images
UN
UN
ပေါ့ပေါ့ဆဆပြုကြလျှင် တစ်မျိုးသားလုံး သူ့ကျွန်ဘဝပြန်ရောက်ကြမည်
မောင်ကျော်ဟိုး(မဟာဝိဇ္ဇာ) Friday, 26 April 2019
'နှုတ်ခမ်းမွေး ပါချင်ပါလာပါ။ မုတ် ဆိတ်မွေး ပါချင်ပါလာပါ။ ကုလား တရုတ် မငြင်းပါ။ ကျုပ်အတင်းယူမှာ၊ အခုများတောင် လင်လိုချင်လှပြီ'
'ခွင့်လွှတ်ပါခင်ဗျာ။ ဒီသီချင်းပျက် က လေးဖြင့် ဥပမာမပေးလျှင် မဖြစ် လွန်း၍သာ ဖော်ပြလိုက်ရပါသည်။ ကျွန် တော်တို့ ဗမာအမျိုးသမီးအချို့ဖြစ်ခဲ့ကြ ပုံက ဤသီချင်းထဲကလိုပင် 'ထဘီ မနိုင် ပဝါမနိုင် ခေါင်းကပန်းခိုင် ပြုတ် ကျချည်ရဲ့' ဆိုရမလောက်ပြောစရာ ဖြစ်နေပါသည်။'
နောင်နွယ်နီ
(၁၂-၂-၇၁ ရက်နေ့ထုတ်၊ ရွှေတူဂျာနယ်၊ မျိုးစောင့် စိတ်ဓာတ်မွေးကြပါ ဆောင်းပါးမှ)
'ဤလောက၌ အချစ်အမျိုးမျိုး ရှိသည့်အနက် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသကို ချစ်သောအချစ် ထက် မြတ်သောအချစ်မရှိ'ဟူ၍လည်း ရတနာ ဂီရိမှ သီပေါမင်းအမှတ်တရစာအုပ်တွင် သင်္ဘောသား မောင်အေးသိန်းက ဖွင့်ဟ ဖော်ပြရေးသားထားသည်ကို တွေ့ရ သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်(ငြိမ်း) သည် ၂ဝ၁၂ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် နေ့က အိန္ဒိယသမ္မတနိုင်ငံ ရတနာဂီရိ မြို့သို့ ရောက်ခဲ့သည်။ သီပေါမင်းနှင့် မိဖုရားငယ် ရမည်းသင်းစုဖုရားကလေး တို့၏ အုတ်နန်းပြာသာဒ်နှင့် ပထမသမီး တော်တို့၏ အုတ်နန်းပြာသာဒ်တို့ကို ပန်းခွေချ ဆုတောင်းမေတ္တာပို့သည်။ သီပေါမင်း၏ စံအိမ်တော်အပေါ်ထပ်ရှိ သီပေါမင်း၏ ပုံတော်ပန်းချီကား အသုံး အဆောင်များ ပြသထားမှုကို ကြည့် သည်။ မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုးခဲ့သည်။
သည်နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်(ယခုငြိမ်း)သည် ရတနာဂီရိ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ ရတနာဂီရိ မြို့ရှိ သီပေါမင်း၏ ဆွေတော်မျိုးတော် ငါးဦးကို တွေ့ဆုံ၍ ရင်းရင်းနှီးနှီးနှုတ် ဆက်အားပေးစကားပြောကာ ထောက်ပံ့ ငွေများပေးအပ်သည်။ ရတနာဂီရိခရိုင်မှ တာဝန်ရှိသူများအား တွေ့ဆုံပြီး မြန်မာ နိုင်ငံ၏ နောက်ဆုံးဘုရင် ဖြစ်သော သီပေါမင်းအား