images
UN
UN
ရာသီမရွေးသောက်သုံးရေဖူလုံစေရေး ဒူးတိုကျေးရွာတွင်အဝီစိစက်ရေတွင်းတူးဖော်ပေး
ငြိမ်းသူ(စလင်း) Wednesday, 24 April 2019
ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် သာယာဝတီမြို့နယ် သုံးဒေါင့်ကန်ကျေးရွာအုပ်စု ဒူးတို ကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှုမရှိစေ ရေးရည်ရွယ်၍ စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများအား ဆောင် ရွက်ပေးလျက်ရှိကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
သာယာဝတီမြို့နယ် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် အတွင်း UNICEF မှလှူဒါန်းငွေ ကျပ် ၅ ဒသမ ၈ သန်းဖြင့် လေး လက်မစက်ရေတွင်း တစ်တွင်း၊ ရေစက်ရုံတစ်ခု၊ ဂါလန် ၁ဝဝဝ ဆံ့ အုတ်ရေကန်တစ်ခုတို့ကို ယခု နှစ်ဖေဖော်ဝါရီလအတွင်းက စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်း ပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန တာဝန်ခံအင် ဂျင်နီယာ ဦးအောင်မျိုးထွဋ်(အငယ် တန်းအင်ဂျင်နီယာ-၂)ထံမှ သိရ သည်။
ဆက်လက်၍ ယခုတူးဖော် ဆောင်ရွက်နေသည့် စက်ရေတွင်း နှင့်ဆက်စပ်လုပ်ငန်းများ ဆောင် ရွက်ပြီးစီးမှုကြောင့် ဒူးတိုကျေးရွာ ရှိ အိမ်ခြေ ၁၄၇ အိမ်မှ လူဦးရေ ၆၁၁ဦး အပါအဝင် ကျွဲ၊ နွား တိရစ္ဆာန်များပါ သောက်သုံးရေဖူ လုံစွာရရှိရေးအတွက် အကျိုးပြု မည်ဖြစ်ကြောင်း သိရသည်။