images
UN
UN
ဆန်တင်ပို့ခဲ့သည့်ကုမ္ပဏီသုံးခုနှင့် အရည်အသွေးစစ်ဆေးသည့်ကုမ္ပဏီ ဆန်ဝယ်ယူခဲ့သည့်ကုမ္ပဏီတို့ကို စုံစမ်းစစ်ဆေးမည်ဟုသိရ
သစ်တော် Wednesday, 24 April 2019
အာဖရိက အိုင်ဗရီကို့စ်နိုင်ငံ တွင် ဖျက်ဆီးခံလိုက်ရသည့် ဆန် ကိစ္စသည် မြန်မာ့ပုံရိပ်ကိုထိခိုက် စေခြင်းကြောင့် ဆန်တင်ပို့ခဲ့သည့် ကုမ္ပဏီသုံးခုနှင့် အရည်အသွေးစစ် ဆေးသည့်ကုမ္ပဏီ၊ ဆန်ဝယ်ယူခဲ့ သည့်ကုမ္ပဏီတို့ကို စုံစမ်းစစ်ဆေး မှုများပြုလုပ်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ လက်ထောက်အတွင်းဝန်က ပြောသည်။
''ဘာ့ကြောင့် စားသုံးရန်မ သင့်လို့ပြောခဲ့တာလဲ၊ ဘာကြောင့် မစားသုံးသင့်တာလဲ မသိရဘူး။ သဘောင်္ပေါ်ကချမယ်ဆို အရည် အသွေးစစ်ရတယ်။ အရည်အသွေး မမီရင်မချရဘူး။ ချက်ချင်းခွာရ တယ်။ အရည်အသွေးဘာလို့ မစစ် တာလဲ၊ ဘာကြောင့်ကမ်းချတာ လဲ။ သေသေချာချာစစ်ဆေးသွား မယ်။ စစ်ဆေးပြီးမှပဲ အတိအကျ သိနိုင်မယ်၊ထင်မြင်ချက်မှန်းဆချက် တွေ ပြောလို့မရတဲ့အနေအထား ဖြစ်နေတယ်။လတ်တလောတွေ့ဆုံ စစ်ဆေးမှုအရတော့ ကုမ္ပဏီတွေက လည်း ဆန်အရည်အသွေးပြည့်မီ တယ်လို့ပြောကြတယ်။ ဒါကြောင့် အားလုံးကို သေချာစစ်ဆေးမှုပြု လုပ်သွားမှာဖြစ်တယ်''ဟု လက် ထောက်အတွင်းဝန်ကပြောခဲ့သည်။
ထိုသို့စုံစမ်းစစ်ဆေးရန်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်းရန် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း နှင့် ယင်းအဖွဲ့တွင် မြန်မာနိုင်ငံဆန် စပါးအသင်းချူပ်၊ဝန်ကြီးဌာနစသည် ဖြင့်ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါဆန်များကိုရောင်းချခဲ့ သည့် ကုမ္ပဏီများမှာ ဧရာဟင်္သာ ကုမ္ပဏီ၊ ရွှေဝါရောင် (မက်ထရစ် တန်၁၃၅ဝဝ) ၊ MEC (မက်ထရစ် တန် ၈ဝဝဝ) ကုမ္ပဏီ သုံးခုတို့ဖြစ် ပြီး ယင်းကုမ္ပဏီများမှ ရန်ကုန် အခြေစိုက် စင်ကာပူကုမ္ပဏီဖြစ် သည့် Olam International Co. Ltd. ကိုရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဆန်ဖျက်ဆီးခံခဲ့ရသည့် ကိစ္စနှင့်ပတ်သက်ပြီး ကုမ္ပဏီများ နှင့် အရည်အသွေးစစ်ဆေးသည့် ကုမ္ပဏီ၊ဆန်ဝယ်ယူခဲ့သည့် ကုမ္ပဏီ တို့ကို စုံစမ်းစစ်ဆေးမှုပြုလုပ်မည့် အကြောင်းအား စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယနေ့ရက်စွဲဖြင့် တရားဝင်ထုတ်ပြန် ကြေညာထားသည်။