images
UN
UN
ရွှေရတုကျိုက်ပိတံတားအောက်ခံမျက်နှာပြင်ကြွတက်နေ၍ အမြန်ပြုပြင်ပေးရန်လိုလား
Saturday, 11 May 2019
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ညောင် တုန်းစုကျေးရွာမှ ကျိုက်ပိကျေး ရွာသို့ ဆက်သွယ်သော ရွှေရတု ကျိုက်ပိတံတားကို ၂ဝ၁၃ခုနှစ် မေ ၃ဝ ရက်က ဖွင့်လှစ်ခဲ့သော ကြောင့် ကျိုက်ပိကျေးရွာဘက် ခြမ်းရှိ ကျိုက်ပိ၊ ကျော်ဇံ၊ သစ် တိုထိပ်၊ ပရဲအုန်းပင်စုအပါအဝင် ကျေးရွာပေါင်း ၃ဝကျော်တို့မှ ဒေသခံပြည်သူများမှာ မော်လ မြိုင်ကျွန်း- ကျိုက်ပိ-မအူပင် အဝေးပြေးလမ်းမကြီးသို့ တိုက် ရိုက်ချိတ်ဆက်သွားလာနိုင်သဖြင့် လမ်းပန်းဆက်သွယ်ရေးအဆင် ပြေပြီး ဒေသဖွံ့ဖြိုးတိုးတက်လျက် ရှိကြသည်။
ယခုအခါ ရွှေရတုကျိုက်ပိ တံတားဖွင့်လှစ်ခဲ့သည်မှာ ခြောက် နှစ်ခန့်ရှိပြီဖြစ်ရာ တံတားအောက် ကြမ်းပြင်နေရာအတော်များများ တွင် အောက်ခံမျက်နှာပြင်ကြွ တက်လျက် ပျက်စီးစပြုလာပြီဖြစ် ပြီး ယာဉ်အသွားအလာများသော ရွှေရတုကျိုက်ပိတံတားမှာယာဉ် သွားလမ်းကျဉ်းပြီး တံတား အောက်ခံကြမ်းပြင်ကြွတက်မှုများ ကြောင့် ယာဉ်အန္တရာယ်ဖြစ်ပေါ် လာနိုင်ပါ၍ သက်ဆိုင်ရာတာဝန် ရှိသူတို့က အမြန်ဆုံးပြုပြင်ပေး ပါရန် ယာဉ်ဖြတ်သန်းသောကျေး ရွာများမှ ဒေသခံပြည်သူများက လိုလားနေကြကြောင်း သိရ သည်။ ဒေသခံများ