images
UN
UN
ကျေးလက်ဖွံ့ဖြိုးရေး စည်းရုံးရေးမှူးသင်တန်းဖွင့်
လင်းထက် Wednesday, 24 April 2019
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့ နံနက်၉နာရီတွင် သဲကုန်းမြို့မြို့နယ်ခန်းမ၌ကျေးလက်ဖွံ့ဖြိုးရေးစည်းရုံးရေးမှူးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ရှေးဦးစွာ ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေး မှူးဦးသိန်းထိုက်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူထု ဗဟိုပြုစီမံကိန်းအား တာဝန်ယူအကောင်အထည်ဖော်ဆောင် ရွက်နေသော တာဝန်ရှိဝန်ထမ်းများ၊ လူထုစည်းရုံးရေးမှူးများ၊ လက်ထောက်နည်းပညာမှူးများနှင့် သင်တန်းဆရာ ဆရာမသုံးဦး စုစုပေါင်း ၇၈ ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကို ယမန်နေ့မှ ယခုလ ၂၆ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။