images
UN
UN
ပြည်ခိုင်ဖြိုးပါတီသောက်သုံးရေလှူဒါန်း
မောင်မောင်မြင့်(ချောင်းဦး)ှ Saturday, 11 May 2019
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမနွယ်ခွေကျေးရွာအုပ်စု တလိုင်းကျကျေးရွာတွင် ယနေ့မွန်းတည့် ၁၂ နာရီက မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်တိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသောင်းထိုက်၊ အတွင်းရေးမှူး ဦးမျိုးမြင့်ဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ ဒုဦးစီးမှူးတပ်ခွဲမှူး တင်အောင်မိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များလိုက်ပါ၍ ကျေးရွာနေပြည်သူအချို့ သောက်သုံးရေအခက်အခဲ များနှင့်ကြုံတွေ့နေရသည့် တလိုင်းကျကျေးရွာ အိမ်ခြေ ၅၁အိမ်၊ အိမ်ထောင်စု ၆ဝ၊ လူဦးရေ ၂၅ဝအတွက် အဆိုပါ ကျေးရွာသို့သွားရောက်ပြီး အိမ်တိုင်ရာရောက်သောက်သုံးရေများကို ရေသယ်ယာဉ်နှစ်စီးဖြင့် ဂါလန် ၁၈ဝဝ သွားရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။