images
UN
UN
ဇလွန်မြို့နယ်၌ ပေါ့ဆမီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား
ဝေယံ(ဇလွန်) Sunday, 28 April 2019
ဧရာဝတီတိုင်းဒေသကြီးဇလွန် မြို့နယ် လိန်ကုန်းကျေးရွာအုပ်စု ငါးပြေမဂယက်ကျေးရွာတွင်နေထိုင် သူ ဦးစိုးသူ၏ နေအိမ်ဘုရား ကျောင်းဆောင်ပေါ်မှ ဂက်(စ်) မီးခြစ် အပူလွန်ကဲရာမှ ယနေ့ မွန်းလွဲ ၂ နာရီခန့်က မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာ သို့ ဇလွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်၊မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးထွန်းကျော်၊ မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ် ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ နှင့်ပြည်သူများပူးပေါင်းပြီး မီးငြှိမ်း သတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ် တစ်စီးဖြင့် မီးငြှိမ်းသတ်ရာ မွန်းလွဲ ၃နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် ဦးစိုးသူ၏ နေအိမ်တစ်လုံးနှင့် အခြားနေအိမ် သုံးလုံး စုစုပေါင်းနေအိမ်လေးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီးဝက်ငါးကောင် နှင့်နွားတစ်ကောင် သေဆုံးခဲ့သည်။