images
UN
UN
ခါသင်္ကြန် မြန်မာ့ရိုးရာအစားအစာများ အာဟာရ
ပေါက်ပေါက် Thursday, 11 April 2019
ဧပြီလရောက်တာနဲ့သင်္ကြန်ရဲ့ အငွေ့ အသက်ကို ရရှိလာပါပြီ။ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြော သန့် စင်ပြီး သစ်လွင်တဲ့နှစ်သစ်ကို ကြိုဆိုရင်း မြန်မာ့အတာရေသဘင်ပွဲကို ဆင်နွှဲကြတဲ့ သင်္ကြန်အခါသမယလည်း တစ်နှစ်လည် လို့ တစ်ခါ ရောက်လုပြန်ပါပြီ။
သင်္ကြန်ကာလမှာ တစ်ယောက်နှင့် တစ်ယောက်၊ တစ်ဦးနှင့်တစ်ဦး ကြည် ကြည်နူးနူး မြူးထူးပျော်ရွှင် ရေစင်ဖျန်း ပက်ကစားကြတဲ့အခါ မငြူစူဘဲ ကြည် ဖြူစွာ ရေကစားကြတာဟာ ချစ်စရာ ကောင်းလှတဲ့ မြန်မာ့ရိုးရာ ဓလေ့တစ်ရပ် ဖြစ်ပါတယ်။ ထို့အတူ ရပ်တကာ၊ နယ် တကာမှာ သူသူငါငါလူတကာကို စတု ဒိသာ ကျွေးမွေးဧည့်ခံကြတာလည်း ကြည်နူးစရာ ရှေးအစဉ်အလာ ဒါနတစ်ခု ရယ်ပါ။ သင်္ကြန်အခါသမယမှာ အုန်း လက်နှင့် တမာခက်တွေ မိုးကာထားတဲ့ သင်္ကြန်မဏ္ဍပ်အတွင်း ဒါနအမှုပြုလေ့ရှိ ကြတဲ့ သင်္ကြန်ထမင်း၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ မုန့်လုံးရေပေါ်၊ ပေါင်မုန့် အုန်းနို့ဆမ်း စတဲ့ မြန်မာ့ရိုးရာ အစား အစာလေးများဟာဖြင့် ခါသင်္ကြန်နှင့် လိုက်လျောညီထွေ ရှိလှပါတယ်။
ဝါသနာပါသူများကလည်း အစဉ် အလာမပျက်မိမိနေအိမ်တွင်သင်္ကြန်အစား အစာလေးများကို ပြုလုပ်၍ အိမ်နီးချင်း မိတ်ဆွေများကို ဝေငှလှူမျှကြတာက လည်း အရိုးပေါ်အရွက်မဖုံးတဲ့ ချစ်စရာ့ ဓလေ့ဖြစ်ပါတယ်။ ပေးလှူသူအတွက် ရော၊လက်ခံစားသုံးသူအတွက်ပါကျန်းမာ သုတရကြပါစေကြောင်း သင်္ကြန်အစာနှင့် အာဟာရတန်ဖိုးလေးတွေကို အောက်ပါ အတိုင်းအကြံပြုလိုက်ပါရစေ။

သင်္ကြန်ထမင်းနှင့် အာဟာရ
နေရာဒေသပေါ်မူတည်ပြီး သင်္ကြန် ထမင်းကို (က) မြန်မာသင်္ကြန်ထမင်း နှင့် (ခ) မွန်ရိုးရာသင်္ကြန်ထမင်းဟူ၍ ကျွေးမွေးဧည့်ခံတတ်ကြပါတယ်။ မြန်မာ ရိုးရာဖြစ်စေ၊ မွန်ရိုးရာဖြစ်စေ သင်္ကြန် ထမင်းအတွက် တွဲဖက် စားသုံးလေ့ရှိ တဲ့ ဟင်းလျာများကတော့ ငါးခြောက် ထောင်းကြော်၊ ငရုတ်သီးကြော်၊ ပဲကြီး ဆူးပုပ်၊ သရက်သီးသုပ်တို့ပဲ ဖြစ်ကြပါ တယ်။ညီနောင်နွယ်ဖွား မွန်တိုင်းရင်းသား