images
UN
UN
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မော်စကိုမြို့ရှိ MIG-29 Service Support Center သို့ သွားရောက်ကြည့်ရှုလေ့လာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးက တည်ခင်းဧည့် ခံသည့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့တက်ရောက်
Thursday, 25 April 2019
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည် ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် တပ် မတော် အရာရှိကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုးတို့လိုက်ပါပြီး ယမန်နေ့ မွန်းလွဲ ပိုင်းတွင် မော်စကိုမြို့ရှိ MIG - 29 Service Support Center သို့ ရောက်ရှိကြရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား MIG - 29 Service Support Center အစည်းအဝေး ခန်းမတွင် ညွှန်ကြားရေးမှူးချုပ်ကလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း ပြောကြားရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မေးမြန်းဆွေးနွေးပြီး စက်ရုံ အတွင်း လှည့်လည်ကြည့်ရှုလေ့လာသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu က ရှစ်ကြိမ်မြောက် မော်စကို နိုင်ငံတကာ လုံခြုံရေးဆိုင်ရာညီလာခံ (8th Moscow Conference on International Security) တက်ရောက်လာကြသည့် နိုင်ငံများမှ ကိုယ်စားလှယ်များအား တည်ခင်းဧည့်ခံ သည့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။