images
UN
UN
ပြည်ထောင်စုကိုအသက်ပေးလို့ တို့ကာကွယ်မယ်လေ ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေ မြန်မာနိုင်ငံရေးသမိုင်းအမြင်နှင့် အမျိုးသားသီချင်းအနက်အဓိပ္ပာယ်ကို နှလုံးသွင်းကြပါကုန်
တက္ကသိုလ်မြတ်သူ Sunday, 05 May 2019
(ယမန်နေ့မှအဆက်)
လွတ်လပ်ရေး ရရှိလာပြီးနောက် 'အမျိုးသားရေးမို့ ကြိုးပမ်းကြပါ တို့ဗမာ တို့ဗမာ' စာသားနေရာ၌ ' တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တို့ပြေတို့မြေ'စသည် ဖြင့် ပြောင်းလဲသီဆိုရသည်။ လွတ်လပ်ရေး ပြန်ရသော မြန်မာနိုင်ငံတွင် တရားမျှတ ခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း တည်းဟူသော လောကပါလတရားထွန်း ကားလာပြီဟု ကျူးရင့်သောမြန်မာ့ဥဒါန်း ဖြစ်လာသည်။ ယင်းလောကပါလတရား နှင့်အတူ 'တရားမျှတလွတ်လပ်ခြင်းနှင့် မသွေ တို့ပြေ တို့မြေ၊ များလူခပ်သိမ်း ငြိမ်း ချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ တို့ပြေ တို့မြေ'ဟူသော သီချင်းစာသားတွင် များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ အတွက် လောကပါလတရား ထွန်းကားစေရန် ရည် မှန်းထားသည်ကို တွေ့ရပေမည်။ ကျွန် တော်တို့သည် ထိုကဲ့သို့ ခေတ်စနစ်၊ ကာလ ဒေသနှင့်ညီညွတ်သော နိုင်ငံတော်သီချင်း ကို စိတ်ပါတက်ကြစွာသီဆိုသန္နိဋ္ဌာန်ပြု ခဲ့သည်မှာပင် ယနေ့ ၇၁ နှစ်ထဲရောက် လာပေပြီ။
လွတ်လပ်ရေးရလျှင် မြန်မာတို့ ရာဟု လငပုပ်နှင့်တူသော ကိုလိုနီကျွန်ဘဝမှ လွတ်မြောက်လာသဖြင့် လွတ်လပ်သော လရောင်၏ အေးမြခြင်းအောက်၌ ငြိမ်းချမ်း သာယာဝပြောစွာနေရတော့မည်ဟုမြန်မာတို့ ကြိုသိ၊ ကြိုမှန်း၊ ကြိုမျှော်လင့်ခဲ့ကြသည်။ အင်္ဂလိပ်နယ်ချဲ့တို့သည် ကမ္ဘာ့အရှေ့ဖျား ပစိဖိတ်သမုဒ္ဒရာ၊ အနောက်ဘက်ကမ်းစပ်မှ ကမ္ဘာ့အနောက်ဖျား ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်ကမ်းစပ်အထိ ကမ္ဘာမြေပြင် တစ်ခုလုံး နယ်ချဲ့ကျူးကျော် သိမ်းပိုက် ကျွန်ပြုပြီးနေမဝင်အင်ပါယာဆိုတာကြီးကို တည်ထောင်ခဲ့သည်။ သာမန် (မြန်မာနိုင်ငံ ၏ တစ်ဝက်မျှသာရှိသော အင်္ဂလန်ကျွန်း လေး) သာမန် ပဒေသရာဇ်က ဘုရင်တကာ တို့၏ ဘုရင်၊ နိုင်ငံအပေါင်းတို့၏ သခင် ဧကရာဇ်ဘွဲ့ကို မတန်မရာခံယူအရသာခံခဲ့ ကြသည်။ ထိုမျှမက ကျွန်ပြုခံနိုင်ငံများမှ သယံဇာတထွက်ကုန်ပစ္စည်း၊ ရွှေငွေ စိန် ကျောက်၊ပတ္တမြားတို့ကိုသူခိုးအသွင် ခိုးဝှက် ၍တစ်ဖုံ၊ ဓားပြအသွင် လက်နက်အားကိုး အနိုင်ကျင့်ထုတ်ယူ၍တစ်ဖုံ ကမ္ဘာ့သူဌေး ကြီးဘွဲ့ခံသွားခဲ့ကြသည်။တိုက်ရာပါခိုးရာပါ ပစ္စည်းများဖြင့် စည်းစိမ်ခံခဲ့ကြသည်။ ထို့ ကြောင့် ကျွန်ပြုခံနိုင်ငံများမှ နိုင်ငံသားပီသ သူမျိုးချစ်၊ မျိုးစစ်များက မိမိတို့နိုင်ငံ၊ မိမိတို့ ဓနဥစ္စာ၊ မိမိတို့အချုပ်အခြာအာဏာ (လွတ် လပ်ရေး)ကို ပြန်လည်တိုက်ယူခဲ့ကြသည်။
မြန်မာနိုင်ငံက အင်္ဂလိပ်နယ်ချဲ့ လက် အောက်ကျရောက်နွံနစ်၊ ကျွန်ဖြစ်ခဲ့ရ၍ အင်္ဂလိပ်ကို နယ်ချဲ့သမားလူယုတ်မာများ အဖြစ် ကမ္ဘာမကျေစတမ်း ရွံမုန်းစက်ဆုပ် ခဲ့ကြသည်။ ပြင်သစ်ကျွန်၊ ကနေဒါကျွန်၊ စပိန်၊ ပေါ်တူဂီ၊ ဒတ်ခ်ျ၊ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ အီတလီ၊ နော်ဝေ၊ ဆွီဒင်၊ သြစတြေးလျ၊ နယူးဇီလန်၊ ဖက်ဆစ် ဂျပန်တို့လက်အောက်ကျရောက်ခဲ့ကြသော ကမ္ဘာ့နိုင်ငံသူ နိုင်ငံသားအားလုံးက နယ်ချဲ့ မှန်သမျှကို ဆန့်ကျင်ကြ၊ စက်ဆုပ်ကြပေ သည်။ ယင်းနယ်ချဲ့တို့သည် ကမ္ဘာ့နိုင်ငံ များ၏ နိုးကြားလာမှုနှင့် ကုလသမဂ္ဂအဖွဲ့ ကြီးက ကိုလိုနီနယ်ချဲ့ပုံစံဟောင်းကိုပိတ်ပင် တားဆီးရန် ဆုံးဖြတ်ခဲ့သဖြင့် ယခင်ကကဲ့သို့ လက်နက်နှင့်စစ်အင်အားတလွဲသုံးစိတ်ဖြင့် ယခင်က ပုံစံနယ်ချဲ့၍ မရနိုင်ကြတော့ပေ။ ကျွန်တော်တို့ ကြိမ်ဖန်များစွာ ရေးသားဖူး သည့်အတိုင်း လူသားကို တစ်ခါစားဖူးသော ကျားငစဉ်းလဲသည် နောင်လူတွေ့တိုင်း သွားရည်ကျတော့သည်။ ထိုလူသားကို ဖမ်းဆီးစားသောက်ဖို့သာ အားထုတ်တော့ သည်။ မိမိတို့နိုင်ငံတွင် စက်ရုံများရှိ၏၊ စက်မှုပညာရှင်များရှိ၏၊ စက်လည်ပတ်စေ သော ထင်း၊ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့မရှိ၊ မပြည့်စုံသော စက် မှုနိုင်ငံ၊ ကုန်ချောအဖြစ် စက်ကကြိတ်ဝါး ပေးနိုင်သော်လည်း ကြိတ်ဝါးရမည့် စက်မှု ကုန်ကြမ်းမရှိ၊ မပြည့်စုံသော အရင်းရှင် စက်မှုနိုင်ငံများသည် မတော်လောဘဖြင့် လူစိတ်ပျောက်၊ ကျားစိတ်ပေါက်ကာ နယ်ချဲ့ ဖမ်းယူဝါးမျိုတော့သည်။ ယခု ကိုလိုနီပုံစံ ဟောင်းကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ အများစု မဲဆန္ဒဖြင့် ပိတ်ပင်သော်လည်း အမေရိကန်၊ အင်္ဂလန် (ဗြိတိန်)၊ ကနေဒါ၊ ပြင်သစ်နှင့်တကွ ယခင်နယ်ချဲ့လက် ဟောင်း (လူသားစားဖူး၍ လျှာလည်နေ သော ကျား) ကဲ့သို့ နယ်ချဲ့၍ သူတစ်ပါး ပစ္စည်းခိုးရာပါ၊ တိုက်ရာပါ၊ လုရာပါများ ဖြင့် ချမ်းသာခြင်းကို အာသာမပြေကြချေ။
ထို့ကြောင့် နယ်ချဲ့ပုံစံသစ် သို့မဟုတ် မှောင်ခိုနယ်ချဲ့နည်းသုံးလာကြပေသည်။ ပါးစပ်မှမူ လူသားချင်းစာနာထောက်ထား ရေး၊ လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်၊ ဒီမို ကရေစီ၊ အကြမ်းဖက်တိုက်ဖျက်ရေး၊ ဒေသ တည်ငြိမ်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးစကား လုံးများကို စိတ်ထဲကမပါဘဲ ပြောဆိုရွတ် ဖတ်ရင်း စက်မှုကုန်ကြမ်း၊ သယံဇာတ၊ လောင်စာစွမ်းအင်၊ ရွှေငွေစိန်ကျောက်ပေါြ<ွကယ်ရာ နိုင်ငံများကို အကောက်ဥာဏ်ဖြင့် ခလောက်ဆန်နေကြတော့သည်။
လွတ်လပ်ရေးတိုက်ယူကြစဉ်က သွေး စည်းခဲ့ကြ၊ ညီညွတ်ခဲ့ကြသော လူငယ် လူရွယ်မျိုးချစ်များသည် လွတ်လပ်ရေးရ တော့မည်ဆိုကာရှိသေး လက်ဝဲ၊ လက်ယာ ပြည်တွင်းဖြစ်၊ ပြည်ပလုပ်နိုင်ငံရေးဝါဒများ ပူးဝင်စွဲကပ်လာကြပြီး မူလမြန်မာစိတ်၊ မျိုးချစ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်များ ပျောက်ကုန်ကြသည် လွတ်လပ်ရေး ဗိသု ကာ၊ လွတ်လပ်ရေးဒါယကာအဖြစ် ဗိုလ် ချုပ်အောင်ဆန်းက ရရှိတော့မည်ဆိုသော အခါ ဂဠုန်ဦးစောက ဗိုလ်ချုပ်ကို အင်္ဂလိပ် စစ်တပ်က ထုတ်ပေးသော လက်နက်များ ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်တော့သည်။ ကာနယ်တူးလောက်၊ သတင်းထောက် ကင်းဘဲလ်တို့က ငွေကြေး၊ လက်နက် ထောက်ပံ့သွေးထိုးပေး၍ လွတ်လပ်သည့် မြန်မာပြည်ထောင်စုမှ ခွဲထွက်ရန် ပုန်ကန် သောတိုင်းရင်းသား သောင်းကျန်းသူများ ပေါ်လာကြတော့သည်။ ထိုအရင်းရှင် (နယ်ချဲ့) အနောက်နိုင်ငံကြီးများမှ တင်ပို့ လိုက်သော လက်ယာနိုင်ငံရေးဝါဒဆိုးများ (ယနေ့အထင်ရှားဆုံးအဖျက်နိုင်ငံရေးဝါဒ မှာ လစ်ဘရယ်ဝါဒ၊ ဒီမိုကရက်တစ်ဝါဒ၊ လစ်ဘရယ်ဒီမိုကရက်တစ်ဝါဒ) တံဆိပ် အမျိုးမျိုးဖြစ်ပေသည်။ လက်ဝဲကွန်မြူနစ် နိုင်ငံများမှတင်ပို့သော ကွန်မြူနစ်ဝါဒက လည်း တစ်ခုတည်းတစ်မျိုးတည်းမဟုတ်။ ကားလ်မတ်က်စ်၏မူရင်း ကွန်မြူနစ်ဝါဒ သည် ရုရှားတွင် လီနင်ဝါဒနှင့် ဂဟေစပ် ကြသည်။ တရုတ်ရောက်တော့ မော်စီတုံး အတွေးအခေါ်နှင့် ဖက်စပ်ဖြစ်သွားသည်။ ရုရှားတွင်လည်း လီနင်နှင့် ထရော့စကီကွဲ။ စတာလင်နှင့်ခရုရှက်ပ်ကွဲ၊ ခရုရှက်ပ်နှင့် ဘရက်ဇညက်ကွဲသည်။တရုတ်တွင်လည်း မဒမ်ချန်ချင်းတို့ လေးဦးဂိုဏ်းနှင့် တိန့် ရှောင်ဖိန်တို့ လိုင်းကွဲကြပြန်သည်။ ဆိုဗီ ယက်ပြည်ထောင်စု (ရုရှား)တွင် ဂေါ်ဘာ ချော့ဗ်နှင့်ယဲ့လ်ဆင်တို့ တတ်ယောင်ကား ဖြင့် မလုပ်တတ်မကိုင်တတ် လက်တည့် စမ်းအုပ်စိုးကြရာ ဆိုဗီယက်ပြည်ထောင်စု ၁၅ နိုင်ငံကွဲထွက်သွားသည်။ ကမ္ဘာပေါ် တွင် ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ် စနစ်ကို မျိုးဖြုတ်လိုသော အရင်းရှင်နယ်ချဲ့တို့ အလိုကျဂေါ်ဘာချော့ဗ်က ဆိုရှယ်လစ်ဝါဒ ကိုဖျက်ဆီး ကွန်မြူနစ်ပါတီကို မြေပေါ် ချနင်းခဲ့သည်။
မြန်မာနိုင်ငံတွင် သိကြသည့်အတိုင်း ၁၉၃၉ခုနှစ်တွင် ကွန်မြူနစ်ပါတီကို သခင် အောင်ဆန်း၊ သခင်သိန်းဖေမြင့်၊ ရဲဘော် ဂိုရှယ်၊ သခင်ဗဟိန်း၊ သခင်လှဖေ (ဗိုလ် လက်ျာ)တို့စထောင်ခဲ့သည်။ နောက်တော့ သခင်အောင်ဆန်း၊ ဗိုလ်လက်ျာတို့ ကျော ခိုင်းသွားသည်။ သခင်သန်းထွန်းက သခင် စိုး၊ သခင်သိန်းဖေမြင့်တို့ကို ကန်ထုတ်ကာ အလံဖြူကွန်မြူနစ်(ဗကပ)ကို အပိုင်စီးပြီးမှ ပါတီကိုဖျက်ဆီးပစ်ခဲ့သည်။ သခင်စိုးက အလံနီကွန်မြူနစ်ပါတီထောင်ကာအစောဆုံး တောခိုသည်။ တောခိုဗကပလည်း နှစ်ခြမ်း သုံးခြမ်းကွဲ၊ အလံနီလည်းကွဲ၊ ပြည်သူ့ရဲဘော် လည်း အဖြူ(ကွန်မြူနစ်)နှင့် အဝါ(ဆိုရှယ် လစ်)တို့ကွဲ၊ ဆိုရှယ်လစ်ပါတီလည်း ဆိုရှယ် နီနှင့် လက်ယာလက်ဝဲရောရာ ဆိုရှယ်လစ် တို့ကွဲသည်။ တစ်ကိုယ်တော် မြေပေါ်ကွန် မြူနစ်များကလည်း သီးခြားရှိနေခဲ့သည်။ လွတ်လပ်ရေးရလျှင် မိမိတို့သာလျှင် လွတ် လပ်သောမြန်မာနိုင်ငံ၏အစိုးရ၊ အကြီးအကဲ၊ ခေါင်းဆောင်၊ သမ္မတ၊ ဝန်ကြီးချုပ်ဖြစ်သင့် သည်ဟု ဝါဒနိုင်ငံရေးသမားကြီးတိုင်းလိုလို ၌ ရာထူးစွဲ၊ အာဏာစွဲ၊ ကပ်ငြိလာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ဖွဲ့စည်းသော ဖဆပလက ဗိုလ်ချုပ်မရှိတော့သည့်တိုင် ဗိုလ်ချုပ်အရှိန်ဖြင့် အာဏာရလာသောအခါ အာဏာမုဆိုးအားလုံး၏ ဘုံရန်သူဖြစ်သွား သည်။
