images
UN
UN
ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဂုဏ်ဆောင် တိုင်းရင်းသားစကားပုံများ
မောင်ငြိမ်းသူ(ကြို့ပင်ကောက်) Sunday, 05 May 2019

'မြန်မာနိုင်ငံစာရေးဆရာအသင်း' က '၂ဝ၁၇ စာပေညီလာခံ' မှာ 'အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် မြန်မာ စာပေအခန်းကဏ္ဍ' 'အမျိုးသားစာပေဆု နှင့် ဓမ္မဓိဋ္ဌာန်ကျမှု' 'အမျိုးသားယဉ် ကျေးမှု၊ အမျိုးသားစာ၊ အမျိုးသား ကဗျာတည်တံ့ရေး' ခေါင်းစီးသုံးခုကို အသင်း၏ ကိုယ်စားအဖွဲ့သုံးဖွဲ့က ဆွေး နွေးတင်ပြခဲ့ကြရာ ဆွေးနွေးတင်ပြချက် အားလုံး အများစု၏ဆန္ဒဖြင့် ဆုံးဖြတ် အတည်ပြုနိုင်ခဲ့ပါသည်။
စာရေးသူတို့အဖွဲ့က 'အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် မြန်မာစာပေ အခန်းကဏ္ဍ' အကြောင်းအရာကို ဆွေးနွေးတင်ပြခဲ့ရာ ဦးဆောင်ဆွေးနွေး ကြားခံတင်ပြ၊ စကားဆက်စပ် ပံ့ပိုး ထောက်ကူပေးရသူက အသင်းအတွင်း ရေးမှူး စာရေးသူ ဖြစ်ပါသည်။ အဓိက ဆွေးနွေး တင်ပြခဲ့ကြသူများကတော့ အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း (မနုဿ ကျော်ဝင်း) (ရှေးဟောင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)) (ယခု ရန်ကုန်တက္ကသိုလ်၊ မနုဿဗေဒ ဌာန၊ အချိန်ပိုင်းပါမောက္ခ) နှင့် အသင်း တွဲဖက်အတွင်းရေးမှူးများဖြစ်ကြသည့် ဆရာမြတ်ဝေတိုး(ပညာရေးတက္ကသိုလ်) နှင့် ဆရာမှော်ဝန်းကြည်မြတ်တို့ ဖြစ် ကြပါသည်။ ဘာသာရပ်အလိုက်ကျွမ်း ကျင်နှံ့စပ်ကြသူများဖြစ်သဖြင့် ဟန်ချက် ညီစွာဆွေးနွေးတင်ပြနိုင်ခဲ့ကြပါသည်။
ထိုသို့ဆွေးနွေးတင်ပြကြရင်းက တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာစကားများပါဝင် သောစာပေများ ရေးသားထုတ်ဝေသင့် ကြောင်း၊ ထုတ်ဝေခဲ့သည့် အစဉ်အလာ ကောင်းလည်း ရှိခဲ့ကြောင်း၊ သို့သော် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိပါးစေသော စကားပုံအချို့ပါရှိနေ သဖြင့် မှန်ကန်သည့်အဓိပ္ပာယ်များ ဖွင့်ဆို ရှင်းလင်းဖော်ပြပေးသင့်ကြောင်း ဆွေး နွေးခဲ့ကြပါသည်။
'ရှမ်းရိုး လင်ကိုး' ဟူသောစကားပုံ ကို လင်ကိုးယောက်ယူနိုင်သည်ဟု လွဲ မှားစွာယူဆပြောဆိုနေကြသည်။ အမှန်မှာ ရှမ်းတိုင်းရင်းသားလူမျိုး ရိုးရာယဉ်ကျေး မှုအရ အိမ်ဦးသခင်၊ လင်ယောက်ျားကို အစဉ်ထာဝရ သစ္စာရှိရှိ ရိုးမြေကျ ပေါင်း သင်းကြပြီး အားကိုးတကြီး ချီးမြှင့်ဂုဏ် ပြု၊ တန်ဖိုးထားလေးစားနေကြခြင်းကို တင်စားထားသည့် စကားပုံဖြစ်သည်။ ဗမာစကားပုံဖြစ်သော 'သားကို သခင်၊ လင်ကိုဘုရား'နှင့် တစ်သဘောတည်း ပင်ဖြစ်သည်။
ထိုနည်းတူ 'ရှမ်းရှင်ပြု၊ အလွယ် ကလေး' ဟူသောစကားပုံကိုလည်း လွဲ မှားစွာ ပေါ့ပျက်ပျက်ယူဆနေကြသည်။ အမှန်မှာ ရှမ်းကျေးရွာအလှူပွဲတစ်ပွဲမှာ ရှင်လောင်းလှည့်ကြရာတွင် အိုးစည် အတီးကောင်းသော ဗမာတစ်ဦးကို ရှမ်း အိုးစည်ရှည်ကြီးပေးအပ်ပြီး တီးခတ်စေ ခဲ့သည်။ ဗမာကလည်း ရှမ်းအိုးစည်ရှည် ကြီးကို လည်ပင်းတွင်လွယ်ကာ လိမ်ဖယ် ဖယ်တီး၍ လိုက်ပါလာခဲ့သည်။ ကြာ တော့ လေးလံရှည်လျားလှသော ရှမ်း အိုးစည်ကြီးကြောင့်၊ ချွေးဒီးဒီးကျစိတ် ပျက်လာသည်။ ပင်ပန်းနွမ်းလျလာ သည်။ ရှင်လောင်းလှည့်ပွဲကလည်း ပြီးလုပြီးလုနှင့်လက်စမသတ်၊မရပ်မနား ပေ။ ထို့ကြောင့် အိုးစည်ကြီးတစ်လုံးကို ခါးကုန်းအောင်လွယ်ပြီး တီးခတ်လိုက်ပါ လာသော ဗမာယောက်ျားအိုးစည်သမား က ချွေးများကိုသုတ်ရင်း ''ခင်ဗျားတို့ ရှမ်းရှင်ပြုအလှူမှာ အိုးစည်တီးသူဟာ အိုးစည်လွယ်ရတာ အလွန်လေးလှ သဗျာ''ဟု ပြောကာ အိုးစည်ကြီးကို ပြန်ပေးပြီး နေအိမ်သို့ ပြန်ပြေးလေသည်။ ဤသို့ဖြင့် 'ရှမ်းရှင်ပြု အိုးစည်လွယ်ရ လေးသည်' ဟုပြောဆိုလာခဲ့ကြရာမှ 'ရှမ်းရှင်ပြု အလွယ်ကလေး' ဟုပြောစ မှတ်ပြုလာကြခြင်း ဖြစ်ပါသည်။
ထို့ပြင် 'မြန်မာအို ကျောင်းကြို ကျောင်းကြား၊ (xx) အို ချောင်းကြို ချောင်းကြား' စကားပုံသည် တစ်ဖက် သားကို ထိပါးစေနိုင်ပါသည်။ 'ြေ>ွမပွေး နှင့် ရခိုင်၊ ရခိုင်ကို အရင်သတ်' ဟူသော စကားပုံကိုလည်း လွဲမှားစွာ ယူဆနေ ကြပါသည်။ အမှန်ြေ>ွမဆိပ်ဖြေဆေး၊ြေ>ွမ ဆိပ်မပြန့်ပွားရေးအတွက် ရခိုင်ငှက်ပျော ပင်ကိုဖြတ်၊ ငှက်ပျောမြစ်၊ ငှက်ပျောပင် မှ ထွက်လာသော ငှက်ပျောစေးကို အသုံးပြုခြင်းဖြစ်သည်။ တိုင်းရင်းဆေး သုံးစကားဟု သိရပါသည်။ အမှားကြာ လျှင် အမှတ်ထင်တတ်ကြသဖြင့် သတိ ထားကြရပါမည်။


တိုင်းရင်းသားစကားပုံများထဲတွင် နားဝင်ချိုပြီး နှစ်လိုမြတ်နိုးစရာကောင်း သော လှလှပပ စကားပုံများရှိပါသည်။ ပမာတင်ပြရသော် သူသူငါငါ အသုံး များနေကြသော 'ရှဥ့်လည်းလျှောက်သာ စေ၊ ပျားလည်းစွဲသာစေ' ဟူသောစကား ပုံကဲ့သို့ 'အင်းသား' များကလည်း 'ပန်းလည်းလှစေ၊ ပျားလည်းဝစေ' ဟူ သောစကားပုံကို သုံးနေကြပါသည်။
