images
UN
UN
မော်လမြိုင်တွင် တရားမဝင်ဓာတ်ဆီရောင်းချသူများကို အမှုဖွင့်အရေးယူ
နိုင်နိုင်(မွန်) Thursday, 25 April 2019
မွန်ပြည်နယ်မော်လမြိုင်မြို့နယ် ရေနံ ထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်း ကြီးကြပ်ရေးဆပ်ကော်မတီအဖွဲ့ဥက္ကဋ္ဌ မော် လမြိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ဇေယျာသီရိနယ်မြေရဲစခန်းမှ ဒုရဲအုပ်ဝင်းမောင်မောင်သိန်းဦးစီး တပ်ဖွဲ့ဝင် များပါဝင်သောပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက် ၁၁ နာရီခွဲက တရားမဝင် ဓာတ်ဆီများ ရောင်းချလုပ်ကိုင်နေကြောင်းသတင်းအရ သက်သေများနှင့်အတူမော်လမြိုင်မြို့ ဇေယျာ သီရိရပ်ကွက်လှိုင်ဈေးလမ်းအမှတ် (၂၄၉)နေ ဒေါ်တင်အေး(၆၄နှစ်)၏နေအိမ်ကို ဝင်ရောက် ရှာဖွေခဲ့ရာ ၅၅၅ တံဆိပ်ပါ ၁ဝ ဂါလန်ဆံ့ အဖြူရောင်ကော်ဘူးဖြင့် ထည့်ထားသော ဓာတ်ဆီ ၁ဝဂါလန်ထည့်ထားသည့်အနီရောင် အဖုံးပါ ပုလင်း ၃ဝ နှင့် အပြာ ရောင်အဖုံး ပါ Sprite ဘူးကြီး ရှစ်ဘူး စုစုပေါင်း ဓာတ်ဆီ ၁၇ ဂါလန် (ခန့်မှန်း ကာလတန်ဖိုး ငွေ ကျပ် ၆၈ဝဝဝ)၊ ဓာတ်ဆီများရောင်းချ ရာတွင် အသုံးပြုသည့် ဂါလန်ခွက် တစ်ခွက်၊ သံဆီကတော့ကြီးတစ်ခု၊ ကော်ဆီကတော့ အသေးတစ်ခု၊ အစိမ်းရောင် ဆီစစ်တစ်ခုတို့ နှင့် အတူ အရှည် ငါးပေခန့်ရှိ အဖြူရောင်ဆီ စုပ်ပိုက်တစ်ချောင်းတို့နှင့်အတူ ဖမ်း ဆီးရမိ သဖြင့်သိမ်းဆည်းခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ် သက်၍ ဇေယျာသီရိနယ်မြေရဲစခန်းမှ ဒေါ် တင်အေးအပေါ် (ပ)၁၇ဝ၄/ ၂ဝ၁၉၊ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။