images
UN
UN
ဆူဇူကီးမှ ထိုင်ခုံခုနစ်ခုံပါမော်တော်ယာဉ်အမျိုးအစားသစ် မြန်မာနိုင်ငံတွင်စတင်မိတ်ဆက်
အေးချမ်းပိုပို Friday, 26 April 2019

ဆူဇူကီးမြန်မာမော်တာကုမ္ပဏီ လီမိတက်(ှSuzuki Myanmar Motor Company Limited)မှ ထိုင်ခုံ ခုနစ်ခုံပါမော်တော်ယာဉ် အမျိုးအစားသစ်all-new Suzuki Ertiga အမျိုးအစားကားကို မြန်မာ နိုင်ငံဈေးကွက်တွင် စတင်မိတ် ဆက်လိုက်ကြောင်းယနေ့နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂ နာရီ အထိ ဆူဇူကီးစက်ရုံတွင် ကျင်းပသည့်SuzukiNew car launchingပွဲမှသိရသည်။
''ကျွန်တော်တိုရဲ့အခု Ertiga ကားသစ်ကအရင်ကErtiga အမျိုး အစားကားတွေထက် အရွယ်အစား ပိုကျယ်၊ ပိုရှည်ပြီး ပိုမြင့်သွားပါ တယ်။ ဒီနေ့ခေတ်ဝယ်ယူသူတွေရဲ့ အမြဲပြောင်းလဲနေတဲ့ လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကား ကိုယ်ထည်ကိုလည်း အကောင်းဆုံး ဇိမ်ခံပစ္စည်းတွေနဲ့ပြုလုပ်ထားပြီးfreestanding touchscreen infotainment system လို့ခေါ်တဲ့ ကားတွင်း ဖျော်ဖြေရေးစနစ်ကို လည်းတပ်ဆင်ပေးထားပါတယ်။ Ertigaumကားသစ်ကိုတခြားကျွန်တော် တို့ရဲ့ နာမည်ကျော်ကားတွေဖြစ်တဲ့ Swift နဲ့Ciaz တို့နဲ့ အလားတူပဲ ရန်ကုန်သီလဝါစက်မှုဇုန်မှာရှိ တဲ့ ကျွန်တော်တို့စက်ရုံမှာပဲ ထုတ် လုပ်ထားတာဖြစ်ပါတယ်'' ဟု ဆူဇူကီးမြန်မာမော်တာကုမ္ပဏီ လီမိတက်၏မန်နေဂျင်းဒါရိုက်တာMr.Kelichi Asano ကပြောသည်။
Ertiga ကားသစ်ကို အဖြူ ရောင်၊ အနက်ရောင်နှင့်အညိုရောင် စသည့်အရောင်သုံးရောင်ဖြင့်ထုတ် လုပ်ထားပြီး ယနေ့မှစတင်၍မြန်မာ တစ်နိုင်ငံလုံးရှိ အရောင်းပြခန်းများ တွင် သွားရောက်လေ့လာ ဝယ်ယူ နိုင်ပြီဖြစ်ပြီးခဲရောင်ကို ၂ဝ၁၉ခုနှစ် အောက်တိုဘာလတွင် ဝယ်ယူနိုင် မည်ဖြစ်ကြောင်း သိရသည်။