ဒီမိုကရေစီနည်းကျ နိုင်ငံရေးလုပ်မည် ဆိုလျှင် ပြည်သူလူထုကြီးတစ်ခုလုံး၏ ဆန္ဒ သဘောထားသည် နိုင်ငံ၏အဆုံးအဖြတ်ဖြစ် ရပေသည်။
ပြည်သူတို့က နိုင်ငံရေးဘက် တွင် မလည်မဝယ်ရှိကြသောအခါ နိုင်ငံရေး သမားတို့သည် ဖဲသုံးချပ်လိမ်ရိုက်သကဲ့သို့ လူထုကိုလှည့်ဖြားသိမ်းသွင်းကာ မဲယူ၊ အာ ဏာသိမ်းသွားတတ်ကြသည်။ ပြိုင်ဘက် များလာသောအခါ ဖဆပလကလည်း ဗိုလ် ချုပ်မရှိတော့သည့်နောက်ပိုင်း သူတစ်လူ ငါတစ်မင်းဖြစ်လာသည်။ သန့်ရှင်းဖဆပလ၊ တည်မြဲဖဆပလဟူ၍ နှစ်ခြမ်းကွဲသည်။ ဦးနု ဦးဆောင်သော သန့်ရှင်းဖဆပလခေါ် ပြည်ထောင်စုအဖွဲ့ချုပ်ပါတီ (ပထစ) တွင် ဦး၊ဗိုလ်၊သခင်အုပ်စုသုံးစုကွဲသည်။ ထိုအချိန် တောခိုသောသူပုန်အဖွဲ့ သို့မဟုတ် မြေ အောက်တော်လှန်ရေးအမည်ခံ သောင်းကျန်း သူအဖွဲ့များ၊ ပြည်ပမှကျူးကျော်လာသည့် တရုတ်ဖြူ၊ KMT သောင်းကျန်းသူ၊ ဘင်္ဂါလီခိုးဝင်ကျူးကျော် မူဂျာဟိန်းသူပုန် အဖွဲ့တို့ မင်းမူလာကြသည်။
လွတ်လပ်လျှင် ပြည်သူတို့ပွပြီး ငြိမ်း ချမ်းပြီး၊ ကိုယ့်နိုင်ငံ၏ကြွယ်ဝလှသော ရေ ကောင်း၊ မြေကောင်း၊ သစ်တော၊လယ်ယာ၊ ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက် သယံဇာတ၊ ရေနံကြော၊ ပတ္တမြားကြော၊ ရွှေကြော၊ ငွေကြော၊ ကျောက်စိမ်းကြော တို့ဖြင့် ပွပြီဟဲ့ဆိုသော ပြည်သူတို့လက်ဝဲ လက်ယာ အကွဲပေါင်းတစ်ဒါဇင်ကျော်၏ အာဏာလု၊ ရာထူးလု၊ နယ်မြေလု၊ ဗိုလ်လု၊ ပြည်တွင်းစစ်ကြောင့်အသက်ကိုဖက်နှင့်ထုပ် နေခဲ့ရသည်။ ယနေ့ထိုပြည်တွင်းစစ်မီးကြီး ငြိမ်းပလားဆိုတော့ လုံးဝ(လုံးဝ)လုံးဝမငြိမ်း သေးပါ။
ပြည်သူတို့၏လွတ်လပ်ရေး ပြန်လည် ရရှိလျှင် တို့ငြိမ်းချမ်းတော့မည်။တို့နိုင်ငံချမ်း သြာ<ွကယ်ဝတော့မည်။ တို့ပြည်သူတွေ ည ဘက်ပူအိုက်ရင် အိမ်တံခါးအကုန်ဖွင့် အိပ် နိုင်တော့မည် စသော လွတ်လပ်ရေးမျှော် လင့်ချက်များကို လုယက်နင်းခြေဖျက်ဆီး ခဲ့သည်မှာ ဘယ်သူတွေဆိုသည်ကို မေးစရာ မလိုပေ။ အစိုးရဘက်က သောင်းကျန်းသူ တွေ အကြမ်းဖက်အဖွဲ့အစည်းတွေ ပြည်ပ ကသွေးထိုးပေး၊ငွေကြေးလက်နက်ထောက်ပံ့ ပေးတာယူပြီး ပြည်ထောင်စုကြီးကို ဖြိုခွဲနေ သူတွေ၊ သူပုန်သူကန်တွေ မြေအောက် အဖျက်သမားတွေဟု စွပ်စွဲလေ့ရှိသည်။ ထို လက်နက်ကိုင်များကမူ လွတ်လပ်ရေး၊ မျှတရေး၊ တန်းတူညီမျှဖြစ်ရေး၊ ပြည် ထောင်စုမှခွဲထွက်ရေးအတွက် တော်လှန်နေ သူများ၊ ဒီမိုကရေစီရေး ကြိုးပမ်းနေသူများ ဟု မိမိတို့ကိုယ်မိမိတို့ အမွမ်းတင်ကြသည်။ ပြည်သူများကမူ ပုန်ကန်သူများ၏အကြောင်း ပြချက်များကိုနားထောင်သည့်အခါ ''ဟုတ် တာပေါ့။ ဒီအစိုးရကလည်း''ဟု အစိုးရ အပေါ်ငြိုငြင်တတ်သည်။ တောခိုပုန်ကန်သူ များထောင်ထားသည့်မိုင်းနင်းမိ၍ သေကျေ ပျက်စီးရ၊ ဆက်ကြေးမပေးမနေရ၊ ခြိမ်း ခြောက်တောင်းခံရ၊ မထင်လျှင်မထင်သလို အစိုးရ တပ်သတင်းပေးဟုဆွဲသတ်ခံရ၊ ထို လက်နက်ကိုင်တောတွင်းအဖွဲ့များ ရန်ပုံငွေ အတွက် ဓားပြတိုက်၊ ဘိန်း၊ မူးယစ်ဆေးဝါး လုပ်ငန်းလုပ်၊ နိုင်ငံမှ သစ်၊ သတ္တု၊ ကျွဲ၊ နွား၊ ဗုဒ္ဓရုပ်ပွားတော်စသည့် ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်းများမှောင်ခိုထုတ် စီးပွား ရှာကြ၊ ပြည်ပသြဇာခံကြလုပ်နေသည်ကို မြင်သောအခါ ထိုလက်နက်ကိုင်များအပေါ် ငြိုငြင်ကြ၊ ပြစ်တင်ကြလုပ်ကြသည်။ပြည်သူတို့၏ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်း ချမ်းရေး၊ သာယာဝပြောရေးတို့ကို ဖျက်ဆီး သူများမှာဆူပူမှု၊ ပုန်ကန်မှုဖန်တီးသူများသာ ဖြစ်သည်။ ကိုယ့်အကြောင်းပြချက်ဖြင့် ကိုယ်တောခိုပုန်ကန်ကြသော်လည်း နှစ် ပေါင်း ၇ဝကြာမျှပုန်ကန်သည့်တိုင် အရာ မရောက်ခြင်းအပေါ် ပုန်ကန်သူများ ကိုယ့် ကိုယ်ကိုယ်ဝေဖန်သုံးသပ်သင့်သည်။ သင် ခန်းစာယူသင့်သည်။ နောင်တရသင့်သည်။ ပြည်သူမျက်နှာ၊ တိုင်းပြည်မျက်နှာထောက် သင့်ကြပေသည်။
ယနေ့မိမိတို့အရင်းရှင်နယ်ချဲ့ရှုထောင့် မှကြည့်လျှင် မိမိတို့လက်မခံနိုင်သော၊ မိမိ တို့သြဇာမခံ၊ မိမိတို့ချုပ်ကိုင်မှုမခံသော နိုင်ငံများမှ အစိုးရများကို မြေပေါ်၌ ထိရောက်စွာ ဆန့်ကျင်နိုင်သူ၊ မြေအောက် မှပုန်ကန်နှောင့်ယှက်သူများကို အမေရိကန် အစိုးရဘဏ္ဍာငွေမှာ ဥပဒေပြုလွှတ်တော် ခွင့်ပြုချက်၊