images
UN
UN
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် OJSC Muromteplovoz စက်ရုံသို့ သွားရောက်လေ့လာ
Friday, 26 April 2019

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာ ကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoui-gu နှင့် ရုရှား-မြန်မာစစ်ဘက်နည်း ပညာပူးပေါင်းဆောင်ရွက်ရေးကော် မတီ၏ ဖိတ်ကြားချက်အရ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ တွင် ချစ်ကြည်ရေးခရီးရောက်ရှိ နေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော်ချစ်ကြည်ရေးကိုယ် စားလှယ်အဖွဲ့သည်
ယမန်နေ့ နံနက်ပိုင်းတွင် မူရွန်မြို့ရှိ OJSC Muromteplovoz စက်ရုံသို့ သွားရောက် ကြည့်ရှုလေ့လာသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် အဖွဲ့ဝင်များသည် မော်စကိုမြို့ရှိံHeliport Moscow မှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး မူရွန်(Murom) မြို့သို့ရောက် ရှိကြရာOJSC Muromteplovoz စက်ရုံ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် OJSC Muromteplovoz စက်ရုံမှ ထုတ်လုပ် ထားသည့် သံချပ်ကာယာဉ်များ၏စွမ်းရည် သရုပ်ပြပစ်ခတ်မှုများအား ကြည့်ရှုကြ သည်။ ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် OJSC Muromteplovoz စက်ရုံအတွင်း သံချပ် ကာ ယာဉ်များ ထုတ်လုပ်နေမှုအခြေအနေ များနှင့် သံချပ်ကာမီးသတ်ယာဉ်များ ထုတ် လုပ်နေမှုအခြေအနေများအား လှည့်လည် ကြည့်ရှုလေ့လာကြရာ စက်ရုံညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မ တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ သည် ညနေပိုင်းတွင် မော်စကိုမြို့မှနေ၍ စိန့်ပီတာစဘတ်မြို့သို့ အထူးအမြန်ရထား ဖြင့် ထွက်ခွာကြရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကိုကိုရှိန်နှင့် တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။ ယင်းနောက် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ညပိုင်းတွင် စိန့်ပီတာ စဘတ်မြို့ သို့ရောက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်မှ တာဝန်ရှိသူများက ကြိုဆိုနှုတ် ဆက်ခဲ့ကြကြောင်း သိရသည်။