images
UN
UN
ကွန်ပျူတာနှင့်နည်းပညာတက္ကသိုလ်များမှထူးချွန်ကျောင်းသားများကိုရှန်းကျန်းမြို့ရှိံHuawei ရုံးချုပ်အား လေ့လာရေးစေလွှတ်ရန်ရွေးချယ်
ခင်မောင်ချို Saturday, 04 May 2019
မြန်မာ ICT နယ်ပယ်ဖွံ့ဖြိုး ရေးကို ဦးတည်ဆောင်ရွက်နေ သည့် Huawei ၏ နှစ်စဉ်အစီ အစဉ်များ အနက်တစ်ခုဖြစ်သည်။
Seeds for the Future အစီအစဉ်က မြန်မာနိုင်ငံတစ်ဝန်းရှိ ကွန်ပျူတာနှင့်နည်းပညာတက္ကသိုလ် များမှထူးချွန်ကျောင်းသားကျောင်း သူ ၁ဝဦးကိုတရုတ်နိုင်ငံ ရှန်းကျန်း မြို့ရှိံHuawei ရုံးချုပ်သို့ လေ့ လာရေးခရီးစေလွှတ်ရန် တတိယ အကြိမ်ရွေးချယ်လိုက်ပြီဖြစ်ကြောင်း ယမန်နေ့ နံနက် ၉နာရီခွဲက ရန်ကုန် မြို့ ကမ္ဘာအေးဘုရားလမ်း မြန်မာ ပလာဇာရှိ Huawei Customer Innovation Center တွင်ကျင်းပ သည့် Huawei Seeds for the Fu- ture အစီအစဉ်စာနယ်ဇင်းမိတ်ဆက် ရှင်းလင်းပွဲအခမ်းအနားမှသိရသည်။