images
UN
UN
မော်စကိုမြို့ရှိ မြန်မာ့ထေရဝါဒဗုဒ္ဓဝိဟာရကျောင်းတိုက်ဆရာတော်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်ဖူးမြော်
Thursday, 25 April 2019
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် တပ်မတော်အရာရှိ ကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာ စစ်သံ(ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ် ကျော်စိုးမိုးတို့လိုက်ပါလျက် ယမန် နေ့ မွန်းလွဲပိုင်းတွင် မော်စကိုမြို့ ဘာလာရီးခါရပ်ကွက်ရှိ မြန်မာ့ ထေရဝါဒဗုဒ္ဓဝိဟာရကျောင်းတိုက် သို့ ရောက်ရှိကြပြီး ကျောင်းထိုင် ဆရာတော်ဒေါက်တာအရှင်အစ္ဆရိယ အားဖူးမြော်ကြည်ညို၍
မြန်မာ့ထေရဝါဒဗုဒ္ဓဝိဟာရကျောင်းတိုက် အတွင်း ဓမ္မာရုံတည်ဆောက်မည့် အခြေ အနေများနှင့် ကျောင်းတိုက် တိုးချဲ့တည် ဆောက်ရန် စီစဉ်ဆောင်ရွက်နေမှုများ၊ ကမ္ဘာ့ယဉ်ကျေးမှုပေါင်းစုံပြတိုက်ပန်းခြံ အတွင်း ရွှေစည်းခုံစေတီတော် ပုံစံတူ တည်ထားကိုးကွယ်ရန်ဆောင်ရွက်နေသည့် အခြေအနေများနှင့် လိုအပ်ချက်များအား မေးမြန်းလျှောက်ထားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများ က လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူ ငွေများအား ဆက်ကပ်လှူဒါန်းကြပြီး ကျောင်းတိုက် တိုးချဲ့တည်ဆောက်ရန် ဆောင်ရွက်နေမှုများအား ကြည့်ရှုကြသည်။
ထို့နောက် ကျောင်းတိုက်ရှေ့တွင် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကရုရှား နိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ရုံးမှ မိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ပြီး လိုအပ်ချက်များ မေးမြန်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ ချီးမြှင့်ငွေ များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။