အိန္ဒိယသမ္မတနိုင်ငံ ရတနာဂီရိသို့ပို့ဆောင်ခံရသကဲ့သို့ အိန္ဒိယ နိုင်ငံ၏ နောက်ဆုံးဘုရင်ဖြစ်သော ဇဖားရှားဘုရင်ကိုလည်း မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ရာ အပြန်အလှန်အားဖြင့် ရတနာဂီရိရှိ သီပေါမင်းနှင့် မိသားစု၏ အုတ်နန်း ပြာသာဒ်တို့ကို ထိန်းသိမ်းစောင့်ရှောက် ပေးစေလိုကြောင်း ပြောကြားခဲ့သည်ကို တွေ့ရသည်။
ဗြိတိသျှနယ်ချဲ့တို့၏ ပရိယာယ်
ဗြိတိသျှနယ်ချဲ့တို့၏ ပရိယာယ်ကို ကြည့်ကြရန်ဖြစ်သည်။ သီပေါဘုရင်ကို ပရိယာယ်ဖြင့် ဖမ်းဆီးခဲ့ပြီး မိဖုရားခေါင် ကြီး စုဖုရားလတ်နှင့် သမီးတော်နှစ်ပါး၊ စုဖုရားငယ်၊ စုဖုရားကလေးတို့နှင့်အတူ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ တွင် မြနန်းစံကျော်ရွှေနန်းတော်မှ ခေါ်ယူ သွားခဲ့သည်။ ဂီရိရတနာဆောင်းပါး၊ မဟာသီပေါမင်းတရားအတွင်းရေးများ စာမျက်နှာ ၂၄၊ ၂၅ တွင် အောက်ပါ အတိုင်း ဖတ်ရှုရပါသည်-
'ကာနယ်စလေဒင်သည် လက်နက် မပါတစ်ကိုယ်တည်း နန်းတော်ထဲဝင်လာ ပြီး သီပေါမင်းအား ''စိုးရိမ်ကြောင့်ကြ ဖြစ်တော်မမူပါနဲ့ဘုရား၊ ကျွန်တော်မျိုး များသည် နက်ဖြန်အပါးတော်ဝင်ပြီး အလိုရှိရာ တောင်းဆိုစာချုပ်၍ ပြန်ပါ မည်'ဟု လျှောက်တင်၍ ပြန်သွားလေ သည်။ ထိုသို့ စလေဒင်လျှောက်တင် ချက်စကားမှာ ကင်းဝန်မင်းကြီး အထက် ကတင်လျှောက်ချက်နှင့် ထပ်တူထပ်မျှ ဖြစ်၍ အင်္ဂလိပ်တို့အကြောင်းကို မသိ သောသူတို့၏ စိတ်တွင် ဟုတ်ကောင်း ဟုတ်ပေလိမ့်မည်ဟု ထင်ဖွယ်ရာရှိပေ ၏''။
အင်္ဂလိပ်စစ်ဗိုလ် စလေဒင်ပြန်သွား ပြီးနောက် နောက်တစ်နေ့တွင် ကုလား စစ်သားနှင့် အင်္ဂလိပ်စစ်သားတို့သည် မြို့တော်ကြီး(မန္တလေးမြို့တော်ကြီး)ကို လည်းကောင်း၊ အတွင်းစစ်တပ်ကိုလည်း ကောင်း၊ နန်းတော်ကိုလည်းကောင်း အသီးသီးဝိုင်းကြလေ၏။ ဘုရင်နှင့်တကွ ရိုးလှသော မြန်မာတို့မှာ အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို အပြီးသတ် သိမ်းယူ ကြောင်း မရိပ်မိရှာကြပေ''