များ၏ သင်္ကြန်ထမင်းကတော့ ပူပြင်း တဲ့ရာသီမှာ အေးမြပါစေကြောင်းအလို့ငှာ ထမင်းထဲသို့ ဖယောင်းရေအေးဆမ်း၍ စားကြတာပါ။ မွန်သင်္ကြန်ထမင်းရဲ့ ထူးခြားချက်မှာ၊ ထမင်းပုံစံ လှပစေဖို့ အတွက် ဆန်ကောင်းကောင်းကိုသာ ရွေး ချယ်ရပြီး၊ ဆန်စေ့များကျက်ပြီး ရှည် ထွက်လာတဲ့ အခါမှာတော့ ဆန်ခါထဲသွန် ချပြီး ရေအေးဖြင့်သုံးကြိမ်ခန့်ဆေးကြော ရပါတယ်။ ထမင်းတွေကို ဆန်ခါစစ် ထားပြီးနောက် ဖယောင်းသင်းရေဖြင့် ဆမ်း၍စားခြင်းဖြစ်ပါတယ်။ မွန်လူမျိုး တို့ဟာ သင်္ကြန်ကာလမှာ ပျားဖယောင်း ကို အသုံးပြုလေ့ရှိကြပြီး၊ နံ့သာအဖြစ် နံ့သာဖြူမှုန့်အနည်းငယ်ထည့်၍ ဖယောင်း နံ့သာရည်ကို ပြုလုပ်လေ့ရှိကြပါတယ်။ သင်္ကြန်ထမင်းမှာပါဝင်တဲ့ အာဟာရ ဓာတ်တွေကတော့ ကာဗိုဟိုက်ဒရိတ်၊ ပရို တင်းနှင့် ဗီတာမင်အုပ်စုတို့ဖြစ်ကြပါ တယ်။ ငါးခြောက်ထောင်းကြော်အတွက် ကိုတော့ အသားများပြီး ပရိုတင်းဓာတ် ကြွယ်ဝတဲ့ ကကူရံ (သို့) ငါးကွမ်းရှပ် ငါးခြောက်တို့ကို သုံးလေ့ရှိပြီး၊ ၄င်းငါး ခြောက်ကြော်ကနေ ပရိုတင်း၊ ကယ်လိုရီ နှင့် ဖော့စ်ဖရပ်စ်တို့ကို ရရှိနိုင်ပါတယ်။ ပဲကြီးမှ ပရိုတင်း အာဟာရဓာတ်ကို ရရှိ စေမှာဖြစ်သလို၊ ဆူးပုပ်ရွက်ကလည်း အစာမကြေ လေနာရောဂါများအတွက် ကောင်းမွန်တဲ့ ဆေးတစ်လက် ဖြစ်ပါ တယ်။ ဒါ့ပြင် ဆူးပုပ်ရွက်က ချောင်းဆိုး ရောဂါကို ပျောက်ကင်းစေတာကြောင့်၊ သင်္ကြန်ထမင်းစားပေးခြင်းဖြင့် အပူရှပ် (သို့) အအေးမိ၍ ဖျားနာချောင်း ဆိုးခြင်း ကို ကြိုတင်ကာကွယ်ရာရောက်ပါတယ်။ ခါသင်္ကြန်စိုရွှဲရွှဲ ချမ်းတုန်နေချိန်မှာ ငရုပ် သီးကြော် စပ်စပ်ကလေးက အလိုက် တသိ နွေးထွေးမှုပေးစွမ်းနိုင်သလို၊ အမျှင် ဓာတ် ကြွယ်ဝသလောက် ဗီတာမင်စီ ဓာတ်လည်း အမြောက်အမြားပါရှိတဲ့ သရက်သီးစိမ်းသုပ်ဖြင့် ဝန်းရံလိုက်တဲ့ အခါမှာတော့ တစ်နှစ်မှ တစ်ရာသီသာ စားကြရမယ့် ချဉ်ငန်စပ်သင်္ကြန် ထမင်း လေးက မမေ့နိုင်စရာပါပဲ။
မုန့်လက်ဆောင်း
အသင့်လုပ်ထားတဲ့ မုန့်လက်ဆောင်း ဖတ်တွေကို ဈေးထဲမှာအလွယ်တကူဝယ် ယူ ရရှိနိုင်ပါတယ်။ မုန့်လက်ဆောင်း အာဟာရဟာ ပြုလုပ်ရတာ ကရိကထ မများသလို၊ငွေကုန်ကြေးကျလည်း သက် သာတာကြောင့် မုန့်လက်ဆောင်းကို သင်္ကြန်မဏ္ဍပ်တိုင်းလိုလိုမှာ တိုက်ကျွေး ဧည့်ခံလေ့ ရှိကြပါတယ်။
