images
UN
UN
လူကုန်ကူးမှု မှုခင်းကျဆင်းရေးမူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
ထွန်းလှိုင်(မြိုင်) Wednesday, 01 May 2019
တိုက်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ လူကုန်ကူးမှု၊ မှုခင်း ကျဆင်းရေး၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၁နာရီက ကျင်းပ ခဲ့သည်။
အခမ်းအနားတွင် တိုက်ကြီး မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ခိုင်စိုး က လူကုန်ကူးမှု၊ မှုခင်းကျဆင်း ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူး မှုနှင့် လူမှောင်ခိုမှုဖြပ်ရပ်မှန် အခြေ အနေများ၊ လူကုန်ကူးမှု ဖြစ်ပေါ် ရသည့် အကြောင်းရင်းများနှင့် သတိထားရမည့်အချက်များကို အသိပညာပေးဟောပြောသည်။
ဟောပြောပွဲသို့ တိုက်ကြီး မြို့နယ်တွင်းရှိ ရပ်ကွက်နှင့်ကျေး ရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများ တက် ရောက်ကြကြောင်း သိရသည်။