''အကယ်ပင် စာချုပ်ရအောင်လာ သည်ဟု စလေဒင်၏စကားကို ယုံကြည် နေသေးသော ဘုရင်မင်းမြတ်သည် ''ဥယျာဉ်တော်ကို ခေတ္တခဏသာ ရွှေ့ ဆင်းတော်မူပါဘုရား၊ နောက်စာချုပ် ဆိုပြီး အသျှင်နန်းမတော်ဘုရားလည်း နန်းတော်ကြီးမှာပင် မီးရှူးသန့်စင်တော် မူပါဘုရား''ဟု စလေဒင် လျှောက် စကားကို ကြားရလျှင် ဘုရင်မင်းကြီး က ''စလေဒင်မနေ့က စကားတစ်မျိုး ယနေ့စကားတစ်မျိုးပါလား'' မိန့်ဆို တော်မူရာ ''ခေတ္တပါဘုရား''ဟုသာ စလေဒင် တင်လျှောက်လေ၏။ ''မင်း ကြီးဘယ်နှယ် ရှိစ''ဟု ဘုရင်မင်းမြတ် က အနီး၌ခစားလျက်ရှိသော ကင်းဝန် မင်းကြီးအား မိန့်တော်မူသော်လည်း ကင်းဝန်မှာ မည်သို့မျှမလျှောက်တင်ဘဲ ဝပ်ပြားလက်ယှက်၍သာ နေတော့၏''
''မငြင်းဆန်သာဘဲ ဥယျာဉ်တော်သို့ ရွှေ့ဆင်းပြီးနောက် နံနက်စာပွဲတော် တည်ပြီးလျှင် စလေဒင်ရောက်လာပြန် ပြီး ''ရေဆိပ်သင်္ဘောပေါ် ဆင်းတော်မူ ပါဘုရား၊ ခေတ္တလိုက်တော်မူပါဘုရား၊ ဆွေတော်မျိုးတော်များကိုလည်း အရှင် ကြည့်ရှုသကဲ့သို့ ကျွန်တော်မျိုးများ စောင့်ရှောက်ကြည့်ရှုပါမည်'' ဟု လျှောက်ထားသောအခါမှ ရေတိမ်တွင် နစ်ကြောင်း သိရှိရရှာတော့၏။ ထိုအခါ ''ဘယ်နှယ်တုန်း စလေဒင်စကားမမှန် ပါ့လား''ဟု စိတ်အားပျက်စွာနှင့် ဘုရင် မင်းမြတ်က မိန့်တော်မူရာ ''ဘုရင်မ ကြီးဆီက ကြေးနန်းရောက်လို့ပါဘုရား၊ ခေတ္တပါ''ဟုလျှောက်သဖြင့် ''မင်းကြီး များ ကျုပ်ရန်သူလက်သို့ တဖြည်းဖြည်း ရောက်မှန်းမသိရောက်ရပြီ။ နောက်မင်း ကြီးတို့နှင့် တွေ့ဦးမည် ထင်သေးရဲ့ လား''ဟု အမတ်ကြီးများအား သီပေါ မင်းမြတ်က အမိန့်တော်ရှိလျှင် တိုင်တား မင်းကြီးမှာ ဘုရင့်ခြေစုံကို အတင်း ဖက်၍ ချုံးချုံးချရှိလေ၏။ စလေဒင်က ဆွဲထားရ၏။ ကင်းဝန်မင်းကြီးမှာ ခပ်မ ဆိတ်နေလေတော့၏။ စကားမှမပြောဝံ့ တော့ပြီ''
ထိုနောက် လူနာတင်သောထမ်းစဉ် နှင့် ဘုရင်အား တင်ဆောင်ယူမည်ဖြစ် ရာ-
''ငမောက်ကျောက်သည် ကွမ်းသီး လုံး ငယ်ခန့်ရှိ၏။ အကွက်မချထားစင်း ချောပင် ဖြစ်သည်။ လက်စွပ်ကွင်းထား သည်။ တစ်ည၌ သီပေါမင်းမြတ်က အမိန့်တော်ရှိသည်မှာ နန်းစဉ်ငမောက် ကို မင်းတို့မမြင်ဖူးကြဘူး။ လာကြည့် ကြဟု နန်းတော်အခန်းတစ်ခုကို အသျှင် နန်းမတော်ဖုရားနှင့် အပျိုတော်များကို ခေါ်သွား၍ ကလပ်ပေါ်မှာတင်ပြီး အမှောင်ချလျှင် မီးကဲ့သို့ လင်းနေသည်။ နွားနို့ထဲ၊ ဂွမ်းထဲထည့်ပြသောအခါတွင် လည်း ပန်းနီဆိုးထားသကဲ့သို့ နီသည်။ လက်စွပ်ကို မှောက်သောအခါ အရည် တစ်စက်စက်ယိုကျမလို ထင်ရသည်။ ၄င်းကျောက်နီကိုတောင် ဥယျာဉ်နန်း တော်မှာ မနက်ပွဲတော်တည်ပြီး စလေဒင် က ဘုရင်မကြီးကြည့်လိုပါသည်။ ခေတ္တ သနားတော်မူပါတောင်း၍ သင်္ဘော မဆင်းခင် ဆင်မြန်းထားတော်မူသော လက်ကချွတ်ပေးခဲ့ရသည်''။