ဤနေရာတွင် စကားပုံများ၏ အခန်း ကဏ္ဍအရေးပါပုံကို တင်ပြလိုပါသည်။ အခြေခံပညာအထက်တန်း (၁ဝ) တန်း စာမေးပွဲ (မြန်မာစာ) မေးခွန်းများထဲ တွင် အမှတ် ၂ဝ အများဆုံးရသည့် မေးခွန်းသည် 'စာစီစာကုံး' ဖြစ်သည်။ စာစီစာကုံးမေးခွန်းမှာပင် (၁) ရာသီဘွဲ့၊ (၂) စကားပုံ၊ (၃) ပြပွဲပြိုင်ပွဲ၊ နေ့ကြီး ရက်ကြီး၊ ခရီးသွားဒေသန္တရ ဗဟုသုတ များထဲမှကြိုက်နှစ်သက်ရာကို ဖြေဆို ခွင့်ပြုထားပါသည်။ ဆိုလိုတာက ပညာ ရေးတွင် စကားပုံများကို ဦးစားပေး အလေးထားနေကြောင်း မီးမောင်းထိုး ပြလိုခြင်းပင်ဖြစ်ပါသည်။
''မြန်မာအဘိဓာန်''တွင် ''စကား ပုံ''နှင့်ပတ်သက်၍ ''လူအများဆင် ခြင်မှတ်သားဖွယ်ဖြစ်အောင်၊ စံပြုပုံခိုင်း၊ ပြောဆိုလေ့ရှိသော ထိရောက်ကျစ်လျစ် ပြေပြစ်သည့်စကား''ဟု အဓိပ္ပာယ်ဖွင့်ဆို ထားပါသည်။ ''ဆင်ခြင်''နှင့်ပတ်သက် ၍ ''ချင့်ချိန်သည်၊ စဉ်းစားသည်၊ သုံး သပ်သည်''ဟူ၍လည်းကောင်း၊ ဆင်ခြင် တုံတရားဆိုသည်မှာ သင့်မသင့်အကြိမ် ကြိမ် စဉ်းစားဆင်ခြင်မှုဟူ၍လည်း ကောင်းဖွင့်ဆိုထားပါသည်။
ထို့ကြောင့် ''အမျိုးသားစည်းလုံး ညီညွတ်ရေး'' တစ်နည်းအားဖြင့် ''တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး''အတွက် အလေးအနက် ထားကြရမည့် တိုင်းရင်းသားစကားပုံ များကို ကျွန်တော်သတိရသွားပါသည်။ ထို့ကြောင့်ကျွန်တော်အမြတ်တနိုးမှတ် သားထားသော တိုင်းရင်းသားစကားပုံ အချို့ကိုမျှဝေပေးလိုပါသည်။
ကချင်(ဂျိန်ဖော့)
''ညီအစ်ကိုများကိုစွန့်ပစ်ရန်၊ချောက် ကမ်းပါးမရှိ။ ဖက်နွမ်းခြောက်များကို စွန့်ပစ်ရန်ချောက်ရှိသည်''
''သံပူညှပ်နှင့်ကိုင်လျှင်မပူ၊ မပြုတ် နိုင်။ အများလက်နှင့်ဝိုင်းကိုင်လိုက်လျှင် မညွှတ်နိုင်။ စုပေါင်းလုပ်လျှင် အမြန် အောင်မြင်ပြီးစီးနိုင်တယ်''
ကယား
''စကားဖြောင့်လျှင်အပြီးလျင်သည်။ ရေမြောင်းဖြောင့်လျှင် အစီးထွင်သည်''
''မသွားဖူးသည့်လမ်းကိုခေါ်တိုင်း မလိုက်နှင့်၊ မစားဖူးသည့်အစားကိုကျွေး တိုင်းမစားနှင့်''
''ဧည့်သည်က အိမ်ရှင်ကိုနိုင်တတ် တယ်''
ကချင်
''ကိုယ်ကကြောက်လျှင် ရန်သူက လည်းကြောက်''
''ငှက်အဖြူဆိုလျှင်အဖြူအုပ်စုမှာပျံ၊ ငှက်အမည်းဆိုလျှင်အမည်းအုပ်စုမှာပျံ''
''တစ်ဖက်ကသန်နေလျှင်၊ တစ်ဖက် ကလျှော့ပေး။ နှစ်ဖက်စလုံးသန်နေလျှင် ကား၊ ထမင်းအိုးကွဲလိမ့်မည်''
''အတူတူစားလျှင် မြိန်ရှက်သည်။ အတူတူအိပ်လျှင်နွေးသည်''
