images
UN
UN
နွေစပါးစိုက်ပျိုးချိန် ပျိုးနုတ်သူများဝင်ငွေရွှင်
နွေနဒီ(မြစ်ငယ်) Friday, 26 April 2019

မန္တလေးမြို့နှင့်အနီးတွင် ဆည် တော်ကြီးမှစိုက်ရေများအပြည့်အဝ လွှတ်ပေးနေသည့်အတွက် တောင် သူများလယ်စိုက်ပျိုးမှုအဆင်ပြေ လျက်ရှိသည်။ ထယ်ရေးပြင်မှုတွင် စက်စွမ်းအားကို အဓိကအသုံးပြု ကာ လယ်ထွန်စက်ကြီးများကိုငှား ရမ်းထွန်ယက်ကြသည်။ ထယ်ရေး ပိုမိုကောင်းစေရန်အတွက် နွားအား ဖြင့် ကြမ်းညှိခြင်းများကိုလည်း ဆောင်ရွက်ကြသည်။ နွားတစ်ရှဉ်း လျှင်ငွေကျပ် ၈ဝဝဝ၊ လက်တွန်း လယ်ထွန်စက်ခတစ်ဧကလျှင် ငွေ ကျပ် ၁၇ဝဝဝ၊ လယ်ထွန်စက်ကြီး များမှာ တစ်ဧကလျှင်ငွေကျပ် ၂၅ဝဝဝ ဖြင့် အငှားထွန်ယက်ကာ နွေစပါးစိုက်ပျိုးလာကြသည်။
လက်ရှိကာလနွေစပါးစိုက်ပျိုး ချိန်ဖြစ်သည့်အတွက် ပျိုးနုတ်သူ များမှာလည်း ဝင်ငွေရွှင်လျက်ရှိ ကြောင်း သိရသည်။
လယ်ယာစိုက်ပျိုးရာတွင်လယ် လုပ်သားရှားပါးလာခြင်း၊ ကောက် စိုက်သူရှားပါးလာခြင်းတို့ကြောင့် တောင်သူများမှာ ကောက်စိုက်ခ၊ ပျိုးနုတ်ခတို့ကို ကြိုတင်ပေးကာ အလောတကြီးရက်ချိန်းယူနေကြ ရသည်။ ပျိုးနုတ်ရာတွင် ပျိုး ချေးမပါရေး၊ ပျိုးပင်မပြတ်ရေး အတွက် ကျွမ်းကျင်သူများကိုသာ ရွေးချယ်ခေါ်ကြရသည့်အတွက် ပျိုးနုတ်သူတို့လက်မလည်ကာ ဝင် ငွေရွှင်နေကြောင်း သိရသည်။ ပျိုး တစ်ရာလျှင်ငွေကျပ် ၁ဝဝဝ ပေး ၍ငှားလာကြရသည်။ ပျိုးနုတ်သူ တစ်ဦးလျှင် တစ်နေ့ပျိုးရှစ်ရာမှ တစ်ထောင့်ငါးရာအထိပြီးစီးသည်။ယခင်နှစ်များတွင်ပျိုးတစ်ရာနုတ်ခ ငွေကျပ် ၉ဝဝ သာပေးကြရပြီး ယခုနှစ်တွင် လယ်လုပ်သားရှား ပါးလာခြင်းတို့ကြောင့် ဈေးကြီး ပေးကာ ငွေကိုကြိုတင်ပေးချေကာ ရက်ချိန်းယူရကြောင်း တောင်သူ တစ်ဦးက ရှင်းပြသည်။
ပုသိမ်ကြီးမြို့နယ်ထဲမှ လယ် စိုက်သူများသည် ဧရာမင်းစပါး နှင့်အခြားစပါးမျိုးများကို စိုက်ပျိုး ကြသည်။စပါးအထွက်နှုန်းကောင်း စေရန်အတွက် ပျိုးထောင်ချိန်မှ စတင်ကာစနစ်တကျပျိုးထောင်ကာ စိုက်ပျိုးကြသည်။ ပျိုးထောင်ရာ တွင် လယ်တစ်ဧကလျှင်စပါးသုံး တင်းနှုန်း ပျိုးစည်းရေတစ်ထောင် ထွက်တွက်ကာ ပျိုးထောင်ကြ သည်။ ပျိုးထောင်ပြီးသည့်ရက်မှ စကာ ၄၅ရက်သားအရွယ်သည် အကောင်းဆုံးနှင့်အကြမ်းခံဆုံး ပျိုး သက်ပင်ဖြစ်သည်ဟုသိရသည်။လက်ရှိကာလနွေစပါးစိုက်ပျိုးချိန် တွင် ပျိုးနုတ်သူများ ဝင်ငွေရွှင် လျက်ရှိကြောင်း သိရသည်။