images
UN
UN
မြန်မာအလုပ်သမားများ နေရပ်သို့ပြန်လာသည့်ကား သစ်ပင်ဝင်တိုက် နှစ်ဦးပြင်းထန်စွာဒဏ်ရာရ
မောင်စိန်ဝင်း Thursday, 25 April 2019
ထိုင်းနိုင်ငံ၌ယနေ့နံနက်အစော ပိုင်းက နေရပ်သို့ ပြန်ကြသော မြန်မာအလုပ်သမား ၁ဝ ဦးစီးနင်း လိုက်ပါလာသည့် ယာဉ်မတော် တဆတိုက်မိမှုဖြစ်ပွားခဲ့သောကြောင့် မြန်မာအလုပ်သမားနှစ်ဦးမှာ ဒဏ် ရာပြင်းထန်စွာရရှိပြီး ရှစ်ဦးမှာ ပွန်း ပဲ့ဒဏ်ရာများသာ ရရှိခဲ့သည်ဟု မြို့ တော်ဘန်ကောက်ရှိအလုပ်သမား သံအရာရှိရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ဒေသစံတော် ချိန် နံနက် ၄ နာရီခွဲက ထိုင်းနိုင်ငံ 'ကန်ဖယ်ဖစ်ခရိုင်' ကိုစံဖီနခွန် နယ်မြေဖြစ်သော ကိုစံဖီနခွန်ရပ် ကွက် အုပ်စု (၁၉) ကန်ဖယ်ဖစ်-တာ့ခ်လမ်းကြောင်း ဖဟိုရိုထီလမ်း မပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွား ကြောင်းသတင်းအရ ကိုစံဖီနခွန် ရဲစခန်းမှ စစ်ဆေးရေးအရာရှိများ၊ ကန်ဖယ်ဖစ်ခရိုင်ကယ်ဆယ်ရေး Call Center နှင့် ကိုစံဖီနခွန်ဆေးရုံ မှကယ်ဆယ်ရေး ယာဉ်များအပါ အဝင် လူမှုဝန်ထမ်းအဖွဲ့များမှ အခင်းဖြစ်ပွားရာ နေရာသို့သွား ရောက်ကြရာ အခင်းဖြစ်ပွားရာ နေရာ၌ Toyota လွတ်တုတ်(ဗင်) ယာဉ်အမှတ်------ ယာဉ်မှာ လမ်းဘေးသစ်ပင်ကြီးအား ဝင် ရောက်တိုက်မိပြီးယာဉ်တစ်စီးလုံး မှာကြေမွပျက်စီးကာယာဉ်ပေါ်ပါ မြန်မာအလုပ်သမားနှစ်ဦး ပိတ်မိနေ သည်ကိုတွေ့ ရှိကြရခြင်းဖြစ်သည်။
အခင်းဖြစ်စဉ်ကြောင့်ကယ် ဆယ်ရေးအဖွဲ့ဝင်များမှ ဖြတ် တောက်ကိရိယာများဖြင့် အလျင် အမြန် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်းသိရပြီး ယာဉ်ပေါ်ပါ မြန်မာအလုပ်သမား ခရီးသည်များနှင့် ထိုင်းနိုင်ငံသား ယာဉ်မောင်းအပါအဝင် ၁၁ ဦး အနက်ထိုင်းနိုင်ငံသား ယာဉ်မောင်း ဖြစ်သူ မစ္စတာထွန်ဖူချနကျန် အသက် (၂၇ နှစ်)မှာ အခင်းဖြစ် နေရာ၌ သေဆုံးခဲ့ကြောင်း သိရ သည်။ ဒဏ်ရာရ မြန်မာအလုပ် သမား ၁ဝ ဦးအနက် မြန်မာ အလုပ်သမားနှစ်ဦးမှာပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရပြီးကျန် အလုပ်သမား ရှစ်ဦးမှာ ထိခိုက် ပွန်းပဲ့ဒဏ်ရာရ (မစိုးရိမ်ရ) ရရှိခဲ့ ကာ ဒဏ်ရာရရှိသော မြန်မာ အလုပ်သမား ၁ဝ ဦးအား ကယ် ဆယ်ရေးအဖွဲ့မှ ကန်ဖယ်ဖစ်ဆေး ရုံသို့တင်ပို့ကုသထားကြောင်းလည်း သိရသည်။
ယာဉ်ပေါ်လိုက်ပါလာကြသည့် မြန်မာအလုပ်သမားများသည် ထိုင်း-မြန်မာနယ်စပ်ဖြစ်သော တာ့ခ် ခရိုင် မဲဆောက်မြို့၌ဗီဇာ သက် တမ်းတိုးရန်အတွက် ဘန်ကောက် မြို့မှ ယမန်နေ့ ဒေသစံတော်ချိန် ည ၁ဝ နာရီခွဲခန့်က စတင်ထွက် ခွာလာခဲ့ကြခြင်းဖြစ်ပြီး ခရီးသည် များအားလုံး အိပ်ပျော်လိုက်ပါလာ ခဲ့ကာ ယာဉ်တိုက်မှုဖြစ်ခိုက်အားလုံး လန့်နိုးသတိရရှိ၍ ယာဉ်ပေါ်မှ ဆင်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရ သည်။
အဆိုပါ ယာဉ်တိုက်မှုနှင့်စပ် လျဉ်း၍ ယာဉ်မောင်းနှင်သူသည် ယာဉ်မောင်းနှင်ရာမှ အိပ်ငိုက်ပြီး လမ်းဘေးသစ်ပင်အား ဝင်ရောက် တိုက်မိခြင်းဖြစ်နိုင်ကြောင်းစစ်ဆေး ရေးအရာရှိများက မှတ်ချက်ပြုထား ကြောင်းလည်း သိရသည်။