images
UN
UN
ရိတ်သိမ်းကာလလွန် ဆုံးရှုံးမှုများနည်းပါးစေမည့်လုပ်ဆောင်ချက်များ ဖော်ဆောင်ရန်ကြိုးပမ်းမည်
NG Wednesday, 10 April 2019
ကမ္ဘာ့ဘဏ်အုပ်စုတွင်ပါဝင် သော နိုင်ငံတကာဘဏ္ဍာရေး ကော်မရှင်သည် မြန်မာနိုင်ငံတွင် ရိတ်သိမ်းကာလလွန်ဆုံးရှုံးမှုနည်း ပါးစေမည့် လုပ်ဆောင်ချက်များ ဖော်ဆောင်ရာတွင် အထောက် အကူဖြစ်စေရန်အတွက် ချေးငွေ ပေးအပ်မှုများ ပြုလုပ်မည်ဖြစ် ကြောင်း သတင်းထုတ်ပြန်သည်။
နိုင်ငံတကာဘဏ္ဍာရေးကော် မရှင်သည် မြန်မာနိုင်ငံတွင် သီးနှံ သိုလှောင်မှုများ ပြုလုပ်ရာတွင် အသုံးပြုသည့်အဆင့်မီဂိုထောင်များ ဆောက်လုပ်ခြင်းနှင့်လယ်ယာစိုက် ပျိုးရေးကဏ္ဍနှင့်ဆိုင်သော ဝန် ဆောင်မှုများ ပေးအပ်လျက်ရှိသည့် အိန္ဒိယနိုင်ငံအခြေစိုက်ကုမ္ပဏီ တစ်ခုအား အမေရိကန်ဒေါ်လာ သုံးသန်းချေးငွေပေးအပ်ကာ ရိတ် သိမ်းကာလလွန်ဆုံးရှုံးမှုများ နည်း ပါးစေရန် အထောက်အကူဖြစ်စေ မည့် လုပ်ဆောင်ချက်များ လုပ် ဆောင်နိုင်ရန် အကူအညီပေးခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ရိတ်သိမ်းကာလလွန် သိုလှောင် သိမ်းဆည်းမှုများ ပြုလုပ်ရာ၌ စနစ်တကျလုပ်ဆောင်နိုင်မှုနည်းပါး ခြင်းကြောင့် မဖြစ်သင့်သောဆုံး ရှုံးမှုများနှင့်ရင်ဆိုင်ရလေ့ရှိကြောင်း လေ့လာမှုများအရ တွေ့ရှိခဲ့သည်။ မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေး ကဏ္ဍများအတွက်အဓိကအကျဆုံး အနေအထားတွင် ရှိနေသည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ခေတ်မီနည်းပညာများ ပေါင်းစပ် အသုံးပြုနိုင်ရေးမှာ အဓိကကျသည့် လိုအပ်ချက်ဖြစ်နေသည်။