောက်အပံ့ပေးမှုများရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ပြီးနောက်တွင် iPhone များတွင် အခြားDevice များကို အားသွင်းပေးနိုင်သည့်စနစ်များ ထည့် သွင်းရန် စဉ်းစားလာခဲ့ခြင်းဖြစ်သည်။ ထည့်သွင်းမည့်စနစ်များနှင့်ဆိုင် သော ခန့်မှန်းမှုအများစုက iPhone များတွင် ပါရှိမည့်စနစ်သည် တွဲဖက် အသုံးအဆောင်များဖြစ်သော AirPods ကဲ့သို့ နားကြပ်များအား ချိတ် ဆက်ထားရုံဖြင့် အားသွင်းပေးမည့်စနစ်မျိုးဖြစ်နိုင်ကြောင်း ခန့်မှန်းလျက် ရှိသည်။ သို့သော် ချိတ်ဆက်အားသွင်းရာတွင် မည်ကဲ့သို့သောချိတ်ဆက် မှုမျိုးအား အသုံးပြုမည်ဆိုသော အချက်ကိုမူ ကျွမ်းကျင်သူများက တိကျ စွာ ခန့်မှန်းနိုင်ခြင်း မရှိသေးပေ။ ယခုနှစ်အတွင်း၌ ဈေးကွက်တင်မည့်iPhone 11တွင် အဆင့်မြှင့်တင်ထားသော အခြားလုပ်ဆောင်ချက်များ လည်း ပါရှိလာမည်ဟု အမေရိကန်အခြေစိုက် iPhone ပညာရှင်များက ခန့်မှန်းထားသည်။ NG(Ref; USA Today)