မုန့်လက် ဆောင်းတစ်ခွက်ထဲမှာ သကြား၊ ထန်း လျက်ရည်(သို့)အုန်းနို့ရည်၊ ဆားအနည်း ငယ်တို့ဖြင့် အရသာရှိရှိဖျော် စပ်ထားလေ့ ရှိပါတယ်။ မုန့်လက်ဆောင်းဖတ်ကို ဆန် ဖြင့်ပြုလုပ်ထားတာကြောင့် ကာဗိုဟိုက် ဒရိတ်၊ ပရိုတင်းနှင့် ဗီတာမင်အုပ်စုတွေ ပါဝင်ကြပါတယ်။ အုန်းနို့ရည်မှ ကယ် လိုရီ အပြည့်ရရှိစေတဲ့အပြင် ပရိုတင်း၊ ပြည့်ဝဆီနဲ့ကာဗိုဟိုက်ဒရိတ်တွေ ပါရှိနေ တာကြောင့်လည်း အထူးသဖြင့် ဆယ် ကျော်သက် လူငယ်လူရွယ်များအတွက် ခွန်အား ဖြည့်ပေးနိုင်ပါတယ်။ အပူကန်၍ လည်ချောင်းနာခြင်း၊ အပူရှပ်ခြင်း၊ အဆုပ် အအေးမိခြင်းတို့အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြွယ်ဝသော ထန်းလျက် က ကောင်းကျိုးပြုပေးနိုင်ပါတယ်။ ဒါ့ ပြင် သင်္ကြန်မှာ အပျော်လွန်ပြီးမြူးတူး အော်ဟစ်၍ အသံနာ အသံဝင်ခြင်း အတွက် ထန်းလျက်က သက်သာပြေ လျော့စေသလို၊ အဆိပ်အတောက်ကိုပြေ စေပြီး အဆုပ်သန့် စေတာကြောင့်လည်း သင်္ကြန်မှာ အဖော်အပေါင်းစုံ၍ ယမကာ မှီဝဲသူများအတွက် ထန်းလျက်ရည် မုန့် လက်ဆောင်းကို များများ သောက်ပေး သင့်ပါတယ်။
ရွှေရင်အေး
သူ့အမည်လေးက အတိတ်နမိတ် ကောင်းစေတာကြောင့် 'ရွှေရင်အေး' အာ ဟာရကို ခါသင်္ကြန်အထိမ်းအမှတ်အဖြစ် ဒါနပြုလေ့ရှိကြပါတယ်။ ရွှေရင်အေး တစ်ခွက်ရဖို့အတွက် သာကူ၊ မုန့်လက် ဆောင်း၊ ကျောက်ကျော၊ ကောက်ညှင်း ပေါင်း၊ ပေါင်မုန့်၊ သကြား၊ အုန်းနို့တို့ ဖြင့် ချိုဆိမ့်တဲ့ အရသာလေးမို့ ကလေး လူကြီး အားလုံး ကြိုက်နှစ်သက်ကြပါ တယ်။ ၄င်းအရောအနှော မျိုးစုံပါတဲ့ တစ်ပန်းကန်စာ ရွှေရင်အေးထဲမှာ ကာဗို ဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင်အုပ်စု၊ ပြည့်ဝဆီ၊ ဗီတာမင်၊ စီလီနီယမ် အပါ အဝင် သတ္တုဓာတ်အမျိုးမျိုး၊ အမျှင်ဓာတ်၊ မဂ္ဂနီးစ်၊ ကော့ပါး၊ သံဓာတ်၊ ဇင့်ဓာတ်၊ ကစီဓာတ်တို့ကို တစ်ပြိုင်နက်တည်း ရရှိ စေမှာ ဖြစ်ပါတယ်။ ချိုမွှေးအေး အရသာ လေးမို့လည်း ရွှေရင်အေးတစ်ခွက်စားပြီး တဲ့အခါ၊ ခွန်အားပြည့် လန်းဆန်းစေတော့ မှာ အမှန်ပါ။