images
UN
UN
အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဓာတ်ဆားများ ရေသန့်ဘူးများဖြန့်ဝေ
နိုင်ဝင်း(တောင်တွင်းကြီး) Thursday, 25 April 2019
တောင်တွင်းကြီးမြို့၏ ရာသီ ပူပူနေပူပူအောက်တွင် ဝမ်းရေး အတွက် လှုပ်ရှားရုန်းကန်နေကြ သည့် ဆိုက်ကားဂိတ်၊ မြင်းလှည်း ဂိတ်၊ ဆိုင်ကယ်တက္ကစီဂိတ်၊ ကုန် တင်ကုန်ချနေရာများနှင့် လူစည် ကားရာနေရာများမှ ပြည်သူများ အား အပူဒဏ်အန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးလက် ကမ်းစာစောင်များ၊ ဓာတ်ဆားထုပ် များ၊ျွသပေီူ အားဖြည့် အချို ရည်ဘူးများ၊ သောက်ရေသန့်ဘူး များကို စန္ဒာ-သူရိယ ကျန်းမာ ပညာကူညီရေးအသင်းမှဦးဆောင် ၍ စိတ်တူကိုယ်တူညီအစ်ကိုများ၊ တူညီနှလုံးသား အစ္စလာမ်လူငယ် လူမှုပရဟိတအဖွဲ့ဝင်များပူးပေါင်း ပြီး စတုတ္ထအကြိမ်မြောက်အဖြစ် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ ခန့်မှစ၍ ဝေငှပေးခဲ့ကြောင်း သိရသည်။