images
UN
UN
ချမ်းအေးသာစံမြို့ နယ်ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အတွင်းရှိ ဘေးမဲ့ကျောင်းတိုက်တွင်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်
သုတ(မန္တလေး) Saturday, 11 May 2019
ချမ်းအေးသာစံမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ မြို့နယ်အတွင်းရှိ ၈၉လမ်းနှင့်၃၃ လမ်းထောင့် ဘေးမဲ့ကျောင်းတိုက် တွင် ယနေ့ နံနက် ၇နာရီက တိုက် အုပ် ဆရာတော်ဘဒ္ဒန္တသောဘိတ ၏အကူအညီတောင်းခံမှုအရကျောင်း တိုက်အတွင်းသန့်ရှင်းရေးလုပ်အား ဒါနအဖြစ် ဆောင်ရွက်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ်ပြည်ခိုင် ဖြိုးပါတီဝင်များသည်ကျောင်းတိုက် အတွင်းရှိအမှိုက်ပုံအား ရှင်းလင်း ပေးခြင်း၊ ကုဋီများဆေးကြောသန့် ရှင်းပေးခြင်း၊ အမှိုက်ကောက်၊ တံမြက်စည်းလှဲခြင်း စသည်တို့ကို သန့်ရှင်းရေး လုပ်အားဒါနပြုဆောင် ရွက်ခဲ့ကြကြောင်းနှင့်မြို့နယ်ပြည်ခိုင် ဖြိုးပါတီအနေဖြင့် သန့်ရှင်းရေးလုပ် အား ဒါနဆောင်ရွက်ရာတွင် အမျိုး သမီးနှင့်လူငယ်ကဏ္ဍလှုပ်ရှားမှုအနေ ဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ပါတီအနေနဲ့ဘာ သာသာသနာအကျိုး၊ပြည်သူလူထု အကျိုးအတွက်ဆိုရင် ရှေ့ဆုံးကနေ အတတ်နိုင်ဆုံး သယ်ပိုးထမ်းရွက် သွားဖို့ အသင့်ရှိပါတယ်။ အခု လည်း တိုက်အုပ်ဆရာတော်ကြီးက နေ အကူအညီတောင်းလို့ဒီကျောင်း တိုက်ထဲမှာသန့်ရှင်းရေးလုပ်အားဒါန ဆောင်ရွက်ခဲ့တာပါ''ဟု ချမ်းအေး သာစံမြို့နယ် ပါတီဥက္ကဋ္ဌဦးကျော် ကျော်ဌေးက ပြောကြားခဲ့သည်။
ထိုသို့သန့်ရှင်းရေးဆောင်ရွက် ရာသို့ မန္တလေးခရိုင်ပါတီအတွင်း ရေးမှူးဒေါ်ဝါဝါလှိုင်၊ခရိုင်ပါတီကော် မတီဝင်ဦးသောင်းညွန့်၊ ချမ်းအေး သာစံမြို့နယ် ပါတီဥက္ကဋ္ဌဦးကျော် ကျော်ဌေး၊မြို့နယ်ပါတီအတွင်းရေး မှူးဦးသန်းထွန်း၊မြို့နယ်ပါတီကော် မတီဝင်များ၊ရပ်ကွက်ပါတီဥက္ကဋ္ဌများ နှင့်ပါတီဝင်များအပါအဝင်စုစုပေါင်း အင်အား ၆ဝ ခန့် လုပ်အားဒါနပြု ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။