images
UN
UN
မြန်မာနိုင်ငံအပါအဝင် နိုင်ငံငါးနိုင်ငံမှ ရဲအရာရှိများကို အိန္ဒိယက အဆင့်မြင့်သင်တန်းများပို့ချမည်
သူရကို Wednesday, 24 April 2019
အိန္ဒိယနိုင်ငံတောင်ပိုင်း တီလန်ဂါနားပြည်နယ် ရဲတက္ကသိုလ်မှ မြန်မာနိုင်ငံအပါအဝင် နိုင်ငံငါးနိုင်ငံမှ ရဲအရာရှိများကို အဆင့်မြင့် သင်တန်းများပို့ချရန်စီစဉ်ထားကြောင်း ဒေသတွင်းတီလန်ဂါနားပြည် နယ် ရဲတက္ကသိုလ်၏အင်တာနက်ဝက်ဘ်ဆိုက်စာမျက်နှာ၌ ဖော်ပြ ထားကြောင်း သိရသည်။ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ အာဖဂန်နစ္စတန်နှင့် တူနီးရှားနိုင်ငံမှ ရဲအရာရှိများအား ဆိုက်ဘာ ခရိုင်းမ်ဟု ခေါ်ဆိုသော အင်တာနက်ကကျူးလွန်သည့် ရာဇဝတ်မှု နှိမ်နင်းရေးနှင့် အထူးပုဂ္ဂိုလ်များ၏ လုံခြုံရေးများဖြင့် သက်ဆိုင်သည့် နည်းပညာများအပါအဝင် ကဏ္ဍမျိုးစုံအတွက် လေ့ကျင့်သင်ကြားပေး မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းအတွက် ဗဟိုအစိုးရကို ခွင့်တောင်းခဲ့ပြီး အစိုးရကလည်း လက်ခံထားပြီဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ညွှန်ချုပ်ဆန်းတို့မီဟရာက ပြောဆိုထားကြောင်း သိရသည်။ ထို့ကြောင့် မကြာမီ အဆိုပါနိုင်ငံ များထံစာရေးအကြောင်းကြားလာမည်ဖြစ်ကြောင်း တီလန်ဂါနား ပြည်နယ်ရဲတက္ကသိုလ်၏အင်တာနက်ဝက်ဘ်ဆိုက်၌ဖော်ပြထားသည်။