images
UN
UN
တောင်ကြီးမြို့၌ ခုနစ်လသားအရွယ်ကလေးအပါအဝင် လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွား
TT Sunday, 28 April 2019
တောင်ကြီးမြို့၌ ခုနစ်လသားအရွယ်ကလေး အပါအဝင် လေးလောင်းပြိုင်လူသတ်မှု ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လေးလောင်းပြိုင်လူသတ်မှုတောင်ကြီးတွင် ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး စစ်ဆေးမှုတွေပြုလုပ်နေကြောင်း တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးက ပြောသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ် တောင်ကြီးမြို့ ကံသာရပ်ကွက် မင်္ဂလာ လမ်း အမှတ် (၁၁၈)ရှိ နေအိမ်(မြင်းဖြူနှစ်ကောင်ဆေးတိုက်)မှာ လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ယနေ့နံနက်ပိုင်းက သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ရဲတပ်ဖွဲ့၏စစ်ဆေးမှုအရ သေ ဆုံးနေသူတွေက စိုင်းဆေမွန်း၊ နန်း ခမ်းလှိုင်၊ မအေးမိုးနှင့် ခုနစ် လသားအရွယ် ကလေးငယ်ဖြစ်ပြီး လက်ရှိတွင်ယင်းလူသတ်မှုနှင့်ပတ် သက်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ လေးလောင်းပြိုင် လူသတ်မှုသည် တောင်ကြီးမြို့တွင် ဒုတိယအကြိမ် ဖြစ်ပွားခြင်းဖြစ် ကြောင်း သိရသည်။