images
UN
UN
မြို့မဈေးကြီးအတွင်း ဝရိန်ဆော်ရာမှမီးလောင်မှုဖြစ်ပွား
ဇော်မင်းနိုင်(မြင်းခြံ) Thursday, 25 April 2019
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မြို့မဈေးကြီးအတွင်း ဝရိန်ဆော်ရာမှမီးပွားစင်၍ ယနေ့နံနက် ၁ဝ နာရီ ၁၅မိနစ် ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြင်းခြံမြို့ မြို့မဈေးကြီးအတွင်း ဆိုင်ရှင်ဦးကို ဒါးပိုင်ဆိုင်သော ဆိုင်ခန်းအမှတ် (၃၉-၄ဝ)ကုန်မာဆိုင် အမိုးတန်း အား ဝရိန်ဆော်သူ ဦးအောင်ဇော်မြင့်က ဝရိန်ဆော်စဉ်မီးပွားလွင့် စဉ်ရာအောက်ရှိဆိုင်ထဲမှ ဂက်စ်ဘူးပေါ်သို့ ကျရောက်မီးစတင် လောင်ကျွမ်းခဲ့ရာ ဂက်စ်ဘူးသုံးဘူးနှင့် ကုန်မာပစ္စည်းအနည်း ငယ်မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်ကျွမ်းမှုဖြစ်ပွားခြင်းကြောင့် ဘေးပတ်ဝန်းကျင်သို့ ကူးစက်လောင်ကျွမ်းမှုမရှိခြင်း၊လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့မြင်းခြံမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး သောင်းဝင်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြင်းခြံခရိုင် မီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင်နှင့်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့မဈေးကြီးအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ များနှင့်အတူ မီးသတ်ယာဉ်ငါးစီး၊ ရေသယ်ယာဉ်သုံးစီးတို့ဖြင့် ဝိုင်း ဝန်းငြှိမ်းသတ်ခဲ့ရာနံနက် ၁ဝနာရီ ၁၈မိနစ်ခန့်တွင် လုံးဝမီးငြှိမ်း သတ်ခဲ့ကြောင်းသိရသည်။ အဆိုပါမီးလောင်မှုဖြစ်ပွားစေသူ ဦးအောင်ဇော်မြင့်ဝရိန်ဆော်သူအား မြင်းခြံမြို့မရဲစခန်းမှ(ပ) ၃၆၇/ ၂ဝ၁၉ရာဇသတ်ကြီးပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။