''စလေဒင်ထံတွင် ပြန်အပ်လိုက်ရ သည်မှာ ငမောက်တစ်ခုတည်းမဟုတ် စိန်နားပန် ၃ဝဝ စီထည့်သော သေတ္တာ နှစ်လုံးလည်း ရှိသေး၏။ ထိုသေတ္တာ နှစ်လုံးကိုလမ်းခရီး၌ အနှောင့်အယှက် ဖြစ်မည်စိုး၍ ခေတ္တထိန်းသိမ်းထားရန် နောင်ပြန်ဆက်ပါမည်ဟုလည်း စလေ ဒင်က လျှောက်တင်သောကြောင့် ယုံကြည်အပ်နှံခဲ့သော်လည်း ပြန်မရဘဲ အဆုံးခံရတော်မူ၏။
(ဂီရိရတနာဆောင်းပါး၊ မဟာ သီပေါမင်းတရားအတွင်းရေးများ၊ စာ (၂၄) (၂၅)
နယ်ချဲ့အင်္ဂလိပ်တို့၏ မလိမ့်တစ်ပတ် လှည့်ဖြားမှုကို မြန်မာပြည်သူတို့မမေ့နိုင်၊
နယ်ချဲ့အင်္ဂလိပ်တို့၏ နည်းအမျိုးမျိုး ဖြင့် နယ်ချဲ့မှု၊ လှည့်ဖြားမှုတို့သည် မြန်မာ့သမိုင်းတွင် အထင်အရှားရှိနေ သည်။ ဤဆောင်းပါးသည် သီပေါမင်း ပါတော်မူသည်ကို အဓိကမဟုတ်၊ မြန်မာနိုင်ငံ၏ နယ်မြေအသီးသီးသည် တန်ဖိုးရှိသည့် ရတနာများ ထွက်ရှိရာ နိုင်ငံ၊ သစ်ပင်၊ သစ်တောများပေါများ ရာ နိုင်ငံဖြစ်သည်။ စစ်ရေးစစ်ရာမဟာ ဗျူဟာအရကောင်းမွန်သည့် မြန်မာနိုင်ငံ တည်ရှိနေပါသည်။
သီပေါဘုရင်သည် အမျိုးကို ချစ်၏။ အမျိုးကို စောင့်ရှောက်၏။ ဤသို့သော ဘုရင်တစ်ပါးဖြစ်သည်။ ဤသည်ကို သတင်းစာဆရာဦးသိမ်းမောင်၏ သီပေါ မင်း အတွင်းရေးများ စာမျက်နှာ(၄၄) (၄၅)တွင် အောက်ပါအတိုင်း တွေ့ရပါ သည်။
မြန်မာပြည်ဘုရင်ခံ ဆာဒက်ဒင် မဆင်က ''စီကင်မဟာရာဇာက မြန်မာ မင်းမျိုးနှင့် လက်ဆက်လိုသည်ဖြစ်၍ စာသွင်းသည် သမီးတော်တစ်ပါးပါးနှင့် ထိမ်းမြားလျှင် ကောင်းလိမ့်မည်ထင် သည်။ သီပေါမင်းအား တင်လျှောက် ကြည့်ပါဟူသောစကားအရ ဦးစံရွှေက သီပေါမင်းထံ လျှောက်တင်ခဲ့ရာ ''ငါ၏ သမီးတော်များကို အမျိုးကွဲ လူမျိုးခြား နှင့် မပေးစားမထိမ်းမြားလို ငါသေမှ ဘာဖြစ်ဖြစ် လူမျိုးခြားကို သဘော မတူနိုင်''ဟု မာဆတ်ဆတ်မိန့်တော် မူခဲ့သည်''ဟု ဖော်ပြခဲ့သည်ကို တွေ့ရ သည်။
အမျိုးစောင့်သူက စောင့်ကြသော် လည်း မြန်မာအမျိုးသမီး တချို့ကတော့ မျိုးစောင့်စိတ်ဓာတ်မမွေးကြပါ။
