images
UN
UN
အပူချိန်မြင့်မားခြင်းကြောင့် Aircon နှင့်Air Cooler အီလက်ထရွန်နစ်ပစ္စည်းများရောင်းအားကောင်းနေ
သူရကို Friday, 26 April 2019

ရန်ကုန်မြို့တွင် အပူချိန်မြင့် တက်လာခြင်းကြောင့် Aircon နှင့် Air Cooler များသည် ယခင်နှစ် ထက်ရောင်းအားကောင်းနေကြောင်း အီလက်ထရွန်နစ် အရောင်းဆိုင် များမှ သိရသည်။
သင်္ကြန်အပြီးကာလမှအပူချိန် သည် ပိုမိုမြင့်တက်လာခြင်းကြောင့် Aircon နှင့် Air Cooler များမှာ ယခင်နှစ်များကထက် ရောင်းအား မြင့်တက်လာကြောင်း သိရသည်။
သုံးစွဲသောပြည်သူများအနေ ဖြင့် အဲကွန်းများအပြင် ပန်ကာ အစားရေ၊ရေခဲတို့ဖြင့် တွဲသုံးနိုင် သောAir Cooler များကိုပါ အသုံးပြုလာကြခြင်းဖြစ်ကြောင်း သိရသည်။
Air Cooler အသုံးပြုသူများ က မီးအားမနိုင်ခြင်း၊ အဲကွန်းတပ် ဆင်ရန်နေရာအခက်အခဲရှိနေခြင်း များကြောင့် Air Coolerကိုအသုံး ပြုခြင်းဖြစ်ကြောင်း သိရသည်။
Aircon နှင့်Air Cooler များ ရောင်းအားမြင့်လာပြီးရောင်းချသည့် ဈေးနှုန်းများကလည်း အနည်း ငယ်မြင့်တက်မှုရှိလာကြောင်း သိရ သည်။ လက်ရှိအများစုက အဲကွန်း ကိုပိုမိုအသုံးပြုကြခြင်းဖြစ်ကြောင်း သိရသည်။
ဈေးကွက်အတွင်းတွင်အဲကွန်း ဈေးနှုန်းများအနေဖြင့် အနည်းဆုံး ငွေကျပ်၂၈ဝဝဝဝမှအများဆုံး လေး သိန်းကျော်အထိရှိပြီး အဲကိုလာ ဈေးနှုန်းများကအနည်းဆုံးငွေကျပ် ၄ဝဝဝဝကျော်မှ အများဆုံးနှစ်သိန်း ဝန်းကျင်ရှိနေကြောင်း သိရသည်။