images
UN
UN
ဓမ္မာရုံအိမ်သာမှ အညစ်အကြေးများ ရှင်းလင်းပေးစေလို
Wednesday, 24 April 2019
ရန်ကုန်တိုင်းဒေသကြီး(မြောက် ပိုင်း)ခရိုင် လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက် ဦးပုညလမ်းရှိ မဟာဝိဇယဓမ္မာရုံသည် အလှူပွဲ များ၊ မင်္ဂလာဧည့်ခံပွဲများကျင်းပ ခြင်းကြောင့် အများသုံးအိမ်သာမှ အညစ်အကြေးများ ပြင်ပသို့လျှံ ထွက်နေခြင်းကြောင့်ပတ်ဝန်းကျင် နေပြည်သူများ အနံ့ဆိုးများကို နေ့စဉ်ရှူရှိုက်နေရခြင်း၊၄င်းဓမ္မာရုံ မျက်နှာစာရှေ့၌ ဈေးဆိုင်များငှား ရမ်းထားခြင်းကြောင့် ရေမြောင်း များ ပိတ်ဆို့လျက်ရှိနေခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူတို့က စည်ပင်ဥပဒေနှင့်အညီထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် ပတ်ဝန်းကျင်နေ ပြည်သူတချို့က လိုလားလျက်ရှိသည်ဟု သိရ သည်။
(လှိုင်သာယာသား)