images
UN
UN
မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ကလေးငယ်တစ်သိန်းရှစ်သောင်းကျော် ကာကွယ်ဆေးအပြည့်အဝမရရှိကြောင်းထုတ်ပြန်
တင်တင်အေး Sunday, 28 April 2019
မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ကလေးငယ် တစ်သိန်းရှစ်သောင်း ကျော် ကာကွယ်ဆေးအပြည့်အဝ မရရှိကြောင်း ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန၏တရားဝင်လူမှု ကွန်ရက်စာမျက်နှာမှ ယနေ့ထုတ် ပြန်ကြေညာချက်အရ သိရသည်။
အဆိုပါ ကြေညာချက်ထဲတွင် မြန်မာနိုင်ငံရှိကလေးငယ်များ ကာ ကွယ်ဆေးအပြည့်အဝ မရရှိခြင်း၏ အကြောင်းရင်းနှစ်ချက်ကို ဖော်ပြ ထားသည်။
ယင်းအချက် နှစ်ချက်နှင့်ပတ် သက်ပြီးကြေညာချက်ထဲ၌''အဓိက အခက်အခဲနှစ်မျိုးရှိပါတယ်။ပထမ အခက်အခဲကတော့ နယ်မြေမငြိမ်း ချမ်းတဲ့နေရာဒေသတွေနဲ့ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲ၊ဘာသာစကားအခက်အခဲတွေကြောင့် အဲဒီဒေသတွေမှာနေထိုင်နေတဲ့ ကလေးတွေကို လက်လှမ်းမီမရောက်ရှိနိုင်ပါဘူး။ ဒုတိယ အခက်အခဲကတော့ နေရာဒေသ မကြာခဏရွှေ့ပြောင်းနေထိုင်ကြတဲ့လူအုပ်စုတွေကိုရောက်ရှိဖို့ဖြစ်ပါတယ်။ ဒါကြောင့်ဒီအခက် အခဲတွေကိုဖြေရှင်းပေးနိုင်ဖို့အတွက် မိဘပြည်သူများအနေနဲ့အဲဒီလူအုပ်စုတွေဆီကို သတင်းစကားရောက်ရှိစေဖို့နဲ့ ကလေးတိုင်း ကာကွယ်ဆေးရရှိစေဖို့ တစ်တပ်တစ်အား ပါဝင်ပေးကြစေလိုပါတယ်''ဟု ထည့်သွင်းဖော်ပြထားသည်။
မြန်မာနိုင်ငံမှာနှစ်စဉ်ကာကွယ်ဆေးလွှမ်းခြုံမှုသည် ရာခိုင်နှုန်းအားဖြင့် ၈၅ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉ဝ အထိရှိနေကြောင်း သိရသည်။