images
UN
UN
ခရိုင်အဆင့်သင်ရိုးသစ်သင်တန်းဆွေးနွေးပွဲ သန်လျင်၌ဖွင့်လှစ်
သက်ခိုင်(သန်လျင်) Saturday, 11 May 2019
ရန်ကုန်တောင်ပိုင်းခရိုင် ပညာ ရေးမှူးရုံးမှကြီးမှူးဖွင့်လှစ်သော ဆဋ္ဌမတန်းGrade 6 သင်ရိုးသစ် သင်တန်းဆွေးနွေးပွဲဖွင့်ပွဲကို ယမန် နေ့ နံနက် ၉ နာရီက သန်လျင်မြို့ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း ရတနာရှင်းသန့် ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသ ကြီး ပညာရေးမှူးရုံးညွှန်ကြားရေး မှူး(စီမံဘဏ္ဍာ) ဦးအောင်ကျော်ဦး က သင်တန်းဖွင့်အမှာစကားပြော ကြားပြီး တောင်ပိုင်းခရိုင်ပညာရေး မှူးဦးဘသန်းက သင်တန်းဖွင့်လှစ် ရသည့်ရည်ရွယ်ချက်အားရှင်းလင်း တင်ပြသည်။ ထို့နောက် သင်တန်း မှူး တောင်ပိုင်းခရိုင်ပညာရေးမှူး ရုံး လက်ထောက်ညွှန်ကြားရေးမှူး (စီမံဘဏ္ဍာ)ဒေါ်စုစုထွေးကသင်တန်း စည်းကမ်းများအား ဆွေးနွေးမှာ ကြားသည်။
အဆိုပါ ခရိုင်အဆင့် Grade 6 သင်ရိုးသစ်သင်တန်းဆွေးနွေးပွဲ သို့ မြို့နယ်များမှ သင်တန်းသား သင်တန်းသူ ဆရာဆရာမ ၁၄ဝ၅ ဦးတက်ရောက်ကြမည်ဖြစ်ပြီးသက် ဆိုင်ရာဘာသာရပ်အလိုက် သုံးနေ ရာခွဲ၍ ယနေ့မှ ယခုလ ၂၄ ရက် ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။