images
UN
UN
ခန္တီးခရိုင်တွင် ဆဋ္ဌမတန်း(Grade-6)သင်ရိုးသစ်ဆွေးနွေးပွဲကျင်းပ
စနေမောင်(ခန္တီး) Saturday, 11 May 2019
၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် ဆဋ္ဌမတန်း(Grade-6)သင်ရိုးသစ် ခရိုင်အဆင့် ဆွေးနွေးပွဲကိုစစ်ကိုင်း တိုင်းဒေသကြီး ခန္တီးခရိုင် ခန္တီးမြို့ အထက ကျန်စစ်သားခန်းမတွင် ယနေ့နံနက်ကကျင်းပခဲ့ရာခရိုင်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးလှမျိုးက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်ပညာရေး မှူးဦးအောင်ကျော်မြင့်က ''သင် တန်းကာလအတွင်းမှာ မိမိအတွက် ရောကျောင်းသား၊ကျောင်းသူများ အတွက်ပါ အလေးထားသင်ယူစေ လိုကြောင်းနှင့်ယခုသင်တန်းမှ စိတ် ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စဉ်းစားတွေးခေါ်မှုများကို သင် တန်းကနေရယူပြီး ကျောင်းသား၊ ကျောင်းသူအချင်းချင်းပူးပေါင်း တီထွင်ကြံဆတတ်သည့် အလေ့ အကျင့်ကောင်းများရအောင်သင် ကြားပေးရန်နှင့်သင်တန်းကပို့ချခဲ့ တဲ့ပညာရပ်၊ တွေးခေါ်မှု၊ကျွမ်း ကျင်မှုတွေကိုမျိုးဆက်သစ်ကလေး များကို လက်ဆင့်ကမ်းအမွေပေး နိုင်အောင်ကြိုးစားသင်ယူစေလို ကြောင်း'' လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါဆဋ္ဌမတန်း (Grade-6) သင်ရိုးသစ်ဆွေးနွေးပွဲကို ယမန် နေ့မှ ယခုလ ၂၄ ရက်ထိ ခန္တီးခရိုင် အတွင်းရှိ ခန္တီး၊ လေရှီး၊ လဟယ် မြို့နယ်များမှဆရာ၊ ဆရာမ ၂၂၉ဦး တက်ရောက်ဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။