images
UN
UN
အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဖန်နီနှင့်ပတ်သက်၍ လေကြောင်းနှင့်ရေကြောင်းများအား သတိပေးချက်ထုတ်ပြန်
မေနဒီမြနွယ် Sunday, 28 April 2019
ဆိုင်ကလုန်းမုန်တိုင်း 'ဖန်နီ' (FANI)သည် နောက်၁၂နာရီ အတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) 'ဖန်နီ'(FANI) အဖြစ်သို့လည်းကောင်း၊ နောက် ၃၆ နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) 'ဖန်နီ' (FANI)အဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်သည့်အတွက် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေ ဖြင့်လည်း ကြိုတင်သတိပြုကြရန် မိုးလေ ဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မွန်းလွဲပိုင်းတွင် သတိပေးချက်ထုတ် ပြန်ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင်အဆိုပါထုတ်ပြန်ချက်၌ ယနေ့ မြန်မာစံတော်ချိန် ၁၁ နာရီခွဲတိုင်းထွာ ချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိ သော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့ တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)'ဖန်နီ'(FANI) သည် မြောက်-အနောက်မြောက်ဘက်သို့ရွေ့လျား ခဲ့ပြီး သီရိလင်္ကာနိုင်ငံ ထရင်ကိုမာလီမြို့ (Trincomalee)၏ အရှေ့-အရှေ့တောင် ဘက် ၄ဝ၅မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ချင်းနိုင် မြို့(Chennai)၏ အရှေ့တောင်ဘက်မိုင် ၅၇ဝခန့်၊ မာချီလီ ပတ္တနမ်မြို့ (Machili-patnam) ၏ တောင်-အရှေ့တောင်ဘက် မိုင် ၆၆ဝခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြု နေပြီး အဆိုပါအနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟုခန့်မှန်းထား ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း'ဖန်နီ' (FANI)၏လက်ရှိအခြေအနေမှာ မြန်မာ နိုင်ငံဘက်သို့ဦးတည်ရွေ့လျားမည့်အခြေ အနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်၍ အနောက်မြောက်ဘက်သို့ရွေ့ လျားပြီး၊ နောက် ၇၂နာရီအတွင်း အရှေ့ မြောက်ဘက်သို့ကွေ့ကာရွေ့လျားမည်ဟု ခန့်မှန်းထားကြောင်း ယင်းထုတ်ပြန်ချက် အရ သိရသည်။