images
UN
UN
စည်ပင်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရရှိခြင်းမရှိဟု စကားများထွက်ပေါ်နေသည့်အပေါ် ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ရှင်းလင်းပြောကြား
သုခ Sunday, 07 April 2019
ပြီးခဲ့သည့် မတ် ၃၁ ရက်က ကျင်းပခဲ့သော ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက တစ်နေရာ မှအနိုင်မရရှိဆိုသော စကားများထွက်ပေါ်လာရာ ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ အတွင်းရေးမှူး ဦးကျော်စိုးက ယနေ့နံနက် ၁၁ နာရီတွင် မီဒီယာ များနှင့်တွေ့ဆုံရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
''အခုလိုပြောနေတာတွေက မဟုတ်ပါဘူး။ ကျွန်တော်တို့ ဆီက ဝင်ပြိုင်တဲ့သူတွေထဲက ခုနစ်ဦး အနိုင်ရရှိခဲ့ပါတယ်။
ဘာလို့ ဒီလိုပြောလဲဆိုတော့ ဖေဖော်ဝါရီ လ၂ဝရက်နေ့မှာ ရွေးကောက်ပွဲ ကော်မရှင် ကပါတီတွေ Logo မသုံးရဆိုတဲ့ ကြေညာ ချက်ထွက်တယ်။၂၂ရက်နေ့မှာ သုံးလို့ရ တယ်ဆိုပြီး ထွက်ခဲ့ပါတယ်။နောက်ပိုင်းမှာLogo သုံးလို့ရတယ်ဆိုတော့ တစ်ဖက်က ကျွန်တော်တို့နဲ့ ယှဉ်ပြိုင်ဘက်ပါတီကြီးက လည်းသုံးဆိုတော့ ကျွန်တော်တို့ဆီက လည်းသုံးချင်လည်းသုံးဆိုပြီး ခွင့်ပြုပေးခဲ့ တယ်။ သုံးတဲ့သူလည်းရှိသလို မသုံးတဲ့သူ လည်းရှိတယ်''ဟု ရန်ကုန်တိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီမှ အတွင်းရေးမှူး ဦးကျော်စိုးကပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရွေး ကောက်ပွဲကို ပြည်ခိုင်ဖြိုးပါတီမှ ၅၉ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပါတီအမှတ်တံ ဆိပ်ကို အသုံးပြုသူ စုစုပေါင်း ၂၃ဦး အသုံးပြုခဲ့ကြောင်း သိရသည်။
၎င်းအပြင်စည်ပင်ရွေးကောက်ပွဲကော် မရှင်နှင့်ပတ်သက်၍လည်း ''ကျွန်တော် အနေနဲ့ပြောရရင်တော့ စပြီးလုပ်ကတည်း က စည်ပင်ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ကျွန်တော်ကြားသိသလောက်ပြောရရင် ၂ဘီလီယံလောက် ကုန်ကျမယ်ကြားသိ ပါတယ်။ ၂ဘီလီယံဆိုတာ မြန်မာကျပ် ငွေ သန်းပေါင်းနှစ်ထောင်။ မှန်ပါတယ်။ ဒါဘတ်ဂျက်ကုန်မှာပဲ။ နားလည်ပါတယ်။ ဆိုတော့ အချိန်ယူပြီးဆောင်ရွက်သင့် တယ်။ အခုက ဝုန်းဒိုင်းဝုန်းဒိုင်းကပ်ပြီးမှ လုပ်တော့ ကိုယ်စားလှယ်လောင်းတွေဆို ကျွန်တော်ကို သတင်းပို့တယ်။ ခုတစ်မျိုး၊ တော်ကြာတစ်မျိုး၊ ခဏနေတစ်မျိုးလားဆို တာ ပြောလာကြတယ်။သုံးသပ်တင်ပြရ ရင်တော့Free and Fair ဖြစ်လား၊ မဖြစ် လားဆိုတော့ ကော်မရှင်ကိုယ်တိုင်အသိ ဆုံးဖြစ်ပါလိမ့်မယ်လို့ ထင်ပါတယ်''ဟု ဦးကျော်စိုးက ထပ်မံပြောသည်။
ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲ သို့ ပြည်ခိုင်ဖြိုးပါတီမှ ၅၉ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဆိပ်ကမ်းမြို့နယ်မှ သုံးဦး၊ ရန်ကင်းမှတစ်ဦး၊ မရမ်းကုန်းမှတစ်ဦး၊ ဒဂုံတောင်မှတစ်ဦးနှင့် ဗဟန်းမှတစ်ဦး စုစုပေါင်းခုနှစ်ဦး အနိုင်ရရှိခဲ့ကြောင်း သိရ သည်။