''ပေါ့ပေါ့ဆဆပြုကြလျှင် ငါတို့ တစ်မျိုးသားလုံး သူတို့ကျွန်ဘဝရောက် ကြလိမ့်မည်။ မိစ္ဆာမျိုးတို့ကျွန်ဖြစ်ရခြင်း ထက် မြန်မာ့ဂုဏ်မညှိုးရန် တိုက်ရင်း ခိုက်ရင်းလဲ၍ သေရသည်က ရာဇဝင် ပြောင်မြောက်၍ မြတ်ပေသေးသည်။''
သတိုးမင်းကြီးမဟာဗန္ဓုလ
(အင်္ဂလိပ်-မြန်မာပထမစစ်ပွဲကာလ ကျိုက္ကလို့တပ်စခန်းမိန့်ခွန်း မြန်မာသက္ကရာဇ် ၁၁၈၆ ခု)
မြန်မာနိုင်ငံသည် အတိတ်ကာလမှာ နိုင်ငံ့ခေါင်းဆောင်များ၊ တိုင်းရင်းသား ပြည်သူများသည် မျိုးစောင့်စိတ်မွေးခဲ့ကြ သည်။ ယနေ့ကာလတွင်လည်း မျိုး စောင့်စိတ်၊ သူ့ကျွန်မဖြစ်လိုသော စိတ် တို့ဖြစ်ပေါ်လာရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ခုနှစ်) ပုဒ်မ၅၉(စ) တွင် အတိအလင်းဖော်ပြ ပြဋ္ဌာန်းထား ရှိသည်။
ယနေ့သမ္မတစနစ် ကျင့်သုံးသော နိုင်ငံများသည် မတူကွဲပြားမှုများရှိသော် လည်း မိမိနိုင်ငံကို အချုပ်အခြာအာဏာ ပိုင်နိုင်ငံအဖြစ် ထာဝရတည်တံ့နေရန် ရည်မျှော်မှန်းပြီး အခြေခံဥပဒေကို ရေးဆွဲကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ခုနှစ်) သည် သူ့ကျွန်ဘဝပြန်ဖြစ်မသွားရန်၊ တိုင်းတစ်ပါး သြဇာခံနိုင်ငံဖြစ်မလာရန် နှင့် သားစဉ်မြေးဆက် ကောင်းသော အမွေများပေးအပ်ရန် မျှော်ရည်မှန်းပြီး သမ္မတ၊ ဒုတိယသမ္မတများ၏ အရည် အချင်းကို ပြဋ္ဌာန်းခြင်းဖြစ်သည်။ တစ်ဦး တစ်ယောက်အတွက် ဤအရည်အချင်း ကို ပြင်ဆင်ရန်သော်လည်းကောင်း၊ ပယ် ပျက်ရန်သော်လည်းကောင်း လုံးဝမစဉ်း စားသင့်။ မကြိုးစားသင့်။ နိုင်ငံ၏ အတိတ်ဘဝကို သတိရ၊ ပစ္စုပ္ပန်ဘဝကို မှန်ကန်လေးနက်စွာ ရှုမြင် အနာဂတ် ကာလများကို ရည်မျှော်မှန်းပြီး ဆောင် ရွက်ကြရန်ဖြစ်သည်။
ဤသို့ဖြင့် နိုင်ငံတော်သီချင်းအတိုင်း ''(ကမ္ဘာမကျေ-မြန်မာပြည် တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ)၂။
ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ။
ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေ။
တို့ပြည် တို့မြေ အကျိုးကို ညီညာစွာ တို့တတွေ
ထမ်းဆောင်ပါစို့လေ တို့တာဝန်ပေ။
အဖိုးတန်မြေ''ဟူ၍ မျက်နှာပင့် လျက် ဝင့်ဝင့်ကြာွးကြာွး ဆိုနိုင်လိမ့်မည် ဖြစ်ပါသည်။