images
UN
UN
ရေနံချောင်း၌ ပြောင်းဖူးစေ့အဝယ်အနည်းငယ်ပြန်သွက် ငမြှောင်တောင်ပိုးကျရောက်ခြင်းမရှိ၍ စိုက်သူများနေ
ဆန်းညွန့်(ရေနံချောင်း) Friday, 26 April 2019


မကွေးတိုင်းဒေသကြီး ရေနံ ချောင်းမြို့နယ်၌ စိုက်ပျိုးထွက်ရှိ သောပြောင်းဖူးစေ့များအနည်းငယ် အဝယ်သွက်လာကာ မျိုးပဲအဖြစ် ဝယ်ယူနေကြောင်း ဈေးကွက်မှ သိရသည်။
''ပြောင်ဖူးစေ့ကို မိုးရာသီနှင့် ဆောင်းရာသီတွင် သီးညှပ်နှင့်သီး သန့်အဖြစ် စိုက်ပျိုးကြတယ်။ယခုလိုနွေရာသီတွင် ထိုင်ဝမ် ပြောင်းများသာ ဖူးစားပြောင်း အဖြစ် စိုက်ကြတာပါ။ လက်ရှိ ပြောင်းဖူးစေ့ဈေး ရိုးရိုးစီပီပြောင်း တစ်တင်းကျပ် ၁၄ဝဝဝ ကနေ ကျပ်၁၆ဝဝဝဈေးရှိပြီး အမျိုးအစား အလိုက် ဈေးအနိမ့်အမြင့်ရှိတယ်။ ယခင်မတ်လလယ်တွင် စီပီပြောင်း တစ်တင်းကျပ် ၁၄၅ဝဝ ဈေးရှိပါ တယ်''ဟု ပင်းဝကျေးရွာအုပ်စုမှ တောင်သူတစ်ဦးကပြောသည်။
''ထိုင်ဝမ်ပြောင်းကတော့ ကျောင်းဖွင့်ချိန်နီးလာတဲ့အတွက် ရာသီစာဖူးစားပြောင်းအဖြစ်ရောင်း ကြဖို့ ယခုစိုက်နေကြတယ်။ဒီတော့ စိုက်သူများက ပျိုးစေ့အဖြစ်ဝယ် တယ်။ငမြှောင်တောင်ပိုးကျရောက် မှုမရှိတာကြောင့် စိုက်သူများလာ တယ်''ဟု မာန်မြေကျေးရွာအုပ်စု တောင်သူဦးတင်ဝင်းကပြောသည်။
ဈေးကွက်တွင်ပြောင်းဖူးစေ့ကို ကြက်မွေးမြူရေးလုပ်ငန်းများက အစာကုန်ကြမ်းနှင့်မျိုးပဲအဖြစ် ဝယ် ယူကြောင်း၊ အနည်းငယ်အဝယ် သွက်လာကြောင်း သိရသည်။