images
UN
UN
ရပ်ကွက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့်အခမဲ့ကွင်းဆင်းကုသပေးလျက်ရှိ
နေမျိုးထွန်း(ရွှေပြည်သာ) Saturday, 11 May 2019
ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာ မြို့နယ် တိုင်းရင်းဆေးကုသရေးဦးစီးဌာန မှရပ်ကွက်နေပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်၍ တိုင်း ရင်းဆေးဖြင့် အခမဲ့ကုသပေးခြင်းကို ယနေ့ နံနက်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၆) ရပ်ကွက်၌ ကွင်းဆင်းကုသဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဆေးကုသပေးနေမှုအား မြို့နယ်အုပ် ချုပ်ရေးမှူး ဦးမိုးကျော်အောင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။