images
UN
UN
ရန်ကင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် နိုင်ငံရေးစကားဝိုင်းကျင်းပ
ချစ်မိုး Saturday, 11 May 2019
ရန်ကင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် အထက် အဆင့်ဆင့်၏လမ်းညွှန်မှုနှင့်အညီ ယနေ့ နံနက် ၉နာရီမှ ၁၁ နာရီအထိ ရပ်ကွက် ပါတီဆိုင်းဘုတ်ပြန်လည် စိုက်ထူခြင်းနှင့် လူငယ်အမျိုးသမီးနိုင်ငံရေး စကားဝိုင်းကို 'လူငယ်နှင့်ယနေ့ နိုင်ငံရေးအသွင်အပြင်' ခေါင်းစဉ်ဖြင့်ကျင်းပခဲ့ရာ အရှေ့ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးစိန်မြင့်၊ အရှေ့ပိုင်းခရိုင် ကော်မ တီဝင် ဒေါ်ယဉ်ချောလှိုင်(ရန်ကင်းမြို့နယ် တာဝန်ခံ)၊ ရန်ကင်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဘချစ်နှင့် မြို့နယ်ပါတီကော်မတီဝင် များ၊ ရပ်ကွက်ပါတီကော်မတီဝင်များ၊ လူငယ်အမျိုးသမီးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖ များဖြစ်ကြသောဦးဆန်းလွင်၊ဦးကျော်မင်း၊ ဦးအောင်ကျော် စုစုပေါင်းအင်အား ၃၅ ဦး တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရပ်ကွက် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်အား ပြန်လည်စိုက်ထူခဲ့ရာ အရှေ့ပိုင်းခရိုင်ပါတီ ဥက္ကဋ္ဌဦးစိန်မြင့်က အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ တက်ရောက်လာသူ များက ၂ဝ၂ဝ ပြည်ခိုင်ဖြိုးပါတီအောင်နိုင် ရမည်ဟု ဆုတောင်းမေတ္တာပို့သပြီး အမွှေး နံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ဆက်လက်ပြီး လူငယ်အမျိုးသမီး နိုင်ငံရေးစကားဝိုင်းကို အမှတ်(၈)ရပ်ကွက် သာသနာ့ဂုဏ်ဆောင်ဓမ္မာရုံ၌ ကျင်းပခဲ့ရာ လူငယ်နှင့်ယနေ့နိုင်ငံရေးအသွင်အပြင် ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ အရှေ့ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် ရန်ကင်းမြို့နယ် လူငယ်တာဝန်ခံဒေါ်သဲအိန္ဒြာကျော်ဝင်းတို့ က ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရ သည်။