images
UN
UN
ပါတီဗဟိုအလုပ်အမှုဆောင်များနယ်လှည့်ကျန်းမာရေးအခမဲ့ ဆေးကုသပေးမှုကို သွားရောက်အားပေး
ခင်နီနီအောင် Sunday, 28 April 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင်ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်၊ ဗဟိုအလုပ်အမှု ဆောင် ကရင်ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ဗဟို ကော်မတီဝင် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းထိန်နှင့်အဖွဲ့သည် ယမန်နေ့နံနက် ၈နာရီက ဖာပွန်မြို့နယ်ကတိုင်တိကျေးရွာ ရှိ ကတိုင်တိဆရာတော်အား ဖူးမြော်၍လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေ များဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ကတိုင်တိကြီးကျောင်းဓမ္မာရုံတွင် ကရင် တိုင်းရင်းသားမိဘပြည်သူများအား ပြည် ခိုင်ဖြိုးပါတီဌာနဆိုင်ရာ ဆရာဝန်များဖြစ် ကြသောဒေါက်တာသန့်ဇော်လွင်၊ဒေါက်တာ နေမျိုးဇေယျာ၊ ဒေါက်တာချမ်းငြိမ်းအောင် တို့က နယ်လှည့်အခမဲ့ကျန်းမာရေးကုသ ရေး ဆောင်ရွက်နေမှုကိုကြီးကြပ်ပေးခဲ့ သည်။ အဆိုပါ နယ်လှည့်ကျန်းမာရေး အခမဲ့ကုသမှုဆောင်ရွက်ခြင်းကို ကရင် ပြည်နယ် ပါတီကော်မတီဝင်များ၊ ဘားအံ့ ခရိုင်ဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ ဖာပွန်မြို့နယ်ဥက္ကဋ္ဌ ဦးစိုင်းသိန်းနှင့် ပါတီ ကော်မတီဝင်များ၊ ကျေးရွာရှိပါတီဝင်များ အင်အား၂ဝတက်ရောက်၍ ဝိုင်းဝန်းဆောင် ရွက်ပေးခဲ့ကြသည်။
ဆက်လက်၍ ပါတီဗဟိုအလုပ်အမှု ဆောင်များဖြစ်ကြသော ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်၊ ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့် အဖွဲ့သည် ဆေးကုသမှုလာရောက်သော မိဘပြည်သူ များနှင့် စကားဝိုင်းဆွေးနွေးမှုပြုလုပ်ခဲ့ကြ သည်။
နယ်လှည့်ကျန်းမာရေးအခမဲ့ဆေးကုသ ရေးအဖွဲ့ထံ မွန်းလွဲ ၁ နာရီထိ ကျေးရွာမှ မိဘပြည်သူ ၁၅ဝ လာရောက်ဆေးကုသမှု ခံယူခဲ့သည်။ ကရင်ပြည်နယ်တာဝန်ခံနှင့် အဖွဲ့သည် ဆေးကုသမှုခံယူသည့် မိဘ ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ ကြောင်း သိရသည်။