images
UN
UN
ချင်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီအစည်းအဝေးကျင်းပ
ထက်မြက်အောင် Saturday, 11 May 2019
ချင်းပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီ ကော် မတီအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းကကျင်းပရာ ပြည်ခိုင် ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ချင်းပြည်နယ်တာဝန်ခံ ဦးအောင် တင်မြင့်၊ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ မှုထန်နှင့် ပါတီဗဟိုကော်မတီဝင် များ၊ ပြည်နယ်ပါတီကော်မတီဝင် များ၊ခရိုင်/မြို့နယ်ပါတီဥက္ကဋ္ဌ၊အတွင်းရေးမှူး များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပါတီဗဟိုအလုပ် အမှုဆောင်ချင်းပြည်နယ်တာဝန်ခံဦးအောင် တင်မြင့်နှင့်ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာမှုထန်က လမ်းညွှန်မှာကြားခြင်း၊ပြည်နယ်အတွင်းရေး မှူးဦးကျုံးဘိခ်ကလိုအပ်ချက်များ၊ရှေ့ဆက် လုပ်ဆောင်ရမည့်အခြေအနေများရှင်းလင်း ခြင်း၊ စည်းရုံးရေးနှင့်စီမံရေးရာ တာဝန်ခံ ဦးကီလ်ထန်းက ရှင်းလင်းခြင်း၊ လူငယ် ရေးရာတာဝန်ခံဦးလာန်ဂိုပေါင်ကရှင်းလင်း ခြင်း၊လူငယ်လှုပ်ရှားမှုအဖွဲ့ပြည်နယ်တာဝန် ခံဆလိုင်းရဲသီဟကရှင်းလင်းခြင်း၊ပြည်နယ် အမျိုးသမီးတာဝန်ခံ ဒေါ်ဗန်အီယန်ကြွယ် ကရှင်းလင်းခြင်းတို့ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ပါတီအောင်နိုင်ရေးကိစ္စ ရပ်များနှင့်ပတ်သက်ပြီး ပါတီဗဟိုကော်မ တီဝင်များ၊ ပြည်နယ်ကော်မတီဝင်များက အကြံပြုဆွေးနွေးတင်ပြကြပြီးနောက် ခရိုင် နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများက မြို့နယ် အတွင်း ရှေ့ဆက်ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး အကျယ် တဝင့်ဆွေးနွေးကာ လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။