images
UN
UN
ယာဉ်အန္တရာယ်နှင့်မီးဘေးအန္တရာယ်များဖြစ်ပေါ်နိုင်သည့် မြို့အဝင်အမှိုက်ပုံအမြန်ဆုံးရွှေ့ပေးစေလို
ညောင်လေးပင်သား Thursday, 09 May 2019

ပဲခူးတိုင်းဒေသကြီး ညောင် လေးပင်မြို့တွင် လူနေအိမ်နှင့် လူဦးရေတိုးပွားလာသည်နှင့်အမျှ စွန့်ပစ်အမှိုက်များလည်းတစ်နေ့တခြား များပြားလာသဖြင့် အမှိုက်စွန့်ပစ် ရာနေရာမှာ စွန့်ပစ်အမှိုက်နှင့် စွန့်ပစ်သည့်နေရာ မျှတမှုမရှိဖြစ် ကာ ကားလမ်းမပေါ်အထိ အမှိုက် များရောက်ရှိနေ၍ ကျန်းမာရေး၊ ယာဉ်အန္တရာယ်နှင့် မီးဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင်သော ကြောင့် အဆိုပါအမှိုက်ပုံကို အမြန် ဆုံးရွှေ့ပေးရန် ဒေသခံများလိုလား နေကြသည်။
အဆိုပါအမှိုက်ပုံမှာ ညောင် လေးပင်မြို့အဝင်(ညောင်လေး ပင်-မဒေါက်-ရွှေကျင်) ကားလမ်း ဘေးတွင် တည်ရှိပြီး လူနေအိမ်၊ စာသင်တိုက်များနှင့်နီးခြင်း၊ လမ်း သွားလမ်းလာများနှင့် ပတ်ဝန်း ကျင်မှ အနံ့ဆိုးများရှူရှိုက်နေရ ခြင်း၊ ယာဉ်သွားလမ်းကျဉ်းမြောင်း စေပြီး ယာဉ်အန္တရာယ်ဖြစ်ပေါ် နိုင်ခြင်းနှင့် မီးဘေးအန္တရာယ် စိုး ရိမ်နေရခြင်းတို့ကြောင့် မြို့နှင့်ဝေး သည့်နေရာတွင် နေရာပြောင်းလဲ သတ်မှတ်၍ စနစ်တကျစွန့်ပစ်ရန် လိုအပ်နေကြောင်းဒေသခံပြည်သူ များ၏ပြောကြားချက်အရ သိရ သည်။
ယခုအခါ မြို့အဝင်ကားလမ်းမ ဘေးတွင် အမှိုက်ပုံမှာ တောင်ကြီး သဖွယ်ဖြစ်နေကာ လမ်းမပေါ် အထိပါ အမှိုက်များရောက်နေသော ကြောင့် မိုးရွာလျှင် အမှိုက်ပုံ၏အနံ့ အသက် ပိုမိုဆိုးရွားစွာထွက်ရှိကာ ခရီးသွားပြည်သူများ စိတ်အနှောင့် အယှက်ဖြစ်ရသည့်အပြင် အမှိုက်ပုံ ကြီးတည်ရှိရာ ကားလမ်းသည် ညောင်လေးပင်မြို့၏အထင်ကရ မဟာတိလောကသယမ္ဘူဘုရား ကြီး၊ တောရကြီး ပရိယတ္တိစာသင် တိုက်နှင့် ဘုန်းတော်ကြီးကျောင်း များ၊ ဓမ္မရိပ်သာများ၊ စေတီပုထိုး များတည်ရှိသော မြို့အရှေ့လမ်း ဖြစ်ကာ ယခုကဲ့သို့ အမှိုက်များ လမ်းမပေါ်ရောက်နေ၍ အနံ့ဆိုး များထွက်ရှိနေခြင်းသည် မြို့သန့် ရှင်းသာယာလှပရေးကို ထိခိုက်စေ သည့်အတွက် အမြန်ဆုံးနေရာ ရွှေ့ပေးရန်လိုအပ်လျက်ရှိကြောင်း သိရသည်။