images
UN
UN
ပုလဲမြို့ ဒေသခံပြည်သူများ ပုဒ်မ၅၉(စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ဥပဒေနှင့်အညီပြင်ဆင်ရေး ဆန္ဒထုတ်ဖော်
မောင်မောင်ဝင်း Saturday, 11 May 2019
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်၌ ယနေ့နံနက် ၈ နာရီတွင် ဒေသခံပြည်သူများက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ခုနှစ်)ပါ ပုဒ်မ ၅၉(စ)ကို ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ကို ဥပဒေနှင့်အညီအမြန်ပြင်ဆင်ရေးအတွက်စီတန်းလှည့်လည်ပြီး ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။ အဆိုပါဆန္ဒထုတ် ဖော်ပွဲတွင် ပုလဲမြို့ဆောက်လုပ်ရေးရုံးရှေ့မှ စတင်ချီတက်ခဲ့ပြီး အိမ်တွင်းမှုသင်တန်း ကျောင်းရှေ့ထိ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် တက်ရောက်လာ သော ပြည်သူများက နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေ(၂ဝဝ၈ခုနှစ်)ပြင်ဆင်ရေးကို ဥပဒေနှင့်အညီပြင်ဆင်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁ ကို ဥပဒေနှင့် အညီအမြန်ပြင်ဆင်ရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉(စ)ကို ကာကွယ်စောင့် ရှောက်ရေး စသည့်ကြွေးကြော်သံများ ဖြင့်ချီတက်ခဲ့ကြပြီး စုစုပေါင်းအင်အား တစ်ထောင်ခန့် တက်ရောက်ကာ နံနက် ၉ နာရီ ၁၅မိနစ်တွင် ငြိမ်းချမ်းစွာပြီးဆုံး ခဲ့ကြောင်း သိရသည်။