images
UN
UN
ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ အပျော်စီးရေယာဉ်ဖြင့် လာရောက်လည်ပတ်လျက်ရှိ
အေးချမ်းပိုပို Saturday, 11 May 2019
ကမ္ဘာလှည့်ခရီးသွားဧည့်သည် များသည် ကိုယ်ပိုင်မော်တော် ယာဉ်များဖြင့်လည်းကောင်း၊ ပြည် တွင်းရှိ အပျော်စီးသင်္ဘောများဖြင့် လည်းကောင်း လာရောက်လည် ပတ်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ယနေ့သတင်းထုတ်ပြန် ချက်အရ သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုGolden Myanmar Butterfly Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့်ဘယ်လ်ဂျီယံ နိုင်ငံသားဧည့်သည်နှစ်ဦးသည် ယခုနှစ်ဧပြီ၆ရက်မှ ၁၄ရက်အထိ မြန်မာရွှေလိပ်ပြာ(၃)အပျော်စီး ရေယာဉ်ဖြင့် မန္တလေး-ဗန်းမော်-ရွှေဂူ- မိုးတား - ကသာ - တ ကောင်း-ကျောက်မြောင်း-စိန်ပန်း ကုန်း-မင်းကွန်း-အင်းဝ-စစ် ကိုင်း-ရန္တပို-ပခုက္ကူ-ပုဂံ-ရန်ကုန် ခရီးစဉ်များသို့လည်းကောင်း၊ ပြင်သစ်နိုင်ငံသားဧည့်သည်နှစ်ဦး သည် ယခုနှစ် ဧပြီ ၁၆ရက်မှ၂၁ ရက်အထိ မြန်မာရွှေလိပ်ပြာ(၃) အပျော်စီးရေယာဉ်ဖြင့် မန္တလေး- စစ်ကိုင်း-အင်းဝ-စိန်ပန်းကုန်း-ကျောက်မြောင်း-တကောင်း-ကသာ-ဗန်းမော်-မန္တလေး ခရီးစဉ် များသို့ လည်ပတ်၍ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်ပသို့ ပြန်လည်ထွက်ခွာသွား ကြကြောင်း သိရသည်။
ပွင့်လင်းရာသီဖြစ်သည်နှင့်အညီ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ သည် ဧရာဝတီမြစ်ကြောင်းတစ် လျှောက်ရှိ ကျေးရွာများနှင့် ဒုတိယ မြစ်ကျဉ်းသဘာဝအလှအပရှုခင်း များ၊ ရေလုပ်သားတို့၏ လူနေမှု ဓလေ့စရိုက်နေထိုင်မှုပုံစံများ၊ ဆင် စခန်း၊ ရိုးရာအိုးလုပ်ငန်းနှင့် ညနေ နေဝင်ဆည်းဆာအလှအပများအား ခံစားသိရှိလို၍ဧရာဝတီမြစ်ကြောင်း၊ ချင်းတွင်းမြစ်ကြောင်း စသည့်ခရီး စဉ်များကို ပိုမိုတိုးတက်လည်ပတ် လျက်ရှိကြောင်း သိရသည်။