''ဤကျောက်ဆောင်ထဲမှဖားကို စားလျှင်၊ ဤကျောက်ဆောင်ကိုပြုစုပါ။ ဤရေအိုင်ထဲမှငါးကိုစားလျှင် ဤရေအိုင် ကိုပြုစုပါ''
ချင်း
''ကိုယ့်မျိုးစေ့ကို ကိုယ်ရိုသေရ မည်'' ''ကြက်အမျိုးပျောက်ခါနီးလျှင်၊ တစ်ကောင်နှင့်တစ်ကောင်ဆိတ်ကြတယ်''
''နွားနောက်အဖြူအချင်းချင်း၊ အမည်းအချင်းချင်းခင်ကြတယ်''
''လင်မယားညီညွတ်လျှင် ရွာတစ် ရွာကမတိုက်နိုင်။ ရွာတစ်ရွာညီညွတ်လျှင် ရွာကိုးရွာကမတိုက်နိုင်''
ဓနု/တောင်ရိုး
''ယာနီးချင်းဆွေမျိုးရင်း''''ကျီးလို ဝိုင်းကူညီပြီး၊ ကြက်သွန်ဖြူလို စုစည်း''
''စု၍စားလျှင်ပျော်သည်။ စု၍လုပ် လျှင်ပြီးသည်။ စု၍လှူလျှင်အကျိုးများ သည်''
ပလောင်
''မိန်းမသွားပလိုင်းပါစေ၊ယောက်ျား သွားဓားပါစေ''
''အဖေမှန်း အမေမှန်းမသိသောသူ သည် အမြီးပေါက်သောခွေးနှင့်မခြား''
ပအိုဝ့်
''ရွာညီလျှင် ကျားမဝင်နိုင်''
မရူ
''သူကြီးမလိမ္မာရွာပျက်၊ မြင်း မလိမ္မာကြိုးပြတ်''
မွန်
''တစ်လှေတည်းစီး၊ တစ်သီချင်း တည်းဆို၊ တစ်ခွက်တည်းသောက်''
ရခိုင်
''ဝါးကွဲကေ၊ ရီဝင်ရေ''
ရဝမ်
''ခွေးဟောင်၍ တောင်မရွေ့''
ရှမ်း
''နွားကွဲလျှင် အမဲသားဖြစ်'' ''အဝေးမှာရှိသောရေသည် ခြောက်သွေ့ သောယာမြေကို မစွတ်စိုနိုင်''
''အချောင်း(၁ဝဝ)ရှိတဲ့မြား၊ လူ အများမချိုးနိုင်''
လရှီ
''သားကောင်းသည် မိခင်မှ၊ အသီး ကောင်းသည် အမြစ်မှ''
''တောင်ကိုတန်ဆာဆင်သည်မှာ သစ်ပင်များ၊ ချောင်းကိုတန်ဆာဆင်သည် မှာ ချောက်ကမ်းပါး''
လီဆူ
''ဝယ်စားသူကကျွန်၊ လုပ်စားသူက သခင်''
လူရှေ
''ကျောက်ဆောင်ကြီးပင် ဖြစ်လင့် ကစား၊ ကျောက်စရစ်ခဲလေးတွေနဲ့ မခုခံ ရင် မတည်နိုင်''
''အိမ်နီးချင်းကိုရန်ပြုခြင်းထက်၊ အခြား (၇)ရွာကို စစ်တိုက်တာက သက် သာတယ်''
ဖော်ပြပါစကားပုံများသည် တိုင်းရင်း သားလူမျိုးများ၏ ညီညွတ်ရေးနှင့်ငြိမ်း ချမ်းရေးစိတ်ဓာတ်ကို ထင်ဟပ်ပုံဖော် ထားသော စကားပုံများဖြစ်ရာစနစ်တကျ မှတ်တမ်းပြုစုပြီး ထုတ်ဝေသင့်ပါသည်။
တိုင်းရင်းသားအချင်းချင်း တစ်ဦး နှင့်တစ်ဦး နားလည်မှုရနိုင်ပြီး လိမ္မာယဉ် ကျေးပညာဗဟုသုတရစေသော စကားပုံ များအပါအဝင် တိုင်းရင်းသားစာပေများ ကို ပြည်နယ်နှင့်တိုင်းအစိုးရအသီးသီး တွင် တာဝန်ယူထားကြသော တိုင်းရင်း သားရေးရာဝန်ကြီးများနှင့် ဒေသခံတိုင်း ရင်းသားလူမျိုးများ ညှိနှိုင်းပြုစုရေးသား ကြပါက သမိုင်းမှတ်တမ်းကောင်းများ ရေးထိုးနိုင်မည်ဖြစ်ပါကြောင်း။ ။