images
UN
UN
လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တာချီလိတ်မြို့၌ပြုလုပ်
ယာဆေး(တာချီလိတ်) Wednesday, 24 April 2019
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (၁)ရုံးခန်းမ၌ လူကုန် ကူးမှုတားဆီးကာကွယ်ရေး လုပ် ငန်းညှိနှိုင်းအစည်းအဝေးကို ယမန် နေ့နံနက်၉နာရီကကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ခရိုင်လူ ကုန်ကူးမှု တားဆီးကာကွယ်ရေး ဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာ စကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးပေါ် ထွန်းကအစည်းအဝေးပြုလုပ်ရခြင်း ၏ရည်ရွယ်ချက်နှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင်များ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ချပြရှင်းလင်းခြင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်း စဉ်များအား ရှင်းလင်းတင်ပြခြင်း အပြင် ရှေ့ဆက်လုပ်ငန်းစဉ်များ အားချပြဆွေးနွေးခြင်းများပြုလုပ် ခဲ့ကြပြီး ခရိုင်လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ကော်မတီဝင်များက ဌာနအလိုက်အကြံပြုဆွေးနွေးခြင်း များ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် လူကုန်ကူးမှုတား ဆီးကာကွယ်ရေးဥက္ကဋ္ဌ ဦးမြင့်နိုင် က နိဂုံးချုပ်အမှာစကားပြောကြား ရာတွင် မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်နှိမ် နင်းရေးလုပ်ငန်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် သတ်မှတ် ဆောင်ရွက်လျက်ရှိရာလုပ်ငန်းများ ကိုအရှိန်အဟုန်မြှင့်တင်၍ ပူးပေါင်း ဆောင်ရွက်သွားကြရန်၊ လုပ်ငန်း လိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ညှိနှိုင်းအစည်းအဝေးအပြီး တွင် ခရိုင်လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့ဝင် ခရိုင်အမျိုး သမီးရေးရာအသင်းနှင့် မိခင် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဌေးဌေးမော်နှင့်အသင်း ဝင်များက တာချီလိတ်မြို့မရဲစခန်း (ပ)၁၆၁/၂ဝ၁၉၊လကက ၂၄/ ၃၂ အမှုမှစည်းရုံးခံရသူ မနာကော်အား နှစ်သိမ့်ဆွေးနွေးမှုများပြုလုပ်ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။